ရီယိုဒီဂ်ေနး႐ိုးတြင္ ဟယ္လီေကာ္ပတာႏွစ္စင္း အခ်င္းခ်င္းတိုက္မိၿပီး လွ်ပ္စစ္ကားအေရာင္းျပခန္းေပၚ ပ်က္က်၊ လူ ၆ ဦး ေသဆုံးကာ ကားအစီး ၂၀ ေက်ာ္ မီးေလာင္ကြၽမ္း

ရီယိုဒီဂ်ေနး႐ိုးတြင္ ဟယ္လီေကာ္ပတာႏွစ္စင္း အခ်င္းခ်င္းတိုက္မိၿပီး လွ်ပ္စစ္ကားအေရာင္းျပခန္းေပၚ ပ်က္က်၊ လူ ၆ ဦး ေသဆုံးကာ ကားအစီး ၂၀ ေက်ာ္ မီးေလာင္ကြၽမ္း
============================
ဇြန္ ၁၅
ဘရာဇီးႏိုင္ငံ ရီယိုဒီဂ်ေနး႐ိုးၿမိဳ႕ေတာ္ ေကာင္းကင္ယံထက္တြင္ ဟယ္လီေကာ္ပတာႏွစ္စင္း ပ်ံသန္းရင္း အခ်င္း ခ်င္း တိုက္မိကာ လွ်ပ္စစ္ကား (EV) အေရာင္းျပခန္းတစ္ခု၏ ကားပါကင္အတြင္းသို႔ ထိုးဆင္းပ်က္က်ခဲ့သျဖင့္ ယာဥ္ေပၚပါရွိသူ လူေျခာက္ဦးစလုံး ေသဆုံးသြားသည့္ ထိတ္လန႔္ဖြယ္ ေလေၾကာင္းမေတာ္ တဆမႈတစ္ခု တနဂၤေႏြေန႔နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္သည္ ရီယိုဒီဂ်ေနး႐ိုးၿမိဳ႕ အေနာက္ဘက္ဆင္ ေျခဖုံးရပ္ကြက္တစ္ခုျဖစ္ေသာ ဟီခရီယို ဒို႔စ္ ဘန္ေဒရန္တက္စ္(Recreio dos Bandeirantes) တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ သည္။ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၏ အဆိုအရ ဟယ္လီေကာ္ပတာႏွစ္စင္းသည္ ေဝဟင္တြင္ တိုက္မိၿပီးေနာက္ လွ်ပ္စစ္ကားအေရာင္းျပခန္း ကားပါကင္ေပၚသို႔ တိုက္႐ိုက္ထိုးဆင္းသြားခဲ့ရာ စီတန္းရပ္နားထားသည့္ လွ်ပ္စစ္ေမာ္ ေတာ္ကား အစီးေရ ၂၀ ခန႔္သို႔ မီးကူးစက္ေလာင္ကြၽမ္းခဲ့ေၾကာင္း သိရသည္။
မီးသတ္ဌာန ေျပာေရးဆိုခြင့္ရွိသူ ဖာဘီယို ကြန္ထရီရပ္စ္ (Fabio Contreiras) က လွ်ပ္စစ္ကားမ်ားတြင္ အသုံးျပဳထားသည့္ လစ္သီယမ္-အိုင္ယြန္ (Lithium-ion) ဘက္ထရီမ်ား မီး ေလာင္ရာမွ ျပင္းထန္ေသာအဆိပ္ေငြ႕မ်ား ထြက္ရွိလာျခင္းႏွင့္ အပူခ်ိန္လြန္ကဲျခင္းတို႔ေၾကာင့္ မီးျငႇိမ္းသတ္ရန္ အလြန္ခက္ခဲခဲ့ေၾကာင္း၊ လွ်ပ္စစ္ကားတစ္စီး၏ မီးကိုျငႇိမ္းသတ္ရန္ သာမန္ဓာတ္ဆီ/ဒီဇယ္ကားမ်ားထက္ ေရပမာဏ ၃ ဆမွ ၄ ဆအထိ ပိုမိုအသုံးျပဳခဲ့ရေၾကာင္း ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း အဆိုပါေဒသမွာ လူေနထူထပ္ေသာ အရပ္ျဖစ္ၿပီး ဟယ္လီေကာ္ပတာမ်ား ကားပါကင္ကဲ့သို႔ ေျမကြက္လပ္ထဲသို႔ က်ေရာက္ခဲ့ျခင္းေၾကာင့္သာ ေျမျပင္ရွိ ျပည္သူမ်ား ထိခိုက္ေသ ဆုံးမႈ ထပ္မံမရွိခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။
ကယ္ဆယ္ေရးလုပ္သားမ်ားသည္ မီးေလာင္ျပင္အတြင္းရွိ ပထမဟယ္လီေကာ္ပတာအပ်က္အစီးထဲမွ ေသဆုံးသူ ၅ ဦး၏ ႐ုပ္အေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ၿပီး၊ မီတာ ၁၀၀ ခန႔္အကြာတြင္ ေတြ႕ရသည့္ ဒုတိယဟယ္လီေကာ္ပတာေပၚမွ ေသဆုံးသူ ပိုင္းေလာ့တစ္ဦး၏ ႐ုပ္အေလာင္းကိုပါ ထပ္မံေတြ႕ရွိခဲ့ရသည္။
လက္ရွိတြင္ ေလေၾကာင္းမေတာ္တဆမႈ စုံစမ္းစစ္ေဆးေရးႏွင့္ ကာကြယ္ေရးစင္တာ (CENIPA)က ပ်က္က်ရသည့္ အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးရန္ ျဖစ္စဥ္မွတ္တမ္းမ်ားကို ျပန္လည္သုံးသပ္ေနသည္။ ဘရာဇီးႏိုင္ငံတြင္ ေလယာဥ္မေတာ္ တဆမႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိၿပီး ယခုျဖစ္စဥ္မတိုင္မီ ၂၀၂၆ ခုႏွစ္အတြင္း၌ပင္ ေလေၾကာင္းမေတာ္တဆမႈေပါင္း ၈၄ ႀကိမ္အထိ စံခ်ိန္တင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ရီယိုဒီဂျနေးရိုးတွင် ဟယ်လီကော်ပတာနှစ်စင်း အချင်းချင်းတိုက်မိပြီး လျှပ်စစ်ကားအရောင်းပြခန်းပေါ် ပျက်ကျ၊ လူ ၆ ဦး သေဆုံးကာ ကားအစီး ၂၀ ကျော် မီးလောင်ကျွမ်း
============================
ဇွန် ၁၅
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တော် ကောင်းကင်ယံထက်တွင် ဟယ်လီကော်ပတာနှစ်စင်း ပျံသန်းရင်း အချင်း ချင်း တိုက်မိကာ လျှပ်စစ်ကား (EV) အရောင်းပြခန်းတစ်ခု၏ ကားပါကင်အတွင်းသို့ ထိုးဆင်းပျက်ကျခဲ့သဖြင့် ယာဉ်ပေါ်ပါရှိသူ လူခြောက်ဦးစလုံး သေဆုံးသွားသည့် ထိတ်လန့်ဖွယ် လေကြောင်းမတော် တဆမှုတစ်ခု တနင်္ဂနွေနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ရီယိုဒီဂျနေးရိုးမြို့ အနောက်ဘက်ဆင် ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော ဟီခရီယို ဒို့စ် ဘန်ဒေရန်တက်စ်(Recreio dos Bandeirantes) တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ အဆိုအရ ဟယ်လီကော်ပတာနှစ်စင်းသည် ဝေဟင်တွင် တိုက်မိပြီးနောက် လျှပ်စစ်ကားအရောင်းပြခန်း ကားပါကင်ပေါ်သို့ တိုက်ရိုက်ထိုးဆင်းသွားခဲ့ရာ စီတန်းရပ်နားထားသည့် လျှပ်စစ်မော် တော်ကား အစီးရေ ၂၀ ခန့်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ဖာဘီယို ကွန်ထရီရပ်စ် (Fabio Contreiras) က လျှပ်စစ်ကားများတွင် အသုံးပြုထားသည့် လစ်သီယမ်-အိုင်ယွန် (Lithium-ion) ဘက်ထရီများ မီး လောင်ရာမှ ပြင်းထန်သောအဆိပ်ငွေ့များ ထွက်ရှိလာခြင်းနှင့် အပူချိန်လွန်ကဲခြင်းတို့ကြောင့် မီးငြှိမ်းသတ်ရန် အလွန်ခက်ခဲခဲ့ကြောင်း၊ လျှပ်စစ်ကားတစ်စီး၏ မီးကိုငြှိမ်းသတ်ရန် သာမန်ဓာတ်ဆီ/ဒီဇယ်ကားများထက် ရေပမာဏ ၃ ဆမှ ၄ ဆအထိ ပိုမိုအသုံးပြုခဲ့ရကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါဒေသမှာ လူနေထူထပ်သော အရပ်ဖြစ်ပြီး ဟယ်လီကော်ပတာများ ကားပါကင်ကဲ့သို့ မြေကွက်လပ်ထဲသို့ ကျရောက်ခဲ့ခြင်းကြောင့်သာ မြေပြင်ရှိ ပြည်သူများ ထိခိုက်သေ ဆုံးမှု ထပ်မံမရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကယ်ဆယ်ရေးလုပ်သားများသည် မီးလောင်ပြင်အတွင်းရှိ ပထမဟယ်လီကော်ပတာအပျက်အစီးထဲမှ သေဆုံးသူ ၅ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ မီတာ ၁၀၀ ခန့်အကွာတွင် တွေ့ရသည့် ဒုတိယဟယ်လီကော်ပတာပေါ်မှ သေဆုံးသူ ပိုင်းလော့တစ်ဦး၏ ရုပ်အလောင်းကိုပါ ထပ်မံတွေ့ရှိခဲ့ရသည်။
လက်ရှိတွင် လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးနှင့် ကာကွယ်ရေးစင်တာ (CENIPA)က ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ဖြစ်စဉ်မှတ်တမ်းများကို ပြန်လည်သုံးသပ်နေသည်။ ဘရာဇီးနိုင်ငံတွင် လေယာဉ်မတော် တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယခုဖြစ်စဉ်မတိုင်မီ ၂၀၂၆ ခုနှစ်အတွင်း၌ပင် လေကြောင်းမတော်တဆမှုပေါင်း ၈၄ ကြိမ်အထိ စံချိန်တင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။




