Author: USDP 2016
မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာလူငယ်အမျိုးသမီးရေးရာအဖွဲ့နှင့်တွေ့ဆုံ
မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမြင့်လှိုင်၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော် လွင်၊ အတွင်းရေးမှူးဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေနှင့်ဦးကံရွှေတို့သည်ယမန် နေ့ မွန်းတည့် ၁၂ နာရီက မဘိမ်း မြို့နယ် ဘဟဲကျေးရွာအုပ်စု အခြေ စိုက်စခန်းတွင် ကျေးရွာလူငယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် သွားရောက် တွေ့ဆုံခဲ့ကြသည်။
Read moreသံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
သံတွဲမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် ၁၂ နာရီအချိန်တွင် ခရိုင်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ကော်မတီဝင် မြို့နယ်တာဝန်ခံ ဦးတင်မောင်သန်း၊ ခရိုင်ကော်မတီဝင် ဦးသန်းစိုး၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်၊ မြို့နယ်အတွင်းရေးမှူး ဦးကြည်ရွှေနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဝင်များ တတ်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပါတီလုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးသည် ညနေ၂ နာရီခွဲအချိန်တွင် ပြီးဆုံးခဲ့ပါသည်။
ဘီးလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ (၁၂)ရက်နေ့ (ပြည်ထောင်စုနေ့) နံနက်(၉)နာရီချိန်မှစတင်ကာ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ နိုင်ငံတော်အလံအား စုပေါင်းအလေးပြုကြကာ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြသည်။ယင်းနောက် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်အဖွဲ့ဝင်များမှာ ရာသက် ပန်ပြည်ထောင်စုသီချင်း သီဆိုခဲ့သည်။
ထိုနောက် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ အမှာစကားပြောကြားပြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေမှ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များအား တင်ပြဆွေးနွေးခဲ့သည်။
နှုတ်မှုစွမ်းရည်ပြိုင်ပွဲ၊ မြန်မာသံစဉ်သီချင်းသီဆိုပြိုင်ပွဲများ၊ စစ်တုရင်ပြိုင်ပွဲများ ကျင်းပခဲ့ကာ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးခဲ့သည်။
မြို့နယ်ပါတီကော်မတီဝင်များမှ အခမ်းအနားသို့တက်ရောက်လာကြသော ရပ်/ကျေးဥက္ကဋ္ဌများအား လက်ဆောင်များ ပေးအပ်ခဲ့ခြင်း၊ ကံစမ်းမဲဖောက်ခြင်းများ ပြုလုပ်ခဲ့ကြကာ မွန်းလွဲ(၂)နာရီချိန်တွင် အခမ်းအနား ပြီးမြောက်ခဲ့သည်။
(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ မီနီမာရသွန်အပြေးပြိုင်ပွဲ ကျင်းပခြင်း
တောင်သာမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆုချီးမြှင့်သော (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မီနီမာရသွန် အပြေးပြိုင်ပွဲကို ယနေ့ နံနက် ၀၆း၀၀ နာရီက စတင်ကျင်းပခဲ့ပြီး အမျိုးသားပြိုင်ပွဲဝင်များကို သာစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့မှ တာလွှတ်ခဲ့ပြီး အမျိုးသမီးပြိုင်ပွဲဝင်များကို တံငါကျင်းကျေးရွာထိပ်မှ တာလွှတ်ခဲ့ပါသည်။
Read moreအင်္ဂလိပ်ကစားသမားများကို ဒိုင်ဗင်ဆရာများဟု အာစင်ဝင်းဂါး ပြော

ဖေဖော်ဝါရီ ၉၊ လန်ဒန်
အင်္ဂလိပ်ကစားသမားများသည် ဒိုင်ဗင်ထိုးသည့်နေရာတွင် ဆရာကျသူများဖြစ်နိုင်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။
စပါးအသင်းမှ ဒယ်လီအလီသည် လီဗာပူးလ်နှင့်သရေကျသည့်ပွဲတွင် ဟန်ဆောင်လှဲချသဖြင့် အဝါကတ်ပြခံခဲ့ ရသည်။ ဟာရီကိန်း သည်လည်း ပင်နယ်တီရအောင်ဟန်ဆောင်လှဲချခဲ့သည်ဟု လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က စွပ်စွဲခဲ့သည်။
Read moreချယ်လ်ဆီးတိုက်စစ်မှူး ဟာဇက် ဘယ်လ်ဂျီယံ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိ

ချယ်လ်ဆီးတိုက်စစ်မှူး ဧဒင်ဟာဇက်သည် မန်စီးတီးမှ ကီဗင်ဒီဘရိုင်နှင့် နာပိုလီမှ မာတန်တို့ကို ကျော်ဖြတ်၍ ၂၀၁၇ အတွက် နိုင်ငံခြားလိဂ်ရှိ ဘယ်လ်ဂျီယံ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံရသည်။
ဟာဇက်သည် မဲ ၃၂၆ မဲဖြင့် ဒီဘရိုင်ထက် ၁၁ မဲအသာ၊ မာတန်ထက် ၅၆ မဲအသာဖြင့် ယင်းဆုကို ရရှိခဲ့ပြီး မန်ယူတိုက်စစ်မှူး လူကာကူမှာ စတုတ္ထနေရာ၌ ရှိခဲ့သည်။
Read moreမန်ချက်စတာယူနိုက်တက် ဂျာစီအင်္ကျီရောင်းအား စံချိန်ကို အလက်ဆစ် ဆန်းချက်ဇ် ချိုးဖျက်

(ဓာတ်ပုံ – အီးပီအေ)
ဆောင်းရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းကို ချီလီတိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ် ရောက်ရှိလာခဲ့ ပြီးနောက် ကစားသမားရဲ့ ဂျာစီအင်္ကျီသစ်မှာ ရောင်းအား စံချိန်တင်ခဲ့ကြောင်း မန်ယူအသင်းက ကြာသပတေး နေ့က ကြေညာခဲ့ပါတယ်။
Read moreဒဏ်ရာကြောင့် ရွှေ့ဆိုင်းလိုက်ရသည့် ထွန်းထွန်းမင်းပွဲစဉ်ကို မတ်လနောက်ဆုံးပတ်တွင် ပြန်လည်ကျင်းပရန် လျာထား

ရန်ကုန်မြို့၌ ဇန်နဝါရီလတွင် ကျင်းပရန်စီစဉ်ထားသော First Fight အမည်ရှိ မြန်မာ၊ ဘရာဇီး၊ ထိုင်း နိုင်ငံ တကာရိုးရာ လက်ဝှေ့အထူးစိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်မည့် ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းသည် ဒဏ်ရာပြဿနာရှိနေသောကြောင့် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး ယင်းပွဲစဉ်ကို မတ်လနောက် ဆုံးပတ်တွင် ကျင်းပရန်လျာထားကြောင်း ပွဲစီစဉ်သူ ကီးမားဦးတင်ဝင်းထံမှ သိရသည်။
Read more










