ျပည္တြင္းစက္သုံးဆီေဈးမ်ား တစ္လီတာ က်ပ္ ၄၀၀၀ ေအာက္ က်ဆင္းလာ

ျပည္တြင္းစက္သုံးဆီေဈးမ်ား တစ္လီတာ က်ပ္ ၄၀၀၀ ေအာက္ က်ဆင္းလာ
=======================
ႏွစ္လအတြင္း ဒီဇယ္တစ္လီတာလွ်င္ က်ပ္ ၂,၅၀၀ နီးပါးအထိ က်ဆင္း

စက္သုံးဆီေဈးႏႈန္းသည္ သၾကၤန္ေက်ာ္ကာလမွစတင္ကာ (၈)ပတ္ဆက္တိုက္ က်ဆင္းလာခဲ့ၿပီး ယခုတစ္ပတ္အတြင္း ဓာတ္ဆီေရာ ဒီဇယ္ပါ တစ္လီတာ က်ပ္ ၄၀၀၀ ေအာက္ က်ဆင္းလာေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။

ႏွစ္လအတြင္း ဒီဇယ္တစ္လီတာလွ်င္ က်ပ္ ၂,၅၀၀ နီးပါးအထိ က်ဆင္းသြားျခင္းျဖစ္သည္။

စက္သုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီက ယေန႔ (ဇြန္ ၁၂ ရက္) တြင္ ထုတ္ျပန္လိုက္သည့္ ရည္ၫႊန္းေဈးႏႈန္းမ်ားအရ ရန္ကုန္ၿမိဳ႕တြင္ စက္သုံးဆီေဈးႏႈန္းမ်ားမွာ တစ္လီတာလွ်င္ –
ဓာတ္ဆီ 92 Ron: ၃,၈၈၀ က်ပ္၊
ဓာတ္ဆီ 95 Ron: ၃,၉၁၅ က်ပ္၊
ဒီဇယ္ (HSD 500 ppm): ၃,၉၉၅ က်ပ္၊
ပရီမီယံဒီဇယ္ (HSD 50 ppm/10 ppm): ၄,၈၀၀က်ပ္ အသီးသီး ျဖစ္သည္။ ဇြန္ ၁၈ ရက္အထိ ယင္းေဈးႏႈန္းအတိုင္းသာ ရွိေနမည္ျဖစ္သည္။

ယေန႔တြင္ ကမာၻ႔ေရနံေဈးႏႈန္းအေနျဖင့္ ေရနံစိမ္းတစ္စည္လွ်င္ ၈၆ ေဒၚလာဝန္းက်င္ရွိေနကာ ျပည္တြင္းစက္သုံးဆီေဈးမွာ ဓာတ္ဆီေရာ ဒီဇယ္ပါ ေဈးက်ဆင္းလာျခင္း ျဖစ္သည္။

ယခုတစ္ပတ္စက္သုံးဆီေဈးႏႈန္းကို ယခင္တစ္ပတ္ေဈးႏႈန္းႏွင့္ ႏႈိင္းယွဥ္ပါက ဓာတ္ဆီ 92 Ron: တစ္လီတာလွ်င္ ၄၆၅ က်ပ္၊ ဓာတ္ဆီ 95 Ron: တစ္လီတာလွ်င္ ၄၇၀ က်ပ္၊ ဒီဇယ္ တစ္လီတာလွ်င္ ၂၂၅ က်ပ္ ၊ ပရီမီယံဒီဇယ္တစ္လီတာလွ်င္ ၃၁၅ က်ပ္အထိ ထပ္မံေစ်းက်လာျခင္းျဖစ္သည္။

ဧၿပီ ၂၄ ရက္ ရည္ၫႊန္းေဈးႏႈန္းမ်ားႏွင့္ ႏႈိင္းယွဥ္ပါက သီတင္းပတ္(၈)ပတ္အတြင္း –
ဓာတ္ဆီ 92 Ron တစ္လီတာလွ်င္ ၈၅၅ က်ပ္၊
ဓာတ္ဆီ 95 Ron တစ္လီတာလွ်င္ ၁၀၃၀ က်ပ္၊
ဒီဇယ္ တစ္လီတာလွ်င္ ၂၄၉၀ က်ပ္၊
ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ ၂၉၅၅ က်ပ္ ေစ်းက်လာခဲ့သည္။

စက္သုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီအေနျဖင့္ စက္သုံးဆီေဈးႏႈန္းမ်ားကို MOPS ေဈးႏႈန္းေပၚတြင္ အေျခခံ၍ ေန႔စဥ္တြက္ခ်က္ထုတ္ျပန္ေပးလ်က္ရွိၿပီး၊ သတ္မွတ္ရည္ၫႊန္းေဈးထက္ ပိုမိုေရာင္းခ်ျခင္း သို႔မဟုတ္ ေဈးႏႈန္းမမွန္ကန္ျခင္းမ်ားရွိပါက ေကာ္မတီ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ ၀၁-၄၀၀၃၉၇၃ ႏွင့္ ၀၉-၂၅၄၅၂၅၄၇၇ တို႔သို႔ ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္း အသိေပးထားသည္။


ပြည်တွင်းစက်သုံးဆီဈေးများ တစ်လီတာ ကျပ် ၄၀၀၀ အောက် ကျဆင်းလာ
=======================
နှစ်လအတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၂,၅၀၀ နီးပါးအထိ ကျဆင်း

စက်သုံးဆီဈေးနှုန်းသည် သင်္ကြန်ကျော်ကာလမှစတင်ကာ (၈)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ယခုတစ်ပတ်အတွင်း ဓာတ်ဆီရော ဒီဇယ်ပါ တစ်လီတာ ကျပ် ၄၀၀၀ အောက် ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

နှစ်လအတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၂,၅၀၀ နီးပါးအထိ ကျဆင်းသွားခြင်းဖြစ်သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇွန် ၁၂ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron: ၃,၈၈၀ ကျပ်၊
ဓာတ်ဆီ 95 Ron: ၃,၉၁၅ ကျပ်၊
ဒီဇယ် (HSD 500 ppm): ၃,၉၉၅ ကျပ်၊
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm): ၄,၈၀၀ကျပ် အသီးသီး ဖြစ်သည်။ ဇွန် ၁၈ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။

ယနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်းအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ၈၆ ဒေါ်လာဝန်းကျင်ရှိနေကာ ပြည်တွင်းစက်သုံးဆီဈေးမှာ ဓာတ်ဆီရော ဒီဇယ်ပါ ဈေးကျဆင်းလာခြင်း ဖြစ်သည်။

ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron: တစ်လီတာလျှင် ၄၆၅ ကျပ်၊ ဓာတ်ဆီ 95 Ron: တစ်လီတာလျှင် ၄၇၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၅ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၁၅ ကျပ်အထိ ထပ်မံစျေးကျလာခြင်းဖြစ်သည်။

ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီတင်းပတ်(၈)ပတ်အတွင်း –
ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၈၅၅ ကျပ်၊
ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၀၃၀ ကျပ်၊
ဒီဇယ် တစ်လီတာလျှင် ၂၄၉၀ ကျပ်၊
ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၉၅၅ ကျပ် စျေးကျလာခဲ့သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။