တိုက်ိဳႏွင့္ က်ိဳတိုတကၠသိုလ္ဝင္ခြင့္စာေမးပြဲမ်ားတြင္ ChatGPT က အမွတ္အမ်ားဆုံးျဖင့္ ေအာင္ျမင္

တိုက်ိဳႏွင့္ က်ိဳတိုတကၠသိုလ္ဝင္ခြင့္စာေမးပြဲမ်ားတြင္ ChatGPT က အမွတ္အမ်ားဆုံးျဖင့္ ေအာင္ျမင္
==========================
ဂ်ပန္ႏိုင္ငံ၏ ထိပ္တန္းတကၠသိုလ္မ်ားျဖစ္ေသာ တိုက်ိဳႏွင့္ က်ိဳတိုတကၠသိုလ္တို႔၏ ယခုႏွစ္ ဝင္ခြင့္စာေမးပြဲမ်ားတြင္ ChatGPT က အမွတ္အမ်ားဆုံးျဖင့္ ေအာင္ျမင္ေၾကာင္း AI လုပ္ငန္းတစ္ခုက ဧၿပီလ ၂၇ ရက္တြင္ ထုတ္ျပန္ခဲ့သည္။ ChatGPT သည္ ၂၀၂၄ ခုႏွစ္ ဝင္ခြင့္စာေမးပြဲမ်ားတြင္ က်ရႈံးခဲ့ေသာ္လည္း ယခုအခါ သိသိသာသာ တိုးတက္လာျခင္းျဖစ္သည္။

LifePrompt အဖြဲ႕က OpenAI ၏ ChatGPT 5.2 Thinking ေမာ္ဒယ္ကို အသုံးျပဳ၍ စမ္းသပ္ရာ တိုက်ိဳတကၠသိုလ္၏ ၿပိဳင္ဆိုင္မႈအမ်ားဆုံးျဖစ္ေသာ ေဆးဘက္ဆိုင္ရာ ဘာသာရပ္တြင္ အမွတ္အမ်ားဆုံးရရွိသူထက္ အမွတ္ ၅၀ ပိုမိုရရွိခဲ့ၿပီး သခ်ၤာဘာသာရပ္တြင္ အမွတ္ျပည့္ရရွိခဲ့သည္။ ေမးခြန္းမ်ားကို ပုံရိပ္အခ်က္အလက္အျဖစ္ ေျပာင္းလဲေပးပို႔ကာ ေျဖဆိုေစခဲ့ၿပီး စာစီစာကုံးမ်ားကို နာမည္ႀကီး ေက်ာင္းျပင္ပပညာေရးသင္တန္းေက်ာင္းမွ ဆရာမ်ားက အမွတ္ေပးခဲ့ျခင္းျဖစ္သည္။

ChatGPT သည္ လူမႈသိပၸံဘာသာရပ္တြင္ ၄၅၂ မွတ္ႏွင့္ သဘာဝသိပၸံဘာသာရပ္တြင္ ၅၀၃ မွတ္ ရရွိခဲ့ၿပီး တကၠသိုလ္မွ ေၾကညာထားသည့္ အမွတ္အမ်ားဆုံး ေက်ာင္းသားမ်ား၏ ၄၃၄ မွတ္ႏွင့္ ၄၅၃ မွတ္တို႔ကို ေက်ာ္လြန္ႏိုင္ခဲ့သည္။ သို႔ေသာ္ ကမာၻ႔သမိုင္းကဲ့သို႔ ဘာသာရပ္မ်ားရွိ စာစီစာကုံးပုံစံ ေမးခြန္းမ်ားတြင္ ၂၅ ရာခိုင္ႏႈန္းသာ ရရွိခဲ့ေၾကာင္း ေတြ႕ရသည္။

Ref: ST


တိုကျိုနှင့် ကျိုတိုတက္ကသိုလ်ဝင်ခွင့်စာမေးပွဲများတွင် ChatGPT က အမှတ်အများဆုံးဖြင့် အောင်မြင်
==========================
ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များဖြစ်သော တိုကျိုနှင့် ကျိုတိုတက္ကသိုလ်တို့၏ ယခုနှစ် ဝင်ခွင့်စာမေးပွဲများတွင် ChatGPT က အမှတ်အများဆုံးဖြင့် အောင်မြင်ကြောင်း AI လုပ်ငန်းတစ်ခုက ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ChatGPT သည် ၂၀၂၄ ခုနှစ် ဝင်ခွင့်စာမေးပွဲများတွင် ကျရှုံးခဲ့သော်လည်း ယခုအခါ သိသိသာသာ တိုးတက်လာခြင်းဖြစ်သည်။

LifePrompt အဖွဲ့က OpenAI ၏ ChatGPT 5.2 Thinking မော်ဒယ်ကို အသုံးပြု၍ စမ်းသပ်ရာ တိုကျိုတက္ကသိုလ်၏ ပြိုင်ဆိုင်မှုအများဆုံးဖြစ်သော ဆေးဘက်ဆိုင်ရာ ဘာသာရပ်တွင် အမှတ်အများဆုံးရရှိသူထက် အမှတ် ၅၀ ပိုမိုရရှိခဲ့ပြီး သင်္ချာဘာသာရပ်တွင် အမှတ်ပြည့်ရရှိခဲ့သည်။ မေးခွန်းများကို ပုံရိပ်အချက်အလက်အဖြစ် ပြောင်းလဲပေးပို့ကာ ဖြေဆိုစေခဲ့ပြီး စာစီစာကုံးများကို နာမည်ကြီး ကျောင်းပြင်ပပညာရေးသင်တန်းကျောင်းမှ ဆရာများက အမှတ်ပေးခဲ့ခြင်းဖြစ်သည်။

ChatGPT သည် လူမှုသိပ္ပံဘာသာရပ်တွင် ၄၅၂ မှတ်နှင့် သဘာဝသိပ္ပံဘာသာရပ်တွင် ၅၀၃ မှတ် ရရှိခဲ့ပြီး တက္ကသိုလ်မှ ကြေညာထားသည့် အမှတ်အများဆုံး ကျောင်းသားများ၏ ၄၃၄ မှတ်နှင့် ၄၅၃ မှတ်တို့ကို ကျော်လွန်နိုင်ခဲ့သည်။ သို့သော် ကမ္ဘာ့သမိုင်းကဲ့သို့ ဘာသာရပ်များရှိ စာစီစာကုံးပုံစံ မေးခွန်းများတွင် ၂၅ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း တွေ့ရသည်။

Ref: ST