ရန္ကုန္-ေမာ္လၿမိဳင္ အျမန္ DEMU ရထား ေဘးကင္းစြာေျပးဆြဲႏိုင္ေရး လမ္းျဖတ္ကူးေနရာ ၁၀၀ ေက်ာ္ကို ျမန္မာ့မီးရထား စနစ္တက် ျပဳျပင္မြမ္းမံမည္

ရန္ကုန္-ေမာ္လၿမိဳင္ အျမန္ DEMU ရထား ေဘးကင္းစြာေျပးဆြဲႏိုင္ေရး လမ္းျဖတ္ကူးေနရာ ၁၀၀ ေက်ာ္ကို ျမန္မာ့မီးရထား စနစ္တက် ျပဳျပင္မြမ္းမံမည္
=========================
ဇြန္ ၁၂

​ရန္ကုန္-ေမာ္လၿမိဳင္ ရထားလမ္းပိုင္းတြင္ လာမည့္ ဇူလိုင္လအတြင္း စတင္ေျပးဆြဲရန္ လ်ာထားသည့္ အျမန္ႏႈန္းျမင့္ DEMU ရထား စစ္ဆင္ေရးကို ေဘးကင္းလုံၿခဳံစြာ ေမာင္းႏွင္ႏိုင္ရန္ႏွင့္ ရထားမေတာ္တဆမႈမ်ား ေလွ်ာ့ခ်ႏိုင္ရန္အတြက္ အဆိုပါလမ္းပိုင္းရွိ ရထားလမ္းျဖတ္ကူးေနရာ (ဂိတ္) ၁၀၀ ေက်ာ္ကို စနစ္ တက် ျပဳျပင္မြမ္းမံ စီမံခန႔္ခြဲသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီး ရထားက ထုတ္ျပန္ေၾကညာထားသည္။

အဆိုပါ ရထားလမ္းျဖတ္ကူးေနရာ ၁၀၀ ေက်ာ္ကို စနစ္တက် အဆင့္ျမႇင့္တင္ရန္ႏွင့္ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ ျမန္မာ့မီးရထားႏွင့္ မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ားသည္ ၿပီးခဲ့သည့္ ဇြန္လ ၈ ရက္ေန႔ကတည္းက စတင္ကာ ကြင္းဆင္းပူးေပါင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ျမန္မာ့မီးရထားမွ တာဝန္ရွိသူတစ္ဦးက “ကြၽန္ေတာ္တို႔အေနနဲ႔ လက္ရွိမွာ ေဘးကင္းလုံၿခဳံေရးအတြက္ တရားမဝင္ ရထားလမ္း ျဖတ္ကူးေနရာေတြကို လိုက္လံပိတ္ပစ္ေနပါတယ္။ ဒါေပမဲ့ သတ္ မွတ္ခ်က္နဲ႔အညီ တရားဝင္ ခြင့္ျပဳခ်က္ရရွိထားတဲ့ လမ္းျဖတ္ကူးေနရာေတြကိုေတာ့ ပိတ္မွာမဟုတ္ဘဲ ဆက္လက္ဖြင့္လွစ္ေပးထားမွာပါ” ဟု ေျပာၾကားခဲ့သည္။

သတင္းထုတ္ျပန္ခ်က္မ်ားအရ ရန္ကုန္-ေမာ္လၿမိဳင္ ရထားလမ္းတစ္ေလွ်ာက္တြင္ ရထားလမ္းျဖတ္ကူးေနရာ စုစုေပါင္း ၁၅၇ ခုရွိသည့္အနက္ ၁၆ ခုသာ တရားဝင္ ခြင့္ ျပဳခ်က္ရရွိထားေသာ လမ္းျဖတ္မ်ားျဖစ္ၿပီး က်န္ရွိသည့္ေနရာအမ်ားစုမွာ တရား မဝင္ ျဖတ္ကူးေနၾကျခင္းျဖစ္သည္။

ျမန္မာ့မီးရထားအေနျဖင့္ အဆိုပါ တရားမဝင္ ျဖတ္ကူးေနရာမ်ားကို လိုက္လံပိတ္သိမ္းသြားမည္ျဖစ္ေသာ္လည္း ေဒသခံမ်ားအတြက္ မျဖစ္မေန လိုအပ္ေနသည့္ အေရးႀကီးေသာ လမ္းျဖတ္ေနရာမ်ားတြင္မူ စနစ္တက် စီမံခန႔္ခြဲႏိုင္ရန္ လုံၿခဳံေရးဂိတ္တံခါးမ်ား (Security Gates) တပ္ဆင္ေပးသြားရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။


ရန်ကုန်-မော်လမြိုင် အမြန် DEMU ရထား ဘေးကင်းစွာပြေးဆွဲနိုင်ရေး လမ်းဖြတ်ကူးနေရာ ၁၀၀ ကျော်ကို မြန်မာ့မီးရထား စနစ်တကျ ပြုပြင်မွမ်းမံမည်
=========================
ဇွန် ၁၂

​ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် လာမည့် ဇူလိုင်လအတွင်း စတင်ပြေးဆွဲရန် လျာထားသည့် အမြန်နှုန်းမြင့် DEMU ရထား စစ်ဆင်ရေးကို ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရန်နှင့် ရထားမတော်တဆမှုများ လျှော့ချနိုင်ရန်အတွက် အဆိုပါလမ်းပိုင်းရှိ ရထားလမ်းဖြတ်ကူးနေရာ (ဂိတ်) ၁၀၀ ကျော်ကို စနစ် တကျ ပြုပြင်မွမ်းမံ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီး ရထားက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ရထားလမ်းဖြတ်ကူးနေရာ ၁၀၀ ကျော်ကို စနစ်တကျ အဆင့်မြှင့်တင်ရန်နှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာ့မီးရထားနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကတည်းက စတင်ကာ ကွင်းဆင်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့အနေနဲ့ လက်ရှိမှာ ဘေးကင်းလုံခြုံရေးအတွက် တရားမဝင် ရထားလမ်း ဖြတ်ကူးနေရာတွေကို လိုက်လံပိတ်ပစ်နေပါတယ်။ ဒါပေမဲ့ သတ် မှတ်ချက်နဲ့အညီ တရားဝင် ခွင့်ပြုချက်ရရှိထားတဲ့ လမ်းဖြတ်ကူးနေရာတွေကိုတော့ ပိတ်မှာမဟုတ်ဘဲ ဆက်လက်ဖွင့်လှစ်ပေးထားမှာပါ” ဟု ပြောကြားခဲ့သည်။

သတင်းထုတ်ပြန်ချက်များအရ ရန်ကုန်-မော်လမြိုင် ရထားလမ်းတစ်လျှောက်တွင် ရထားလမ်းဖြတ်ကူးနေရာ စုစုပေါင်း ၁၅၇ ခုရှိသည့်အနက် ၁၆ ခုသာ တရားဝင် ခွင့် ပြုချက်ရရှိထားသော လမ်းဖြတ်များဖြစ်ပြီး ကျန်ရှိသည့်နေရာအများစုမှာ တရား မဝင် ဖြတ်ကူးနေကြခြင်းဖြစ်သည်။

မြန်မာ့မီးရထားအနေဖြင့် အဆိုပါ တရားမဝင် ဖြတ်ကူးနေရာများကို လိုက်လံပိတ်သိမ်းသွားမည်ဖြစ်သော်လည်း ဒေသခံများအတွက် မဖြစ်မနေ လိုအပ်နေသည့် အရေးကြီးသော လမ်းဖြတ်နေရာများတွင်မူ စနစ်တကျ စီမံခန့်ခွဲနိုင်ရန် လုံခြုံရေးဂိတ်တံခါးများ (Security Gates) တပ်ဆင်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။