ဝန်ကြီးချုပ် နေတန်ယာဟုအား အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ရန် အစ္စရေးရဲတပ်ဖွဲ့ အကြံပြုထောက်ခံ

ဖေဖော်ဝါရီ ၁၄

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအား လာဘ်ပေး လာဘ်ယူမှုနဲ့ စွဲချက်တင်သွားဖို့အတွက် အစ္စရေးရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်မှာ အကြံပြုထောက်ခံသွားခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုပါ ထောက်ခံအကြံပြုမှုကြောင့် ယင်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကို လှုပ်ခါသွားစေခဲ့ သလို ကာလကြာ ရာထူးဆုပ်ကိုင်ထားတဲ့ ၀န်ကြီးချုပ် နေတန်ယာဟုရဲ့ သက်တမ်းဟာလည်း မကြာမီ ဆုံးခန်းတိုင်သွားဖို့ နီးလာပြီလား ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

Read more

တောင်ကိုရီးယားနဲ့ တရုတ်ကို စီးပွားရေးအရ ထရမ့်ခြိမ်းခြောက်

တောင်ကိုရီးယားနဲ့ လွတ်လပ်စွာကုန်သွယ်မှုကို ပြန်ပြင်မှာဖြစ်ပြီး တရုတ်ကို စီးပွားရေးအရ အရေးယူမယ်လို့ အမေရိကန်သမ္မတ ထရမ့်က အာရှက အဓိကကုန်သွယ်ဖက် နှစ်နိုင်ငံကို ခြိမ်းခြောက်လိုက်ပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန် သံမဏိနဲ့ အလူမီနီယံလုပ်ငန်းတွေ ပျက်စီးအောင်လုပ်နေတယ်လို့ စွပ်စွဲရင်း အခွန်အကောက်နဲ့ တင်ပို့တဲ့ ခွဲတမ်းအပါအ၀င် ရွေးချယ်စရာမှန်သမျှကို ပြန်သုံးသပ်မယ်လို့ ပြောပါတယ်။

Read more

ကိုယ်စားလှယ် အဖွဲ့အပေါ် ဧည့်ဝတ်ကျေခဲ့သည့် တောင်ကိုရီးယားကို ကင်မ်ဂျုံအန်း ကျေးဇူးတင်

မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့အပေါ် အထူးတလည် ဧည့်ဝတ် ကျေပြွန်ခဲ့သည့် တောင်ကိုရီးယား၏ အပြုအမူအတွက် အထင်ကြီး ကျေးဇူးတင်မိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ချီးကျူးခဲ့သည်။

ညီမဖြစ်သူ ကင်မ်ယိုဂျောင် ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဖြောင်ချန်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် တောင်ကိုရီးယားသို့ သုံးရက်ကြာ သွားရောက်ခဲ့ပြီး  မြောက်ကိုရီးယားသို့ ပြန်လည် ရောက်ရှိချိန်တွင် ကင်မ်က ယခုလို မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

Read more

အီဂျစ်နိုင်ငံရှိ မြန်မာသံရုံးလုံခြုံရေးအတွက် အသုံးစရိတ် တိုးမြှင့်တောင်းဆို

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိမြန်မာသံရုံးမြင်ကွင်း

 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာရှိတဲ့ မြန်မာသံရုံးလုံခြုံရေး တိုးမြှင့်ကာကွယ်ချထားဖို့ အရေးပေါ်ရန်ပုံငွေကို ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံခြားရေး ၀န်ကြီးဌာနက တင်ပြတောင်းခံခဲ့ တယ်လို့ သိရပါတယ်။

Read more

ဒဂုံ​မြောက်​ပိုင်း ပြည်​ခိုင်​ဖြိုးပါတီ ဆွမ်းဆန်​စိမ်း​လောင်းလှူ

 

ဒဂုံမြို့သစ်​ ​မြောက်​ပိုင်း မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဒဂုံ​မြောက်​ပိုင်း မြို့နယ်​ လုံးဆိုင်​ရာ သံဃာအပါး (၈၀၀) ဆွမ်းဆန်​စိမ်း​လောင်းလှူပွဲကြီး၌ ဆွမ်းဆန်​​တော်​(၂၅)အိတ်​ ကာလတန်​ဖိုး​ငွေ ကျပ်​(၇၈၆၅၀၀)ခုနစ်​သိန်းရှစ်​​သောင်း​ခြောက်​​ထောင့်​ငါးရာကျပ်​အား ကုသိုလ်​ယူလှူဒါန်းခဲ့ပါသည်​။
ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုး ပါတီအ​နေဖြင့်​ ယခုနှစ်​ဆိုလျှင်​ သုံးနှစ်​​ဆက်​တိုက်​ ပါဝင်​ကုသိုလ်​ယူလှူဒါန်း​ကြောင်း သိရှိရပါသည်​။


Read more

စဉ့်​ကိုင်​ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေးပါတီဥက္ကဌများတာဝန်​​ပေးအပ်​ပွဲနှင့်​ပါတီဝင်​အဆိုပြုလွှာများ​စု​ပေါင်း​ပေးအပ်​ပွဲကျင်းပ

 

(၁၀.၂.၂၀၁၈)ရက်​​နေ့ နံနက်​(၁၀း၀၀)အချိန်​တွင်​ စဉ့်​ကိုင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ရပ်​/​ကျေးပါတီဥက္ကဌများတာဝန်​​ပေးအပ်​ပွဲနှင့်​ပါတီဝင်​အဆိုပြုလွှာများ​စု​ပေါင်း​ပေးအပ်​ပွဲကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့်​တိုင်း​​ပါတီကော်​မတီဝင်​များ၊ ​ကျောက်​ဆည်​ခရိုင်​ပါတီဥက္ကဌ ဦး​အောင်​မြင့်​သန်းနှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ စဉ့်​ကိုင်​မြို့နယ်​ပါတီဥက္ကဌ ဦးကြည်​ပြုံးနှင့်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီဥက္ကဌတာဝန်​​ပေးခြင်းအပ်​ခံရသူများ၊ ပြည်​ခိုင်​ဖြိုးပါတီသို့ဝင်​​ရောက်​မည့်​ပါတီဝင်​အသစ်​များတက်​​ရောက်​ခဲ့ကြပါသည်​။ အခမ်းအနားအားနိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး တိုင်း​ဒေသကြီးပါတီဥက္ကဌမှ အဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​ရပ်​​/​ကျေးပါတီဥက္ကဌများအား တာဝန်​​ပေးအပ်​လွှာများ​ပေးအပ်​ခြင်း၊ ပါတီဝင်​​ကြေးများ​ပေးအပ်​ခြင်း၊ ပါတီဝင်​တစ်​ဦးမှ​ကျေးဇူးတင်​စကားပြန်​လည်​​ပြောကြားခြင်း၊ ပါတီဝင်​အသစ်​များအားရင်​ထိုးများတပ်​ဆင်​​ပေးခြင်းတို့အပြီးတွင်​ တက်​​ရောက်​လာကြ​သောပါတီဝင်​အသစ်​များအား တိုင်းပါတီဥက္ကဌနှင့်​အဖွဲ့မှရင်းရင်းနှီးနှီးနှုတ်​ဆက်ခဲ့​ကြောင်း သိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး

Read more

ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးကျင်းပ

 

မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ နတ်မောက်၊ ရေနံချောင်း၊ချောက် နှင့်အချို့ မြို့နယ်များတွင် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နှစ်စဉ်ကျင်းပမြဲ အစဉ်အလာအတိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ဘေားလုံး၊ဘောလီဘော၊ ပိုက်ကျော်ခြင်း အားကစားနည်းပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးခြင်းဖြစ်သည်။ အားကစားသမားလူငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခ့ကြပြီး၊ အားကစားဝါသနာရှင်ပြည်သူများ လာရောက်အားပေးကြည့်ရှုခ့ကြသည်။

Read more

ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ရွာသစ်မြို့ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂/၂၀၁၈) ဆင်းပွဲ အခမ်းအနား

 

ယနေ့ ၁၂-၂-၂၀၁၈ရက်နေ့ ညနေ (၃း၀၀)နာရီအချိန်တွင် ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ရွာသစ်မြို့ နိုင်ငံရေးစီမံခန့် ခွဲမှု (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂/၂၀၁၈) ဆင်းပွဲ အခမ်းအနားအား ရွာသစ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီဝင်များနှင့်တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း နှင့်အဖွဲ့သည် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ခရိုင်၊ မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော် မတီဝင်များအားတွေ့ဆုံကာဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

Read more

အရှေ့ပိုင်းခရိုင် ၁၄ မြို့နယ် ပြည်ခိုင်ဖြိုးလူငယ်များ စုပေါင်းသန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံတောင်မြို့နယ် ကျန်စစ်သားလမ်းမပေါ်ရှိ ရတနာမြင့် ဘုန်းကြီးကျောင်းတွင်းကျောင်းပြင်ရှိ အမှိုက်များချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ ခရိုင်ကော်မတီဝင်ဦးဝဏ္ဏမျိုး၊ ခရိုင် နယ်မြေတာဝန်ခံ           ဦးမျိုးဝင်းကျော်နှင့် ဒဂုံအရှေ့ပါတီဥက္ကဋ္ဌ၊ အရှေ့ပိုင်းခရိုင် (၁၄)မြို့နယ် လူငယ် တာဝန်ခံများ စုစုပေါင်းအင်အား ၉ဝ ကျော် စုပေါင်း၍ ကျောင်းတွင်းကျောင်းပြင် ရှင်းလင်း ဆောင်ရွက် ကုသိုလ်ယူလုပ်အားပေးခဲ့ကြကြောင်း သိရသည်။

Read more