ရပ္ေစာက္ၿမိဳ႕နယ္ ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ထူးခြၽန္သူမ်ားအား ဆုခ်ီးျမႇင့္ျခင္းအခမ္းအနားက်င္းပမႈ





ရပ္ေစာက္ၿမိဳ႕နယ္ ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ထူးခြၽန္သူမ်ားအား ဆုခ်ီးျမႇင့္ျခင္းအခမ္းအနားက်င္းပမႈ
============================
ရွမ္းျပည္နယ္၊ ေတာင္ႀကီးခ႐ိုင္၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ က်င္းပျပဳလုပ္ေသာ (၂၀၂၅-၂၀၂၆) ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ၿမိဳ႕နယ္အတြင္းရွိ ဂုဏ္ထူးျဖင့္ ေအာင္ျမင္ခဲ့ေသာ ေက်ာင္းသူေက်ာင္းသားမ်ားႏွင့္ ဂုဏ္ထူးရရွိေအာင္ သင္ၾကားေပးခဲ့ၾကေသာ ဆရာ/ဆရာမမ်ားအား ဆုခ်ီးျမင့္ျခင္းအခမ္းအနားကို ၂၄.၈.၂၀၂၆ ရက္ေန႔ (တနလၤာေန႔) နံနက္(၁၀:၀၀)နာရီခ်ိန္ ရပ္ေစာက္ၿမိဳ႕၊ ရႆဝတီခန္းမ၌ က်င္းပျပဳလုပ္ခဲ့ရာ အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးစိုင္းထိန္စိုး၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ ဦးစိုင္းလုံေက်ာ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ျပည္နယ္တိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီးမ်ား၊ ရပ္ေစာက္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာပြင့္ဆန္း၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္၊ ရပ္ေစာက္ၿမိဳ႕နယ္ကိုယ္စားလွယ္အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ၫြန႔္၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ ရပ္ေစာက္ၿမိဳနယ္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ႏွင့္ အဖြဲ႕ဝင္/တာဝန္ရွိသူမ်ား၊ ဂုဏ္ထူးရေက်ာင္းသူေက်ာင္းသားမ်ား၊ သင္ၾကားေရး ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား မိဘမ်ားဖိတ္ၾကားထားသူမ်ား၊ စုစုေပါင္း ၅၀၀ ဦးခန္႔ တက္ေရာက္ခဲ့ၾကပါသည္။
အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌႏွင့္ တက္ေရာက္လာၾကသူမ်ားက ႏိုင္ငံေတာ္အလံအား အေလးျပဳျခင္းႏွင့္ ႏိုင္ငံေတာ္သီခ်င္းသီဆိုျခင္း၊ေက်ာင္းသူေက်ာင္းသားမ်ားက “ဇာတိမာန္”သီခ်င္းျဖင့္ သီဆိုေဖ်ာ္ေျဖျခင္း၊ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးစိုင္းထိန္စိုးက အဖြင့္အမွာစကားေျပာၾကားၿပီး (၅)ဘာသာဂုဏ္ထူးရရွိေသာ ေက်ာင္းသားေက်ာင္းသူမ်ားအားလည္းေကာင္း၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ ဦးစိုင္းလုံေက်ာ္က (၄)ဘာသာဂုဏ္ထူးရရွိေသာ ေက်ာင္းသားေက်ာင္းသူမ်ားအားလည္းေကာင္း၊ ရပ္ေစာက္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာပြင့္ဆန္းက (၄)ဘာသာဂုဏ္ထူးရရွိေသာ ေက်ာင္းသားေက်ာင္းသူမ်ားအားလည္းေကာင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားက (၃)ဘာသာဂုဏ္ထူးရရွိေသာ ေက်ာင္းသားေက်ာင္းသူမ်ားအားလည္းေကာင္း၊ ရပ္ေစာက္ၿမိဳနယ္ကိုယ္စားလွယ္အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ၫြန႔္က (၂)ဘာသာဂုဏ္ထူးရရွိေသာ ေက်ာင္းသားေက်ာင္းသူမ်ားအားလည္းေကာင္း၊ ရပ္ေစာက္ၿမိဳနယ္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးေမာင္ေမာင္လြင္က (၂)ဘာသာဂုဏ္ထူးရရွိေသာ ေက်ာင္းသားေက်ာင္းသူမ်ားအားလည္းေကာင္း၊ ရပ္ေစာက္ၿမိဳနယ္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အဖြဲ႕ဝင္မ်ားက (၁)ဘာသာဂုဏ္ထူးရရွိေသာ ေက်ာင္းသားေက်ာင္းသူမ်ားအားလည္းေကာင္း ဂုဏ္ျပဳဆုႏွင့္ ေငြသားဆုမ်ားအား အသီးသီးေပးအပ္ခ်ီးျမင့္ျခင္း၊ ဘာသာရပ္အလိုက္ ဂုဏ္ထူးရရွိေအာင္ သင္ၾကားေပးခဲ့ၾကေသာ ဆရာ/ဆရာမမ်ားအား ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ ဦးစိုင္းလုံေက်ာ္ႏွင့္ တက္ေရာက္လာၾကေသာ ရပ္ေစာက္ၿမိဳနယ္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အဖြဲ႕ဝင္မ်ားက ဂုဏ္ျပဳဆုလက္ေဆာင္မ်ား အသီးသီးေပးအပ္ခ်ီးျမင့္ျခင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ႏိုင္ငံေတာ္အဆင့္ လူရည္ခြၽန္ထူးခြၽန္ဆုခ်ီးျမႇင့္ျခင္း၊ ဂုဏ္ထူးျဖင့္ ေအာင္ျမင္ခဲ့ေသာ ေက်ာင္းသူေက်ာင္းသားမ်ားကိုယ္စား ေက်ာင္းသူတစ္ဦးမွလည္းေကာင္း၊ ဂုဏ္ထူးရရွိေအာင္ သင္ၾကားေပးေသာ ဆရာ/ဆရာမမ်ားကိုယ္စား ဆရာမတစ္ဦးမွလည္းေကာင္း ေက်းဇူးတင္စကားေျပာၾကားခဲ့ၿပီး ေက်ာင္းသူေက်ာင္းသားမ်ားက “ရာသက္ပန္ျပည္ ေထာင္စု”သီခ်င္းျဖင့္ သီဆိုေဖ်ာ္ေျဖခဲ့ရာ (၁၂:၀၀)နာရီအခ်ိန္တြင္ အခမ္းအနား ၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါအခမ္းအနားတြင္ ရပ္ေစာက္ၿမိဳနယ္၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ (၂၀၂၅-၂၀၂၆) ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ၿမိဳ႕နယ္အတြင္းရွိ ဂုဏ္ထူးျဖင့္ ေအာင္ျမင္ခဲ့ေသာ ေက်ာင္းသူေက်ာင္းသား(၉၇)ဦးႏွင့္ ဂုဏ္ထူးရရွိေအာင္ သင္ၾကားေပးခဲ့ၾကေသာ ဆရာ/ဆရာမ(၆၆)ဦးတို႔အား ဂုဏ္ျပဳဆု၊ ခ်ီးျမႇင့္ေငြႏွင့္ ဂုဏ္ျပဳဆုလက္ေဆာင္ခ်ီးျမႇင့္ျခင္းအတြက္ ေငြက်ပ္(၁၂၅)သိန္းခန႔္ ေပးအပ္ခဲ့ေၾကာင္း သိရွိရပါသည္။
ရပ်စောက်မြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပမှု
============================
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော (၂၀၂၅-၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသူကျောင်းသားများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသော ဆရာ/ဆရာမများအား ဆုချီးမြင့်ခြင်းအခမ်းအနားကို ၂၄.၈.၂၀၂၆ ရက်နေ့ (တနင်္လာနေ့) နံနက်(၁၀:၀၀)နာရီချိန် ရပ်စောက်မြို့၊ ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ရပ်စောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ရပ်စောက်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်စောက်မြိုနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်/တာဝန်ရှိသူများ၊ ဂုဏ်ထူးရကျောင်းသူကျောင်းသားများ၊ သင်ကြားရေး ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများဖိတ်ကြားထားသူများ၊ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်း၊ကျောင်းသူကျောင်းသားများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားပြီး (၅)ဘာသာဂုဏ်ထူးရရှိသော ကျောင်းသားကျောင်းသူများအားလည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံကျော်က (၄)ဘာသာဂုဏ်ထူးရရှိသော ကျောင်းသားကျောင်းသူများအားလည်းကောင်း၊ ရပ်စောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်းက (၄)ဘာသာဂုဏ်ထူးရရှိသော ကျောင်းသားကျောင်းသူများအားလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၃)ဘာသာဂုဏ်ထူးရရှိသော ကျောင်းသားကျောင်းသူများအားလည်းကောင်း၊ ရပ်စောက်မြိုနယ်ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်က (၂)ဘာသာဂုဏ်ထူးရရှိသော ကျောင်းသားကျောင်းသူများအားလည်းကောင်း၊ ရပ်စောက်မြိုနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က (၂)ဘာသာဂုဏ်ထူးရရှိသော ကျောင်းသားကျောင်းသူများအားလည်းကောင်း၊ ရပ်စောက်မြိုနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဖွဲ့ဝင်များက (၁)ဘာသာဂုဏ်ထူးရရှိသော ကျောင်းသားကျောင်းသူများအားလည်းကောင်း ဂုဏ်ပြုဆုနှင့် ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြင့်ခြင်း၊ ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသော ဆရာ/ဆရာမများအား ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံကျော်နှင့် တက်ရောက်လာကြသော ရပ်စောက်မြိုနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဖွဲ့ဝင်များက ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြင့်ခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် လူရည်ချွန်ထူးချွန်ဆုချီးမြှင့်ခြင်း၊ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသူကျောင်းသားများကိုယ်စား ကျောင်းသူတစ်ဦးမှလည်းကောင်း၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများကိုယ်စား ဆရာမတစ်ဦးမှလည်းကောင်း ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျောင်းသူကျောင်းသားများက “ရာသက်ပန်ပြည် ထောင်စု”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ရာ (၁၂:၀၀)နာရီအချိန်တွင် အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ရပ်စောက်မြိုနယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသူကျောင်းသား(၉၇)ဦးနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသော ဆရာ/ဆရာမ(၆၆)ဦးတို့အား ဂုဏ်ပြုဆု၊ ချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်ဆောင်ချီးမြှင့်ခြင်းအတွက် ငွေကျပ်(၁၂၅)သိန်းခန့် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။




