တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီလုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပခြင်း

 

ရှမ်းပြည်​နယ်​ (အ​ရှေ့ပိုင်း)၊တာချီလိတ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးအစည်းအ​ဝေးခန်းမတွင် ​ယ​နေ့ (၁၆.၂.၂၀၁၈)​နေ့တွင်​ ဗဟို​ကော်​မတီဝင်​ ​ဒေါ်တင်​​မေထွန်း ဦး​ဆောင်​၍ ခရိုင်​/မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​ /​ကျေး​ခေါင်း​ဆောင်​များ၊ အမျိုးသမီးအဖွဲ့များ တက်​​ရောက်​ကြပြီး ခရိုင်​​ကော်​မတီအဆင့်​ လစ်​လပ်​​နေရာများအား အစားထိုးတာဝန်​​ပေးအပ်​ခြင်း၊ မြို့နယ်​​ကော်​မတီဝင်​အဆင့်​ လစ်​လပ်​​နေရာများအား အစားထိုးတာဝန်​​ပေးအပ်​ခြင်း၊ ရပ်​ကွက်​​/ကျေးရွာပါတီဥက္ကဌ တာဝန်​​ပေးအပ်​ရန် ​​ရွေးချယ်​လျှာထား
ခြင်းများ ညှိနှိုင်း​ဆောင်​ရွက်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​ ။

Read more

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးဆင့်ပွားသင်တန်းအမှတ် ၁/ ၂ဝ၁၈ ဖွင့်လှစ်

 

ရခိုင်ပြည်နယ်သံတွဲခရိုင်သံတွဲ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပ သည့် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း ၁/၂ဝ၁၈ ဖွင့်ပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဗဟို ကော်မတီဝင် ဦးလှဟန်၊ ပြည်နယ် ကော်မတီဝင် ဦးတင်မောင်သန်း၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် ခရိုင် ကော်မတီဝင်ဒေါ်ဝင်းမင်းမာထွန်း၊ ဦးသန်းစိုး၊ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးစန်းနိုင်၊အတွင်းရေးမှူးဦးကြည်ရွှေ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးခေါင်းဆောင်များ၊ သင်တန်း သား သင်တန်းသူများတက်ရောက် ခဲ့ကြပြီး ၁/၂ဝ၁၈ ဆင့်ပွားသင် တန်းကို အောင်မြင်စွာဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်မှကြီးမှူးသည့် နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း (၄/၂၀၁၈) ကျောက်ဖြူခရိုင်တွင်ဖွင့်လှစ်

 

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျောက်ဖြူခရိုင်ပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်၊၊

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင် ဦးထွေးလှမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းမှူး ပြည်နယ်ကော်မတီဝင် ဦးသိန်းနုမှ သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်၊၊

Read more

မအူပင်မြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ရပ်​/​ကျေးပါတီ​ဥက္ကဋ္ဌ တာဝန်​​ပေးအပ်​ပွဲအခမ်းအနားကျင်းပ

 

၁၆.၂.၂၀၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မအူပင်မြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ရပ်​/​ကျေး ပါတီ​ကော်​မတီဥက္ကဋ္ဌ တာဝန်​​ပေးအပ်​ပွဲ အခမ်းအနားမှာ ဧရာဝတီတိုင်း       ​ဒေသကြီး ပြည်​​ထောင်​စုံကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုးပါတီဥက္ကဌ ဦးဥာဏ်လင်း ၊ တိုင်းပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးသန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တိုင်းပါတီကော်မတီဝင်       ဒေါ်ခင်စောမူနှင့် ခရိုင်ပါတီဥက္ကဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ ၊ မြို့နယ်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ ၊ ရပ်​ကွက်/​ကျေးရွာအုပ်​စုများမှ ပါတီ​ဥက္ကဋ္ဌနှင့်​​ကော်​မတီဝင်​များ        တက်​​ရောက်​ခဲ့ပါသည်။
ဆက်​လက်​ပြီး တိုင်းပါတီ ဥက္ကဌ ဦးဥာဏ်လင်းက အဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမြတ်ဟိန်း တက်ရောက် – – – – – – – – – – – – – – –

 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွှေဝါထွန်းဟိုတယ်၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌဦးမြတ်ဟိန်း ဗဟိုတွင်းရေးမှူးဦးပိုက်ထွေးနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ          ဦးစာမော်ထွန်း တိုင်းဒေသကြီးပါတီ ဒုဥက္ကဌဦးအောင်ချိုဦးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပထမအကြိမ် တာဝန်ထမ်းဆောင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ကြ           ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်မှုဆောင် ဦးဝဏ္ဏမောင်လွင် တာဝန်ပေးအပ်ပွဲအခမ်းအနားတက်ရောက်

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးဝဏ္ဏမောင်လွင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦီးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ ခရိုင်၊မြို့နယ်၊ရပ်/ကျေး ပါတီကော်မတီဝင်များ စုစုပေါင်းအင်အား ၃၇၁ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုပြည့်(တောင်သာ)


Read more

မန်ယူတိုက်စစ်မှူး မိုဗစ်ခ်ျ အယ်လ်အေဂလက်စီသို့ ပြောင်းရန် အိမ်တလုံးရှာဖွေနေ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျဟာ အယ်လ်အေဂလက်ဆီ အသင်းကို ပြောင်းရွှေ့ ကစားဖို့အတွက် လော့စ်အိန်ဂျလိစ်မြို့မှာ အိမ်တလုံး ရှာဖွေနေတယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်ရှိ အီဗရာဟီမိုဗစ်ခ်ျဟာ ပြီးခဲ့တဲ့နှစ်က ဒဏ်ရာရခဲ့ပြီးနောက် အသင်းနဲ့ တနှစ်စာချုပ်သက်တမ်း တိုးမြှင့်ထားတာပါ။

လက်ရှိအချိန်မှာတော့ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး နည်းပြမော်ရင်ဟိုက ကျေနပ်မှုမရှိတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

Read more

ဘောလုံးလောကတွင် ငွေအမြောက်အမြား သုံးစွဲမှုများကို ဖီဖာကန့်သတ်ရန် စီစဉ်

ပီအက်စ်ဂျီအသင်းက နေမာကို ကမ္ဘာ့စံချိန်တင်ကြေး ဖြင့်ခေါ်ယူပြီး တစ်နှစ်မပြည့်မီ ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက ကလပ် အသုံးစရိတ်များ ကန့်သတ်ထိန်း ချုပ်မည့် စည်းမျဉ်းအသစ်များကို မိတ်ဆက်ရန် ပြင်ဆင်နေသည်။

အင်ဖာတီနိုက ကစားသမား များ၏ အေးဂျင့်စရိတ်နှင့် အ ပြောင်းအရွှေ့ဈေးကွက်အသုံးစ ရိတ်တို့ကို ထိန်းချုပ်ကာ ဘောလုံး လောကကို  ကြီးကျယ်စေသော တန်ဖိုးထားမှုများကို ကာကွယ်ရန် ကြိုးပမ်းနေသည်။

Read more

အောင်လအန်ဆန်နှင့်ပွဲတွင် အိမ်ရှင်ပရိသတ်၏ ဖိအားကို မစိုးရိမ်ကြောင်း မာချာဒိုပြော

လိုက်ဟဲဗီးဝိတ်ချန်ပီယံလုပွဲတွင် အောင်လအန်ဆန်နှင့်ယှဉ်ပြိုင်မည့် ဘရာဇီး MMA ကစားသမားမာချာဒို (ဓာတ်ပုံ − MMA)

 

ရန်ကုန်မြို့တွင် ယှဉ် ပြိုင်ထိုးသတ်မည့် အောင်လအန်ဆန်နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ၌ အိမ်ရှင်ပရိ သတ်ဖိအားကို မစိုးရိမ်ကြောင်း ဘရာဇီး MMA ကစားသမားမာချာ ဒိုက One Championship အား ပြောသည်။

Read more

အဂတိ လိုက်စားမှုများကို တိုက်ဖျက်သွားမည်ဟု တောင်အာဖရိက သမ္မတသစ် ကတိပြု

တောင်အာဖရိက သမ္မတသစ် ဆိုင်ရဲလ် ရာမာဖိုဆာက နိုင်ငံ၏ အဂတိ လိုက်စားမှု ပြဿနာကို အစွမ်းကုန် တိုက်ဖျက်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်ကတည်းက သမ္မတအဖြစ် ရှိနေခဲ့သည့် ဂျက်ကော့ဘ် ဇူးမားသည် အဂတိ လိုက်စားမှု စွပ်စွဲချက်များနှင့် ဆက်တိုက် ဝေဖန်ခံခဲ့ရသည့်နောက် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ၎င်း၏ နေရာကို ဒုတိယ သမ္မတ ရာမာဖိုဆာက ဆက်ခံခဲ့ခြင်း ဖြစ်သည်။

Read more