ခ်င္းျပည္နယ္အတြက္ျပန္လည္ထူေထာင္ေရးပစၥည္းမ်ား ကေလးၿမိဳ႕သို႔ တပ္မေတာ္ေလယာဥ္ျဖင့္ေရာက္ရွိလာ

ခ်င္းျပည္နယ္အတြက္ျပန္လည္ထူေထာင္ေရးပစၥည္းမ်ား ကေလးၿမိဳ႕သို႔ တပ္မေတာ္ေလယာဥ္ျဖင့္ေရာက္ရွိလာ
======================
အၾကမ္းဖက္အဖြဲ႕မ်ား၏ အၾကမ္းဖက္လုပ္ေဆာင္မႈမ်ားေၾကာင့္ ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည့္ ခ်င္းျပည္ နယ္၊ ဖလမ္းၿမိဳ႕၊ တြန္းဇံၿမိဳ႕၊ တီးတိန္ၿမိဳ႕တို႔အား တပ္မ ေတာ္ကျပန္လည္ထိန္းခ်ဳပ္သိမ္းပိုက္ၿပီးခ်ိန္တြင္ ျပန္ လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္လုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔အတူ ႏိုင္ငံေတာ္အစိုးရမွလည္း ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား၌အသုံးျပဳႏိုင္ရန္ ဘိလပ္ေျမအိတ္မ်ားအပါအဝင္ လုပ္ငန္းသုံးပစၥည္းမ်ားကို တပ္မေတာ္ေလယာဥ္မ်ားျဖင့္ပို႔ေဆာင္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ပို႔ေဆာင္ေပးလ်က္ရွိရာ ဇြန္ ၁၁ ရက္က ေဆာက္ လုပ္ေရးလုပ္ငန္းသုံးျဖစ္ေသာ ဘိလပ္ေျမ(၂၀၀)အိတ္၊ သြပ္(၂,၁၅၀)ခ်ပ္၊ သံ(၉)ဖာ၊ ဝါရွာကြင္း(၁)ဖာ၊ ေက်ာင္းသုံးသင္႐ိုးၫႊန္တမ္းစာအုပ္(၂၇၂)အုပ္၊ ဆန္ (၈၄၀)အိတ္၊ ဆီ(၃၇၁)ပိႆာသည္ မႏၲေလးၿမိဳ႕မွတစ္ဆင့္ တပ္မေတာ္ေလယာဥ္ျဖင့္ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕သို႔ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ေရာက္ရွိလာသည့္ပစၥည္းမ်ားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားက လက္ခံရယူခဲ့ၾကၿပီး ဖလမ္းၿမိဳ႕၊ တြန္းဇံၿမိဳ႕ႏွင့္ တီးတိန္ၿမိဳ႕မ်ားသို႔ ဆက္လက္ျဖန႔္ေဝေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ချင်းပြည်နယ်အတွက်ပြန်လည်ထူထောင်ရေးပစ္စည်းများ ကလေးမြို့သို့ တပ်မတော်လေယာဥ်ဖြင့်ရောက်ရှိလာ
======================
အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ချင်းပြည် နယ်၊ ဖလမ်းမြို့၊ တွန်းဇံမြို့၊ တီးတိန်မြို့တို့အား တပ်မ တော်ကပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်တွင် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ နိုင်ငံတော်အစိုးရမှလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ဘိလပ်မြေအိတ်များအပါအဝင် လုပ်ငန်းသုံးပစ္စည်းများကို တပ်မတော်လေယာဥ်များဖြင့်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ဇွန် ၁၁ ရက်က ဆောက် လုပ်ရေးလုပ်ငန်းသုံးဖြစ်သော ဘိလပ်မြေ(၂၀၀)အိတ်၊ သွပ်(၂,၁၅၀)ချပ်၊ သံ(၉)ဖာ၊ ဝါရှာကွင်း(၁)ဖာ၊ ကျောင်းသုံးသင်ရိုးညွှန်တမ်းစာအုပ်(၂၇၂)အုပ်၊ ဆန် (၈၄၀)အိတ်၊ ဆီ(၃၇၁)ပိဿာသည် မန္တလေးမြို့မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရောက်ရှိလာသည့်ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဖလမ်းမြို့၊ တွန်းဇံမြို့နှင့် တီးတိန်မြို့များသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။




