လွှတ်တော်ရွေးကောက်ပွဲတွင် ပါတီမဲရှုံး၍ နီပေါဝန်ကြီးချုပ် နုတ်ထွက်

ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၁၅

နီပေါဝန်ကြီးချုပ်သည် ၎င်း၏ပါတီက လွှတ်တော်ရွေးကောက်ပွဲတွင် မဲရှုံးပြီးနောက် နုတ်ထွက်လိုက်ရရာ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ရန် ရှိနေသည်။

နိုဝင်ဘာနှင့် ဒီဇင်ဘာက ရွေးကောက်ပွဲ အပြီးသတ် ရလဒ်ထွက်လာပြီးနောက်တစ်ရက်တွင် ဝန်ကြီးချုပ် ရှားဘာဟာဒေါဒူးဘားက ရာထူးက နုတ်ထွက်ကြောင်း ကြေညာခြင်း ဖြစ်သည်။

Read more

ရောမတွင် ဧရာမ မြေကျွံချိုင့်ကြီး ဖြစ်ပေါ်ခဲ့ပြီး မိသားစု ၂၀ ကျော်ကို ပြောင်းရွှေ့ပေးခဲ့

အီတလီနိုင်ငံ၊ ရောမမြို့တော်တွင် ဧရာမ မြေကျွံချိုင့်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သဖြင့် မိသားစု ၂၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်က ရောမရှိ ဘယ်လ်ဒူအီနာ ရပ်ကွက်တွင် အလွန်ကြီးမားပြီး ပေ ၃၀ မျှ နက်ရှိုင်းသည့် ကျင်းချိုင့်ကြီးတစ်ခု ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ နေရာတွင် ရပ်ထားသည့် ကားများပါ ချိုင့်ထဲ ပြုတ်ကျပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

Read more

အကြမ်းဖက်မှုများကို ထောင်တွင်းမှ ကြိုးကိုင်မှုဖြင့် ဘာသာရေးဆရာကို အင်ဒိုနီးရှား စွဲချက်တင်

အင်ဒိုနီးရှား တရားရုံးဟာ အစ္စလာမ်ဘာသာရေးဆရာတဦးကို အကြမ်းဖက်မှုတွေ ကြိုးကိုင်မှုနဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စွဲချက်တင်လိုက်ပါတယ်။

အမန် အဗ္ဗဒူရာမန်ဆိုသူ ဘာသာရေးဆရာဟာ ၂၀၁၆ ခုနှစ်က လူအသေအပျောက်များတဲ့ အသေခံဗုံးခွဲမှု အပါအဝင် အကြမ်းဖက်မှုတွေကို အကျဉ်းထောင်ထဲက ကြိုးကိုင်ခဲ့တယ်ဆိုတဲ့ စွပ်စွပ်ချက်တွေနဲ့ စွဲချက် တင်ခံရတာပါ။

Read more

ဆိပ်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစု သံဃာအပါး ၉ဝ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ရှေး ဟောင်းသမိုင်းဝင်ရှင်ပင်အလိုတော်ပေါက်စေတီတော် မြတ်ကြီးဗုဒ္ဓါဘိသေကမင်္ဂလာအနေကဇာတင်ပွဲနှင့် ပင့်သံဃာအပါး ၉ဝ တို့အား ဆွမ်းဘောဇဉ်ဆက် ကပ်လှူဒါန်းပွဲကို မြောက်ရွာမကျေးရွာ၌ နံနက် ၁ဝ နာရီခွဲတွင်ကျင်းပရာ ဆိပ်ဖြူပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင်၊ အတွင်းရေးမှူး ဦးလေးမောင်နှင့် မြို့ နယ်ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ ပါတီဝင် များတက်ရောက်ပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

Read more

လှည်းကူးပြည်ခိုင်ဖြိုးပါတီဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး လှည်း ကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စများ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ် လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှတိုင်းဒေသကြီး ကော်မတီဝင် လှည်းကူးမြို့နယ် တာဝန်ခံဦးခင်မောင်တင့်၊ မြောက် ပိုင်းခရိုင်အတွင်းရေးမှူးဦးမျိုးဇော်၊ မြို့နယ်အတွင်းရေးမှူး ဦးကျော်စိုး ဝင်းနှင့် မြို့နယ်ကော်မတီဝင်များ သည်ဖောင်ကြီးတိုက်နယ်ဖောင်ကြီး အရှေ့ကျေးရွာမှ ရပ်မိရပ်ဖများ၊ ပါတီအမာခံများနှင့် တွေ့ဆုံ၍ ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံတော် ၏နိုင်ငံရေးတရားဥပဒေစိုးမိုးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

ရခိုင်ပြည်နယ် စစ်တွေခရိုင်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း (၃/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအား အလေး ပြုကာနိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ် ပါတီအတွင်းရေးမှူးဦးသန်းဝေ(ဗဟိုကော်မတီဝင်) က အဖွင့်အမှာစကားပြောကြားခဲ့သည်။

Read more

လောင်းလုံးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီ ဝင် ၁ဝဝ အား အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနား ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်ဆင်အုပ်စု ကရင်ကြီး ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား တွင် တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူးဦးနေမျိုး၊ ထားဝယ်ခရိုင် ပါတီဥက္ကဋ္ဌဒေါက်တာဦးဝင်းအောင် နှင့် လောင်းလုံးမြို့နယ် ပါတီဥက္ကဋ္ဌဦးတင်မောင်မြင့် တို့က အမှာစကားပြောကြားပေးခဲ့ကြသည်။

Read more

တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီနှင့် ကျေးရွာ​ခေါင်း​ဆောင်​များ ​တွေ့ဆုံ

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊တာချီလိတ်​မြို့ ပြည်ထောင်​စုကြံ့ခိုင်​​ရေးနှင့့်​ဖွံ့ဖြိုး​ရေးပါတီမှ ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း၊ခရိုင်​အတွင်း​ရေးမှူျးနှင့်ခရိုင်​​ကော်​မတီဝင်​များ၊မြို့နယ်​ဥက္ကဌ၊မြို့နယ်​​ကော်​မတီဝင်​များလိုက်​ပါ၍(၁၄.၂.၂၀၁၈)ရက်​​နေ့တွင်​ တာချီလိတ်​မြို့နယ်​၊​အောက်​မိုင်းဟဲ​ကျေးရွာအုပ်​စု၊ပန်​ကူရွာသို့ သွား​ရောက်​ခဲ့ပြီး ပန်​ကူရွာရှိ ​ကျေးရွာခန်းမ​ဆောင်​တွင်​ ပန်​နယ်​၊ကာန၊ပန်​စလီ​ကျေးရွာများမှ ​ကျေးရွာပါတီ​ခေါင်း​ဆောင်​များနှင့် တွေ့ဆုံ၍ ​ရေးရာကဏ္ဍာအလိုက်​ လှုပ်​ရှား​ဆောင်​ရွက်​​နေမူများအား​ဆွေး​နွေးခြင်း၊​ကျေးရွာများတွင်​ပါတီအမျိုးသမီး​ရေးရာ၊လူငယ်​​ရေးရာအဖွဲ့များ ဖွဲ့စည်းနိုင်​​ရေးအတွက်​ ​ဆွေး​နွေးခဲ့ကြပြီး ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်းမှ ​ကျေးရွာ​ကောင်း​ဆောင်​များအား ဂုဏ်​ပြုမှတ်​တမ်းနှင့် လက်​​ဆောင်​ပစ္စည်းများ​ပေးအပ်​ချီးမြှင့်​ခဲ​ကြောင်းသိရှိရပါသည်​ ။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ


Read more

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် အစည်းအဝေး

 

ယနေ့ ၁၅-၂-၂၀၁၈ ရက်နေ့ နံနက်(၁၀း၁၅)နာရီမှ နေ့လည်(၁၂း၃၀)နာရီ အချိန် အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေး ခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ၊ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးကျော်မြင့်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးတင်ဦး၊ ဦးအောင်နိုင်ဦး       ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်ဒေါရစ်လေးနှင့် ဒေါ်နန်းယဉ်သီတာထွေးတို့ တက်ရောက်ကြောင်း သိရှိရသည်။

Read more

နွားထိုးကြီးမြို့နယ်​၊ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ကျင်းပ​သော ရပ်​ကွက်​/​ကျေးရွာအုပ်​စု ဥက္ကဌများအားတာဝန်​​ပေးအပ်​ပွဲနှင့်​ ပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​ပွဲသို့ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်းဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​တက်​​ရောက်​အား​ပေး

 

(၁၅.၂.၂၀၁၈)ရက်​​နေ့ (၁၀း၀၀)အချိန်​တွင်​ နွားထိုးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ရပ်​ကွက်​/​ကျေးရွာအုပ်​စု ဥက္ကဌများအားတာဝန်​​ပေးအပ်​ပွဲနှင့် ပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​ပွဲကျင်းပပြုလုပ်​ရာ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီကော်​မတီဝင်​များ၊ ​​မြင်းခြံခရိုင်​ပါတီဥက္ကဌ ဦး​​ကျော်​တင်​နှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ နွားထိုးကြီးမြို့နယ်​ပါတီဥက္ကဌ ဦးကြည်​​ဖေနှင့်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီဥက္ကဌအဖြစ်​တာဝန်​​ပေးအပ်​ခံရသူများ၊ ပြည်​ခိုင်​ဖြိုးပါတီသို့ဝင်​​ရောက်​မည့်​ပါတီဝင်​အသစ်​များတက်​​ရောက်​ခဲ့ကြပါသည်​။ အခမ်းအနားအားနိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး ပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝဏ္ဏ​မောင်​လွင်နှင့် တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​တို့မှ အဖွင့်​အမှာစကား​ပြောကြားကာ မြို့နယ်​ပါတီဥက္ကဌမှ​ဒေသဆိုင်​ရာအချက်​အလက်​များအားတင်​ပြခဲ့ပါ သည်​။

Read more