အသက်အကြီးဆုံးကမ္ဘာ့နံပါတ်တစ်ဖြစ်လာတဲ့ ဖက်ဒါရာ

ဂရင်းစလင်းဆုဖလားအလုံး ၂၀ ရထားတဲ့ ရော်ဂျာဖက်ဒါရာဟာ သောကြာနေ့က ရော့တာဒမ်အိုးပင်းဆီမီးဖိုင်နယ် တက်ရောက် နိုင်ခဲ့ပြီးနောက် အသက်အကြီးဆုံး ကမ္ဘာ့နံပါတ်တစ်တင်းနစ် ကစားသမားဖြစ်လာပါတယ်။

အသက် ၃၆ နှစ်အရွယ် ဆွစ်ဇာလန်ကစားသမားဟာ နယ်သာလန်ရဲ့ရော်ဘင်ဟက်ဆီကို ၄-၆၊ ၆-၁၊ ၆-၁ နဲ့အနိုင်ရပြီးနောက် ပြိုင်ဘက်ရာဖေးနာဒယ်ရဲ့ကမ္ဘာ့အဆင့်တစ်နေရာကို လက်လွှဲယူနိုင်ခဲ့တာပါ။

“အံ့မခန်းရောက်ရှိမှုပါပဲ။ နံပါတ်တစ်ပြန်ဖြစ်ရတာ ကျွန်တော့်အတွက်အဓိပ္ပါယ်အများကြီးရှိပါတယ်။ မယုံနိုင်စရာ ကောင်းလောက် အောင်ပါပဲ။ အရမ်းလည်းပျော်တယ်။

Read more

ချန်ပီယံခါးပတ်လိုချင်လျှင် ပြိုင်ဘက်က တိုက်စစ်ပိုမိုဖွင့်ကစားရန်လိုကြောင်း တူးတူးပြော

တူးတူးနှင့် ယူကရိန်းလက်ဝှေ့သမား ဆိုရိုကင် ထိုးသတ်နေစဉ် (ဓာတ်ပုံ – WLC)

နေပြည်တော်တွင် ကျင်းပသည့် WLC မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ၌ အနိုင်ရရှိပြီးနောက် ပြိုင်ဘက်အနေဖြင့် ချန်ပီယံခါးပတ် ရယူလိုပါက တိုက်စစ်ပိုမိုဖွင့်ကစားရန် လိုအပ်ကြောင်း တူးတူးက ပွဲအပြီး၌ ပြောကြားသည်။ ၎င်းအနေဖြင့် ချန်ပီယံဆု ကာကွယ်နိုင်ရန် ခံစစ်ဦးစားပေးခဲ့ပြီး ချန်ပီယံခါးပတ်ရယူလိုသော ပြိုင်ဘက်အနေဖြင့် ပိုမိုတိုက်စစ်ဖွင့်ကစားရန်လိုကြောင်း တူးတူးက ပြောသည်။

Read more

အီရန် ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း လိုက်ပါခဲ့သူ ၆၆ ဦးစလုံး သေဆုံးသွားပြီဟု ယုံကြည်ရ

ဓာတ်ပုံ – ရိုက်တာ

အီရန်တွင် ပျက်ကျခဲ့သည့် ခရီးသည်တင် လေယာဉ်၌ လိုက်ပါသွားသူ ၆၆ ဦးစလုံး သေဆုံးသွားပြီဟု ယုံကြည်ရကြောင်း သိရှိရသည်။

Aseman လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်သည် ဖေဖော်ဝါရီ ၁၈ ရက်က တောင်ထူထပ်ရာ ဇာဂရော့စ် ဒေသတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် ခရီးသည်နှင့် အမှုထမ်း ၆၆ ဦး လိုက်ပါခဲ့ပြီး အားလုံး၏ ကံကြမ္မာမှာ အဆိုးဆုံး ကြုံသွားနိုင်ကြောင်း လေကြောင်းလိုင်းက ဝန်ခံ အတည်ပြုထားသည်။

Read more

အစ္စရေးတို့ရဲ့ သံန္နိဌာန်ကိုလာမစမ်းနဲ့ဟု အီရန်ကို နီတန်ယာဟုသတိပေး

မြူးနစ်၊ ဂျာမနီ၊ ဖေဖေါ်ဝါရီ ၁၉

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နီတန်ယာဟုက ဆီးရီးယားနိုင်ငံအတွင်းသို့ အီရန်နှင့် သူ၏ကိုယ်စားပြုအဖွဲ့များ ကျူးကျော် ၀င်ရောက်လာမှုနှင့်ပက်သက်၍ အီရန်အစိုးရအား သတိပေးလိုက်ပြီး အစ္စရေးအနေဖြင့် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မည့်အလုပ်ကို လုပ်မည်မဟုတ်ကြောင်း တနင်္ဂနွေနေ့က ပြောဆိုခဲ့သည်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ပြုလုပ်ခဲ့သော လုံခြုံရေးညီလာခံတွင် မိန့်ခွန်းပြောကြားစဉ်ခိုက် နီတန်ယာဟုသည် အီရန်အစိုးရအဖွဲ့မှ အာဏာရှင်များကို သတင်းစကားပါးလိုက်သည်ဟု ရည်ရွယ်ပြောဆိုကာ “အစ္စရေးတို့ရဲ့ သံန္နိဌာန်ကိုလာမစမ်းနဲ့” ဟု သတိပေးခဲ့သည်။

Read more

နှစ် ၁၀၀၀ ကျော်သက်တမ်းရှိ တိဘက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း မီးလောင်

တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လာဆာရှိ နာမည်ကျော် ဇုဟန်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းမှာ ဖေဖော်ဝါရီ ၁၇ ရက်က မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

အဲဒီ ဇုဟန်း ဘုန်းတော်ကြီးကျောင်းဟာ ယူနက်စကို အသိမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် တခုဖြစ်ပြီး နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိတယ်လို့ တိဘက်ဒေးလီး သတင်းဌာနက  ဆိုပါတယ်။

Read more

အမေရိကန်အခြေစိုက် ရုရှားသတင်းဌာန ပြည်ပအေးဂျင့်အဖြစ် မှတ်ပုံတင်

အမေရိကန်အခြေ စိုက် ရုရှားသတင်းဌာနဖြစ်သော RIA Global LLC သည် အမေရိကန်တရားရေးဌာနထံ ပြည်ပ အေးဂျင့်အဖြစ် မှတ်ပုံတင်ခဲ့ပြီး ယင်းမှာ နိုဝင်ဘာက အမေရိကန် အစိုးရ၏ ဖိအားပေးခြင်းခံရပြီးနောက် မှတ်ပုံတင်သည့် ရုရှားနှင့် ဆက်နွှယ်သော စတုတ္ထမြောက် မီဒီယာကုမ္ပဏီဖြစ်သည်။

ရုရှားနိုင်ငံပိုင် သတင်းဌာန ဖြစ်သော Sputnik အတွက် အာဘော်ထုတ်လွှင့်ပေးနေသော RIA Global သည် ပြည်ပအေးဂျင့် မှတ်ပုံတင်အက်ဥပဒေ (FARA) အရ ဖေဖော်ဝါရီ ၁၆ ရက်က မှတ်ပုံတင်ခဲ့သည်။

Read more

နွားထိုးကြီးမြို့နယ်​၊ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ကျင်းပ​သော ရပ်​ကွက်​/​ကျေးရွာအုပ်​စု ဥက္ကဌများအားတာဝန်​​ပေးအပ်​ပွဲနှင့်​ ပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​ပွဲသို့ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်းဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​တက်​​ရောက်​အား​ပေး

 

(၁၅.၂.၂၀၁၈)ရက်​​နေ့ (၁၀း၀၀)အချိန်​တွင်​ နွားထိုးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ရပ်​ကွက်​/​ကျေးရွာအုပ်​စု ဥက္ကဌများအားတာဝန်​​ပေးအပ်​ပွဲနှင့် ပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​ပွဲကျင်းပပြုလုပ်​ရာ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီကော်​မတီဝင်​များ၊ ​​မြင်းခြံခရိုင်​ပါတီဥက္ကဌ ဦး​​ကျော်​တင်​နှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ နွားထိုးကြီးမြို့နယ်​ပါတီဥက္ကဌ ဦးကြည်​​ဖေနှင့်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီဥက္ကဌအဖြစ်​တာဝန်​​ပေးအပ်​ခံရသူများ၊ ပြည်​ခိုင်​ဖြိုးပါတီသို့ဝင်​​ရောက်​မည့်​ပါတီဝင်​အသစ်​များတက်​​ရောက်​ခဲ့ကြပါသည်​။ အခမ်းအနားအားနိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး ပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝဏ္ဏ​မောင်​လွင်နှင့် တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​တို့မှ အဖွင့်​အမှာစကား​ပြောကြားကာ မြို့နယ်​ပါတီဥက္ကဌမှ​ဒေသဆိုင်​ရာအချက်​အလက်​များအားတင်​ပြခဲ့ပါ သည်​။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ဦးထွေးလှ မာန်အောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးထွေးလှ(နတလညွှန်ချုပ်ငြိမ်း) သည် ရခိုင်ပြည်နယ် မာန်အောင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များနှင့်သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် ဦးထွေးလှနှင့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်းတို့သည် ကျောက်ဖြူမှ မာန်အောင်သို့ လေယာဉ်ဖြင့် ယခုလ ၁၂ရက် မွန်းလွဲ ၁၂နာရီခွဲ ကရောက်ရှိလာရာ မာန်အောင်မြို့ နယ်ပါတီမှ ခရိုင်၊ မြို့နယ်၊ ရပ်/ ကျေးခေါင်းဆောင်များကလေဆိပ် တွင် ကြိုဆိုခဲ့ကြသည်။

Read more

ကျိုက်လတ်မြို့တွင် ရပ်/ ကျေးပါတီစည်းရုံးရေးမှူးများအား ရပ်/ကျေးပါတီဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေး

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ကျိုက်လတ်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရပ်ကွက်နှင့်ကျေးရွာများ၌ ပါတီစည်းရုံးရေးမှူးများအား ရပ်/ ကျေးပါတီဥက္ကဋ္ဌအဖြစ် တာဝန် ပေးခန့်အပ်ပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြာသပတေးနေ့တိုင်း အရုဏ်ဆွမ်းလောင်းလှူ

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်ပါတီဝင်များသည်ကြာသပတေးနေ့နံနက်တိုင်း မြို့နယ်ပါတီရုံးရှေ့တွင် အရုဏ်ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူလျက်ရှိရာ ယနေ့နံနက် ၅နာရီက အလှူရှင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေမိသားစုနှင့် မြို့နယ်ပါတီ ကော်မတီဝင်များက အရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။

TKA(သာကေတ)


Read more