Apple ကုမၸဏီ၏ စီအီးအိုအသစ္ ဂြၽန္တာနပ္စ္

Apple ကုမၸဏီ၏ စီအီးအိုအသစ္ ဂြၽန္တာနပ္စ္
==================
Apple ကုမၸဏီ၏ စီအီးအိုအသစ္အျဖစ္ ဂြၽန္တာနပ္စ္က စက္တင္ဘာ ၁ ရက္တြင္ စတင္တာဝန္ယူလိုက္ၿပီျဖစ္ၿပီး Apple ကုမၸဏီကို ၁၅ ႏွစ္နီးပါး ဦးေဆာင္ခဲ့သည့္ တင္မ္ကြတ္ခ္၏ ေနရာကို ဆက္ခံသူျဖစ္လာခဲ့ပါတယ္။
ယခင္က Apple ကုမၸဏီ၏ hardware အင္ဂ်င္နီယာပိုင္းဆိုင္ရာ ဒုတိယဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ တာနပ္စ္သည္ ဧၿပီလက Apple ၏ ေခါင္းေဆာင္မႈ အေျပာင္းအလဲ အစီအစဥ္ ထုတ္ျပန္ခ်က္အရ ယခုအခါ Apple ကုမၸဏီ၏ ရွစ္ဦးေျမာက္ စီအီးအို ျဖစ္လာခဲ့ပါတယ္။
တင္မ္ကြတ္ခ္ ဟာ Apple ကုမၸဏီ၏ ဒါ႐ိုက္တာဘုတ္အဖြဲ႕ အမႈေဆာင္ဥကၠ႒ ရာထူးသို႔ ေျပာင္းေ႐ႊ႕ တာဝန္ယူခဲ့ပါတယ္။
၂၀၀၁ ခုႏွစ္တြင္ Apple ကုမၸဏီသို႔ စတင္ဝင္ေရာက္ခဲ့တဲ့ တာနပ္စ္ဟာ iPhone, iPad ႏွင့္ Mac အပါအဝင္ ကုမၸဏီ၏ အဓိက ထုတ္ကုန္မ်ားစြာ တီထြင္ဖန္တီးမႈအပိုင္း၌ အေရးပါေသာ အခန္းက႑မွ ပါဝင္ခဲ့သူျဖစ္ပါတယ္။
Apple ကုမၸဏီအေနျဖင့္ နည္းပညာ ၿပိဳင္ဘက္မ်ားထံမွ ပိုမိုႀကီးမားေသာ ယွဥ္ၿပိဳင္မႈမ်ားႏွင့္ ရင္ဆိုင္ေနရသည့္ AI နည္းပညာ က႑တြင္ ရပ္တည္ခ်က္ ပိုမိုခိုင္မာလာေစရန္ ႀကိဳးပမ္းေနခ်ိန္၌ ယခုကဲ့သို ရာထူးတိုးျမႇင့္မႈ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။
Apple ကုမ္ပဏီ၏ စီအီးအိုအသစ် ဂျွန်တာနပ်စ်
==================
Apple ကုမ္ပဏီ၏ စီအီးအိုအသစ်အဖြစ် ဂျွန်တာနပ်စ်က စက်တင်ဘာ ၁ ရက်တွင် စတင်တာဝန်ယူလိုက်ပြီဖြစ်ပြီး Apple ကုမ္ပဏီကို ၁၅ နှစ်နီးပါး ဦးဆောင်ခဲ့သည့် တင်မ်ကွတ်ခ်၏ နေရာကို ဆက်ခံသူဖြစ်လာခဲ့ပါတယ်။
ယခင်က Apple ကုမ္ပဏီ၏ hardware အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တာနပ်စ်သည် ဧပြီလက Apple ၏ ခေါင်းဆောင်မှု အပြောင်းအလဲ အစီအစဉ် ထုတ်ပြန်ချက်အရ ယခုအခါ Apple ကုမ္ပဏီ၏ ရှစ်ဦးမြောက် စီအီးအို ဖြစ်လာခဲ့ပါတယ်။
တင်မ်ကွတ်ခ် ဟာ Apple ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ အမှုဆောင်ဥက္ကဋ္ဌ ရာထူးသို့ ပြောင်းရွှေ့ တာဝန်ယူခဲ့ပါတယ်။
၂၀၀၁ ခုနှစ်တွင် Apple ကုမ္ပဏီသို့ စတင်ဝင်ရောက်ခဲ့တဲ့ တာနပ်စ်ဟာ iPhone, iPad နှင့် Mac အပါအဝင် ကုမ္ပဏီ၏ အဓိက ထုတ်ကုန်များစွာ တီထွင်ဖန်တီးမှုအပိုင်း၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပါတယ်။
Apple ကုမ္ပဏီအနေဖြင့် နည်းပညာ ပြိုင်ဘက်များထံမှ ပိုမိုကြီးမားသော ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရသည့် AI နည်းပညာ ကဏ္ဍတွင် ရပ်တည်ချက် ပိုမိုခိုင်မာလာစေရန် ကြိုးပမ်းနေချိန်၌ ယခုကဲ့သို ရာထူးတိုးမြှင့်မှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။




