အီလြန္မက္က ကမာၻေပၚတြင္ ပထမဆုံးေသာ ထရီလ်ံနာျဖစ္လာ

အီလြန္မက္က ကမာၻေပၚတြင္ ပထမဆုံးေသာ ထရီလ်ံနာျဖစ္လာ
===========================
အီလြန္မက္သည္ ကမာၻေပၚတြင္ ပထမဆုံး ထရီလ်ံနာျဖစ္လာေၾကာင္း Forbes မဂၢဇင္းက ဇြန္လ ၁၂ ရက္တြင္ ေဖာ္ျပထားသည္။ အီလြန္မက္ပိုင္ဆိုင္ေသာ SpaceX ကုမၸဏီသည္ စေတာ့ရွယ္ယာတစ္ေစာင္ကို ေဒၚလာ ၁၅၀ ျဖင့္စတင္ေရာင္းခ်ခဲ့ရာ ရွယ္ယာေရာင္းခ်မႈမွ အေမရိကန္ေဒၚလာ၂ ထရီလီယံနီးပါး ရရွိေသာေၾကာင့္ ဇြန္လ ၁၂ ရက္နံနက္ပိုင္းအထိ အီလြန္မက္၏ပိုင္ဆိုင္မႈမွာ ေဒၚလာ ၁ ဒသမ ၁ ထရီလီယံရွိလာၿပီျဖစ္ေၾကာင္း Forbes မဂၢဇင္းတြင္ေဖာ္ျပထားသည္။

SpaceX ကုမၸဏီ၏ ဥကၠ႒၊ အမႈေဆာင္ခ်ဳပ္ႏွင့္ နည္းပညာအရာရွိခ်ဳပ္ျဖစ္ေသာအီလြန္မက္အေနျဖင့္ အဆိုပါကုမၸဏီတြင္ ရွယ္ယာစုစုေပါင္း ၄ ဒသမ ၈ ဘီလီယံကို ပိုင္ဆိုင္ထားသည့္အတြက္ ထိုရွယ္ယာမ်ားမွ ၎၏ပိုင္ဆိုင္မႈ တန္ဖိုးမွာ ေဒၚလာ ၇၁၅ ဘီလီယံျဖစ္သည္။ ထို႔ျပင္ အီလြန္မက္သည္ တန္ဖိုးအားျဖင့္ ေဒၚလာ ဘီလီယံ ၅၀ ရွိသည့္ အျခားစေတာ့ရွယ္ယာေပါင္း သန္း ၃၅၀ ကိုလည္း ပိုင္ဆိုင္ထားသည္။

အီလြန္မက္သည္ ၂၀၁၂ ခုႏွစ္၏ ကမာၻ႔ဘီလ်ံနာမ်ား စာရင္းတြင္ ပိုင္ဆိုင္မႈတန္ဖိုးေဒၚလာ ၂ ဘီလီယံျဖင့္ စတင္ပါဝင္ခဲ့ျခင္း ျဖစ္သည္။ ထိုစဥ္က ကမာၻေပၚတြင္ ၆၄၃ ဦးေျမာက္ အခ်မ္းသာဆုံးပုဂၢိဳလ္သာျဖစ္ခဲ့ၿပီး ၂၀၂၁ ခုႏွစ္တြင္ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ ျဖစ္လာျခင္း ျဖစ္သည္။

Ref: Forbes


အီလွန်မက်က ကမ္ဘာပေါ်တွင် ပထမဆုံးသော ထရီလျံနာဖြစ်လာ
===========================
အီလွန်မက်သည် ကမ္ဘာပေါ်တွင် ပထမဆုံး ထရီလျံနာဖြစ်လာကြောင်း Forbes မဂ္ဂဇင်းက ဇွန်လ ၁၂ ရက်တွင် ဖော်ပြထားသည်။ အီလွန်မက်ပိုင်ဆိုင်သော SpaceX ကုမ္ပဏီသည် စတော့ရှယ်ယာတစ်စောင်ကို ဒေါ်လာ ၁၅၀ ဖြင့်စတင်ရောင်းချခဲ့ရာ ရှယ်ယာရောင်းချမှုမှ အမေရိကန်ဒေါ်လာ၂ ထရီလီယံနီးပါး ရရှိသောကြောင့် ဇွန်လ ၁၂ ရက်နံနက်ပိုင်းအထိ အီလွန်မက်၏ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁ ဒသမ ၁ ထရီလီယံရှိလာပြီဖြစ်ကြောင်း Forbes မဂ္ဂဇင်းတွင်ဖော်ပြထားသည်။

SpaceX ကုမ္ပဏီ၏ ဥက္ကဋ္ဌ၊ အမှုဆောင်ချုပ်နှင့် နည်းပညာအရာရှိချုပ်ဖြစ်သောအီလွန်မက်အနေဖြင့် အဆိုပါကုမ္ပဏီတွင် ရှယ်ယာစုစုပေါင်း ၄ ဒသမ ၈ ဘီလီယံကို ပိုင်ဆိုင်ထားသည့်အတွက် ထိုရှယ်ယာများမှ ၎င်း၏ပိုင်ဆိုင်မှု တန်ဖိုးမှာ ဒေါ်လာ ၇၁၅ ဘီလီယံဖြစ်သည်။ ထို့ပြင် အီလွန်မက်သည် တန်ဖိုးအားဖြင့် ဒေါ်လာ ဘီလီယံ ၅၀ ရှိသည့် အခြားစတော့ရှယ်ယာပေါင်း သန်း ၃၅၀ ကိုလည်း ပိုင်ဆိုင်ထားသည်။

အီလွန်မက်သည် ၂၀၁၂ ခုနှစ်၏ ကမ္ဘာ့ဘီလျံနာများ စာရင်းတွင် ပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာ ၂ ဘီလီယံဖြင့် စတင်ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ကမ္ဘာပေါ်တွင် ၆၄၃ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်သာဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခြင်း ဖြစ်သည်။

Ref: Forbes