အန္ဇိုဖာနန္ဒက္ဇ္နဲ႔ အန္ဒီယားယီတို႔ကို မန္စီးတီးအသင္းက ေခၚယူ

အန္ဇိုဖာနန္ဒက္ဇ္နဲ႔ အန္ဒီယားယီတို႔ကို မန္စီးတီးအသင္းက ေခၚယူ
======================
မန္စီးတီးအသင္းဟာ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ခ်ယ္လ္ဆီးအသင္းက အာဂ်င္တီးနားကြင္းလယ္လူ အန္ဇိုဖာနန္ဒက္ဇ္နဲ႔ အဲဗာတန္အသင္းက ဆီနီေဂါေတာင္ပံကစားသမား အန္ဒီယားယီတို႔ကို ေခၚယူၿပီး ထပ္မံအားျဖည့္ခဲ့ပါတယ္။

မန္စီးတီးအေနနဲ႔ ဖာနန္ဒက္စ္အတြက္ ေပးရတဲ့ ေပါင္ ၁၂၅ သန္းဟာ ၿဗိတိန္စံခ်ိန္တင္ေၾကး ပူးတြဲမွတ္တမ္းဝင္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ နယူးကာဆယ္တိုက္စစ္မႉး အီဆက္ခ္ကို လီဗာပူးလ္အသင္း ေခၚယူခ်ိန္က ေပါင္ ၁၂၅ သန္းနဲ႔ စံခ်ိန္တင္ထားခဲ့တာျဖစ္တယ္။

မန္စီးတီးအသင္းဟာ အန္ဒီယားယီအတြက္ ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၆၀ ေပးေခ်ရၿပီး Add-ons ေၾကးက ေပါင္ ငါးသန္းရွိပါတယ္။.

ကစားသမား ႏွစ္ဦးစလုံးကို မန္စီးတီးအသင္းက ငါးႏွစ္သက္တမ္းရွိစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ယခုေႏြရာသီ အသုံးစရိတ္ ေပါင္ ၄၅၈ သန္း ရွိလာၿပီး ပရီးမီးယားလိဂ္ စံခ်ိန္တင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီက လီဗာပူးလ္အသင္း တင္ရွိထားေသာ ေပါင္ ၄၁၅ သန္းကို ေက်ာ္ျဖတ္ခဲ့တာျဖစ္ပါတယ္။


အန်ဇိုဖာနန်ဒက်ဇ်နဲ့ အန်ဒီယားယီတို့ကို မန်စီးတီးအသင်းက ခေါ်ယူ
======================
မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ချယ်လ်ဆီးအသင်းက အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်နဲ့ အဲဗာတန်အသင်းက ဆီနီဂေါတောင်ပံကစားသမား အန်ဒီယားယီတို့ကို ခေါ်ယူပြီး ထပ်မံအားဖြည့်ခဲ့ပါတယ်။

မန်စီးတီးအနေနဲ့ ဖာနန်ဒက်စ်အတွက် ပေးရတဲ့ ပေါင် ၁၂၅ သန်းဟာ ဗြိတိန်စံချိန်တင်ကြေး ပူးတွဲမှတ်တမ်းဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီမှာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို လီဗာပူးလ်အသင်း ခေါ်ယူချိန်က ပေါင် ၁၂၅ သန်းနဲ့ စံချိန်တင်ထားခဲ့တာဖြစ်တယ်။

မန်စီးတီးအသင်းဟာ အန်ဒီယားယီအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ပေးချေရပြီး Add-ons ကြေးက ပေါင် ငါးသန်းရှိပါတယ်။.

ကစားသမား နှစ်ဦးစလုံးကို မန်စီးတီးအသင်းက ငါးနှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ယခုနွေရာသီ အသုံးစရိတ် ပေါင် ၄၅၈ သန်း ရှိလာပြီး ပရီးမီးယားလိဂ် စံချိန်တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်နွေရာသီက လီဗာပူးလ်အသင်း တင်ရှိထားသော ပေါင် ၄၁၅ သန်းကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။