ရီးယဲလ်နှင့် ပီအက်စ်ဂျီက စိတ်ဝင်စားနေသည့် ပိုချက်တီနိုကို စပါးအသင်းစာချုပ်သစ်ကမ်းလှမ်းမည်

ဖေဖော်ဝါရီ ၁၅၊ လန်ဒန်

စပါးအသင်းသည် နည်းပြချုပ်ပိုချက်တီနို အသင်းတွင်ဆက်လက်ရှိနေစေရန်အတွက် စာချုပ်သစ်ကမ်းလှမ်းရန် အသင့်ဖြစ်နေ သည်။

ပိုချက်တီနို၏ လက်ရှိစာချုပ်သက်တမ်းမှာ သုံးနှစ်ကျန်နေသေးသော်လည်း ၎င်း၏ တိုးတက်မှုများအတွက် စပါးအသင်းက စာချုပ်သစ်ချုပ်လိုနေခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပိုချက်တီနိုကစားသမားဘဝက ကစားခဲ့သည့် ပီအက်စ်ဂျီအသင်းတို့သည် ဥရောပတွင် အသက်အငယ်ဆုံးနည်းပြတစ်ဦးအဖြစ် စွမ်းဆောင်ထားသည့် အာဂျင်တီးနားလူမျိုး ပိုချက်တီနိုကို စိတ်ဝင်စားနေကြသည်။

Read more

ဆာလက်၏ သွင်းဂိုးများရပ်တန့်မသွားဖို့ ဂျာဂင်ကလော့ပ် မျှော်လင့်

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က အသင်းအတွက် 36ပွဲမှာ ဂိုး 30 သွင်းယူထားတဲ့ ဆာလက်ရဲ့ သွင်းဂိုးတွေ ရပ်တန့်မသွားဖို့မျှော်လင့်နေမိတယ်လို့ဆိုလိုက်ပါတယ်။

လီဗားပူးအသင်းဟာ ပေါ်တိုအကို အဝေးကွင်းမှာ မာနေး၊ ဆာလက်၊ ဖာမီနိုတို့၏သွင်းဂိုးများနှင့်ဂိုးပြတ်အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် သေချာသွားခဲ့သည်။

Read more

ပီအက်စ်ဂျီနှင့် ပွဲမပြီးဆုံးသေးကြောင်း အသင်းဖော်များကို စီရော်နယ်ဒို သတိပေး

ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲမှာ မပြီးဆုံးသေးကြောင်း အသင်းဖော်များကို သတိပေးခဲ့ပြီး ဒု-ကျော့တွင် တိုက်စစ်ဆင်ကစားဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘာနေဗျူးမှာ ပီအက်စ်ဂျီကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုး(၁၀၀)သွင်း ယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

Read more

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ ကို ရီးရဲလ်မခေါ်သင့်ဟု စပိန်ဝန်ကြီးချုပ် ပြောကြား

စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းက ရီးရဲလ်အနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို မခေါ်သင့်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ရီးရဲလ်ဥက္ကဋ္ဌပီရက်ဇ်ဟာ ၂၀၁၃မှာ ဘာစီလိုနာကိုနေမာရောက်ကတည်းက ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်း ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ပီရက်ဇ်၊ အသင်းခေါင်းဆောင်ရာမို့စ် တို့အပြင် ဘရာဇီး အသင်းဖော်တွေဖြစ်တဲ့ ကက်စ်မီရိုနဲ့ မာဆယ်လိုတို့ဟာ ဘာနေဗျူးကို နေမာ လာရောက်ကစားဖို့ ရှိနေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Read more

ကင်မ်ဂျုံအန်း၏ ညီမကို ရည်ရွယ်ချက်ရှိရှိ မသိကျိုးကျွံ ပြုခဲ့ဟု အမေရိကန် ဒုသမ္မတဆို

ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ညီမကို ရည်ရွယ်ချက်ရှိရှိ မသိကျိုးကျွံ ပြုခဲ့ကြောင်း အမေရိကန် ဒုတိယ သမ္မတ မိုက်ခ်ပန့်စ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယား သမ္မတ၏ ဖိတ်ကြားမှုကြောင့် ဖြောင်ချန်း ဆောင်းရာသီ အိုလံပစ်သို့ တက်ရောက်ခဲ့သည့် မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့တွင် ကင်မ်ဂျုံအန်း၏ ညီမအရင်းဖြစ်သူ ကင်မ်ယိုဂျောင်လည်း လိုက်ပါလာသည်။

Read more

တရုတ်ဖုံးတွေ မသုံးဖို့ ကန် ထောက်လှမ်းရေး သတိပေး

တရုတ်ပြည်ကထုတ်လုပ်တဲ့ Huawei နဲ့ ZTE လက်ကိုင်စမတ်ဖုံးတွေဟာ လုံခြုံရေး အန္တရာယ် ကြီးမားတဲ့ အတွက် အမေရိကန်ပြည်သူတွေ ဝယ်ယူသုံးစွဲခြင်းမပြုကြပါနဲ့လို့ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA စီအိုင်အေ၊ နိုင်ငံတော်လုံခြုံရေးအဖွဲ့ NSA နဲ့ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးအဖွဲ့ FBI ထိပ်တန်းအရာရှိတွေက သတိပေး လိုက်ပါတယ်။ မနေ့က ကျင်းပတဲ့ အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ရှေ့မှောက် ကြားနာပွဲမှာ အခုလို သူတို့က ထွက်ဆိုပြောကြားခဲ့ကြတာပါ။

Read more

ဖလော်ရီဒါ အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၇ ဦး သေဆုံး

သေနတ်သမားကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်လာစဉ်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် ကျောင်းထုတ်ခံရသည့် ကျောင်းသားဟောင်း တစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Read more

တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမား ရာထူးကနုတ်ထွက်

ဂျိုဟန်နစ္စဘတ်၊ ဖေဖော်ဝါရီ ၁၅

တောင်အာဖရိက သမ္မတ ဇူးမားက ၎င်း၏ အာဖရိကအမျိုးသားပါတီ၏ အမိန့်အရ သမ္မတရာထူးက နုတ်ထွက်သည်ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာသည်။ အာဖရိကအမျိုးသားပါတီ ANC အနေဖြင့် ၁၉၉၄ ခုနှစ်ကတည်းက တိုင်းပြည်အား အုပ်ချုပ်လာခဲ့သည့် ပါတီကြီးဖြစ်သည်။

Read more

မြို့နယ်ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စုနေ့ဂုဏ်ပြုသီချင်းဆိုပြိုင်

 

ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့၌(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ရပ်ကွက် ကျေးရွာပေါင်းစုံသီချင်းဆိုပြိုင်ပွဲ ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ပါတီဗဟို ကော်မတီဝင်တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်မောင် တာနှင့်မြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌ များနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့ မြို့ဂီတအစည်း အရုံး၊ မိခင်နှင့်ကလေးအမျိုးသမီး ရေးရာအဖွဲ့မြို့နယ်အရန်မီးသတ် တပ်ဖွဲ့မှတာဝန်ရှိသူများ အဆိုပြိုင် ပွဲဝင်၄၈ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

ပန်းတောင်းတွင် ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဋ္ဌများခန့်အပ်တာဝန်ပေး

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့ နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုစည်းရုံးရေးမှူး ၄၈ ဦးအား ရပ်ကွက်/ကျေးရွာအုပ်စု ပါတီ ဥက္ကဋ္ဌများအဖြစ် ခန့်အပ်တာဝန် ပေးအပ်ပွဲနှင့်လူငယ်ရေးရာတွေ့ဆုံ ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

Read more