မြောက်ကိုရီးယား၏ အကြီးကျယ်ဆုံး စစ်ရေးပြ အခမ်းအနား ကျင်းပ

မြောက်ကိုရီးယား၏ အကြီးကျယ်ဆုံး စစ်ရေးပြအခမ်းအနားကြီးကို ဖေဖော်ဝါရီ ၈ ရက်က ပြုံယမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယား စစ်တပ်ကို ယနေ့ခေတ် စနစ်သစ်ပုံစံဖြင့် စတင်ဖွဲ့စည်းမှု နှစ်ပေါင်း ၇၀ ပြည့်မြောက်သည့် နေ့တွင် အဆိုပါ စစ်ရေးပြ အခမ်းအနားကို ကျင်းပခဲ့ပြီး နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် တက်ရောက်ခဲ့သည်။

Read more

ကာကွယ်ရေးအသုံးစရိတ် ပြင်သစ် တိုးမြှင့်မည်

ပြင်သစ်အစိုးရဟာ ၂၀၂၅ ခုနှစ် မတိုင်ခင်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ၃ ပုံ ၁ ပုံကျော် တိုးမြှင့်မယ့် စီမံကိန်းကို ဝန်ခံလိုက်ပါတယ်။

ကာကွယ်ရေးအသုံးစရိတ်ဟာ တိုင်းပြည်ရဲ့ ရသုံးမှန်းခြေ ငွေစာရင်းရဲ့ ၂ ရာခိုင်နှုန်း ရှိရမယ်ဆိုတဲ့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ရည်မှန်းချက်ကို ပြည့်မီအောင် အသုံးစရိတ်တိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ နှစ်ရှည် စစ်တပ်အသုံးစရိတ် စီမံကိန်းကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

Read more

ဘာသာရေးချုပ်ခြယ်မှုများနှင့် ဖိနှိပ်သောအစိုးရများကို ဒေါ်နယ်ထရမ့် ပြစ်တင်ဝေဖန်

ဝါရှင်တန်၊ ဖေဖေါ်ဝါရီ ၉

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကျူးဘား၊ ဗင်နီဇွဲလား၊ အီရန်နှင့် မြောက်ကိုရီးယားတို့သည် ဖိနှိပ်သော အစိုးရများဖြစ်သည်ဟု ကြာသာပတေးနေ့က   နောက်တစ်ကြိမ်ထပ်မံ၍ ပြစ်တင်ဝေဖန်ခဲ့သလို သူ၏အစိုးရအဖွဲ့ သည် ဘာသာရေးယုံကြည်မှုကြောင့် ဖိနှိပ်ခံနေရသည့် ကမ္ဘာတစ်ဝန်းမှပြည်သူများဘက်မှ ရပ်တည်နေသည် ဟု ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ထိုစကားများကို ၀ါရှင်တန်၌ နှစ်စဉ်ကျင်းပနေကြဖြစ်သည့် ဘာသာရေးနှင့်နိုင်ငံရေး သဟဇာတဖြစ်ရေး အခမ်းအနား၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

Read more

တရုတ်ဖုန်း မဝယ်ဖို့ ကန် လွှတ်တော်မှာတင်သွင်း

တရုတ်ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေ သုံးပြီး အမေရိကန်တာဝန်ရှိသူတွေကို ထောက်လှမ်းမှာကို စိုးရိမ်တယ်ဆိုပြီး Huawei Techonologies Co Ltd ဒါမှမဟုတ် ZTE Corp က ဆက်သွယ်ရေးပစ္စည်းကိရိယာတွေကို အမေရိကန်အစိုးရက ၀ယ်ယူတာ ဒါမှမဟုတ် ငှားရမ်းတာကို ပိတ်ဆို့မယ့် ဥပဒေကြမ်းတစောင်ကို Republican အထက်လွှတ်တော် အမတ်နှစ်ဦးက ဒီလ ၇ ရက်တွေက အဆိုပြုလိုက်ပါတယ်။

Read more

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတွေ့ဆုံပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အရှေ့) တောင်ငူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာတွေ့ဆုံပွဲနှင့် အမျိုးသမီးများအတွက် အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာဒေါ်စန်းစန်းနွယ် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးစောမော်ထွန်းနှင့် သက်ဆိုင်ရာ တိုင်း ခရိုင် မြို့နယ်များမှ တာဝန်ရှိသူ တက်ရောက်ခဲ့ကြပါသည်။

Read more

မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီစည်း/မှူးများတွေ့ဆုံလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

 

မြိတ်မြို့ နယ် ပြည်ခိုင်ဖြိုး မှပါတီရေးရာကိစ္စ လုပ်ငန်းဆောင်ရွက်မှု ညှိနှိုင်း အစည်းအဝေးကို ယနေ့ ဖေဖေါ်ဝါရီလ၇ရက်၊ နေ့လည် (၁း၀၀)နာရီက မြိတ်မြို့နယ်၊ ပြည်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

Read more

ဒဂုံမြို့သစ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း အခမဲ့ကွင်းဆင်းကုသ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (မြောက် ပိုင်း) မြို့နယ် ဖြိုးစေတနာ(အခမဲ့) သွားနှင့်ခံတွင်းဆေးကုသမှု အဖွဲ့သည် ဖေဖော်ဝါရီလ ၇ ရက် နံနက် ၉နာရီမှစတင်၍ ၄၉၊ ၅ဝ၊ ၅၁ ရပ်ကွက်မှဝေဒနာရှင် ၄ဝ ကို အခမဲ့ကုသမှုကို အမှတ် (၅၁)ရပ်ကွက် ပြည်တော်အေးဓမ္မာရုံ၌် ကွင်းဆင်းကုသဆောင်ရွက် ပေးခဲ့ကြသည်။

Read more

ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဋ္ဌာန်းရွတ်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကော်မတီဝင် ဦးသန်းလှိုင်နှင့်အဖွဲ့၊ ကျန်စစ်သားရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဝင်များစုပေါင်း၍ ယခုလ ၆ ရက် နံနက်ပိုင်း  က ဒလမြို့နယ် ကျန်စစ် သားရပ်ကွက်’ရတနာအေးရိပ်သာ’ ဘုန်းတော်ကြီးကျောင်း၌ ပဋ္ဌာန်း ရွတ်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်း တိုက်ဆရာတော် ဦးသောဘဏ ထံမှငါးပါးသီလခံယူပြီး ရေစက်ချ တရားတော် နာယူခဲ့ကြကြောင်း သိရသည်။

Read more

ဖြူးမြို့နယ်တွင် ရပ် /ကျေးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့် သင်တန်းဖွင့်

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈)ဖွင့်ပွဲ အခမ်းအနားကို       ယမန်နေ့နံနက် ၉ နာရီက ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးခန်းမတွင်ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင် ရာဘာသာရပ်များအတွက် သင်တန်းပို့ချပေးမည့် ဌာနဆိုင်ရာအကြီး အကဲများနှင့် မြို့ပေါ်ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက် ကျေးရွာအုပ် စုပေါင်း ၅၈ အုပ်စုမှသင်တန်းတက်ရောက်မည့် အုပ်ချုပ်ရေးမှူး များ တက်ရောက်ခဲ့ကြသည်။

Read more

ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မီးဘေးသင့်မိသားစုများအား ဆန်အိတ်နှင့်ဆီပုံးများပေးအပ်လှူဒါန်း

 

ဒလမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များစုပေါင်း၍ မီးဘေးသင့်မိသားစုများအား ဆန်အိတ်နှင့်စား သုံးဆီပုံးများကို ယမန်နေ့ ညနေ ၄ နာရီခွဲက ယာယီကယ်ဆယ်         ရေးစခန်းဖွင့်လှစ်ထားသည့် ကျန် စစ်သားရပ်ကွက် မြဝတီမင်းကြီး လမ်းရှိ”သာသနာ့ဝေပုလ္လ” ဆွမ်း လောင်းဓမ္မာရုံ၌ ပေးအပ်လှူဒါန်း ခဲ့သည်။

Read more