မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဒေသခံပြည်သူများနှင့်အတူ ဆွမ်းဆန်တော်လောင်းလှူ

 

မြစ်ကြီးနားမြို့ ပမ္မတီးရပ် ကွက် ဘုတ်မောနယ်မြေ အောင် မြေစံဘုန်းတော်ကြီးကျောင်းတိုက် ၌ ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီကကျင်းပ ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် ဘုတ်မောနယ်မြေ အောင်မြေစံ ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပသော ပဉ္စမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူ ဇော်ပွဲ အောင်မြင်ခြင်းအထိမ်း     အမှတ် ဆွမ်းဆန်တော်လောင်း လှူပွဲကို မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ‘တစ်ဆုပ်ဆန်လှူ အသင်း’က ဒေသခံပြည်သူများ နှင့်အတူပါဝင်လောင်းလှူခဲ့ခြင်းဖြစ် သည်။

Read more

ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှမ်းမနဲထိုးပြိုင်ပွဲကျင်းပ

ပြည်ထောင်စုနေ့ကို ဂုဏ်ပြု သောအားဖြင့် ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ကြီးမှူး၍ ဒုတိယ အကြိမ်မြောက် တိုက်နယ်ပေါင်းစုံ နှမ်းမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ကျင်းပရာ တိုက်နယ်ကိုယ်စားပြု ၁၃ ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာ တစ်ဖွဲ့၊ အမှတ်(၅၇ဝ)အနှေးယာဉ်လုပ်သား များမှ တစ်ဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြသည်။
ဒိုင်ချုပ်အဖြစ် ပါတီဗဟိုကော် မတီဝင် ဦးခင်မောင်ရီက ဆောင် ရွက်ပြီး ဒိုင်အဖွဲ့ဝင်များအဖြစ် ခရိုင်ပါတီအတွင်းရေးမှူး ဦးချစ် ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့မိမြို့ဖများက ဆောင်ရွက်ခဲ့ သည်။ထို့နောက် ဆုများကိုတာဝန် ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ညနေ ၅ နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဝင်များ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင် ပိုင်း)မြို့နယ်တို့မှ မြို့နယ်ပါတီ ကော်မတီတို့၏ ကြီးကြပ်မှုဖြင့် (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ ကို ဂုဏ်ပြုသောအားဖြင့် ဒဂုံမြို့ သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် (တောင် ပိုင်း)မြို့နယ်ရှိ လေးထောင့်ကန် ကျေးရွာတို့၏ ကျေးရွာပြည် ခိုင်ဖြိုးပါတီကော်မတီများ၏စီစဉ် မှုဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယခုလ ၁၁ ရက် နံနက် ၉ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် လေးထောင့်ကန်ကျေးရွာရှိ ရပ်ကွက် ဘောလုံး အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ဇီးကုန်းတွင် မာရသွန်ပြိုင်ပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးရှေ့တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မီတာ ၁ဝဝဝဝမာရသွန်      ပြိုင်ပွဲကျင်းပခဲ့သည်။

Read more

သရက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မေတ္တာရှင်အခမဲ့ဆေးကုသခန်း ၁ဝနှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်

 

သရက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်ထားသော မေတ္တာရှင် အခမဲ့ဆေးကုသခန်း ၁ဝနှစ်ပြည့်အထိမ်းအမှတ်ကို ယနေ့မွန်းလွဲ ၁နာရီက အဆိုပါဆေးခန်း၌ ကျင်းပ သည်။

၂ဝဝ၈ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ဖွဲ့စည်း တည်ထောင်ဖွင့်လှစ်ခဲ့သော သရက်မြို့နယ် ပြည် ခိုင်ဖြိုးပါတီ မေတ္တာရှင်အခမဲ့ဆေးကုသခန်း (ပြင်ပ လူနာ) ၁ဝနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ပါတီကော်မတီဝင်များက ၁ဝနှစ် တိုင်တိုင်စေတနာဖြင့် တာဝန်ယူကုသပေးနေသော ဆရာဝန်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ပြီး ဆေးကုသခံလူနာများအား အာဟာရမုန့်များ လက်ဆောင်ဝေငှပေးခဲ့သည်။

Read more

ကမ္ဘာပေါ်တွင် တန်ဖိုးအများဆုံး လူစာရင်းအဖြစ် မန်စီးတီးအသင်း မှတ်တမ်းဝင်

ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်း လူစာရင်းဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအများဆုံးလူစာရင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။

မန်စီးတီးကစားသမားတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ပေါင်သန်း ၇၇၇ သန်း ရှိတာကြောင့် ပီအက်စ်ဂျီ၊ မန်ချက်စတာ ယူနိုက်တက်၊ ဘာစီလိုနာ စတဲ့အသင်းတွေကို ကျော်ဖြတ်ပြီး တန်ဖိုးအကြီးဆုံး လူစာရင်းအဖြစ် သတ်မှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

Read more

ထောက်ခံအားပေးသော ချယ်လ်ဆီးပရိသတ်ကို နည်းပြကွန်တီ ချီးကျူး

လန်ဒန်- အိမ်ကွင်းတွင် ဝက်စ်ဘရွန်းကို သက်သောင့်သက်သာ ကစားကာ သုံးဂိုးပြတ် အနိုင်ရပြီးနောက် ၎င်းအပေါ် ထောက်ခံအားပေးသော အသင်းပရိသတ်များကို ချယ်လ်ဆီးနည်းပြ ကွန်တီက ချီးကျူးခဲ့သည်။

ဘုန်းမောက်နှင့် ဝက်ဖို့ဒ်ကို နှစ်ပွဲဆက် ဂိုးပြတ်ရှုံးပြီးနောက် ကွန်တီ၏ အနာဂတ်သည် ဖိအားများ သက်ရောက်ခဲ့ သော်လည်း ယခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် (၄)နေရာ ရောက်ရှိလာသဖြင့် ဖိအားများ အတန်အသင့် လျော့ကျခဲ့သည်။

Read more

ကမ္ဘာ့အဆင့်(၁)နေရာကို ပြန်လည်ရယူရန် ဖက်ဒရာ မျှော်လင့်နေ

ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒရာက ကမ္ဘာ့အဆင့်(၁)နေရာကို ပြန်လည်ရယူရန်မျှော်လင့်ထားသည်ဟု ဆိုလိုက်သည်။ ဖက်ဒရာမှာ သြစတြေးလျှအိုးပင်း တစ်ဦးချင်းပြိုင်ပွဲတွင် လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့ပြီး ဂရန်းဆလန်း အကြိမ်(၂၀)ရကစားသမားအဖြစ် စံချိန်သစ်တစ်ရပ်ကို ထပ်မံတင်ယူသွားနိုင်ခဲ့သည်။

Read more

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ရွှေခါးပတ်လုပွဲ နေပြည်တော်တွင် ပထမဆုံးအကြိမ် ကျင်းပမည်

၎ ကြိမ်မြောက် ကျင်းပမယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (WLC-4) ရိုးရာလက်ဝှေ့ချန်ပီယံ ရွှေခါးပတ်လုပွဲစဉ်တွေကို လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံမှာ ပထမဆုံးအကြိမ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ စုစုပေါင်းတွဲဆိုင်း ၇ ဆိုင်း ပါဝင်ပြီး အဓိကစိန်ခေါ်ပွဲအဖြစ် မစ်ဒယ်ဝိတ်တန်း လက်ရှိချန်ပီယံ တူးတူးကို ယူကရိန်းက ဗက်စ်ဆယ်ဆိုရိုကင်က စိန်ခေါ်ထိုးသတ်မှာပါ။

Read more