ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ကျေးရွာအုပ်စု ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲကျင်းပ

 

နေပြည်တော် မတ် ၃၀

Read more

ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ပါတီဥက္ကဌနှင့် ကော်တီဝင်များအား တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

 

ဆိပ်ကမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကွက်ပါတီဥက္ကဌနှင့်ကော်တီဝင်များအား တာဝန်ပေးအပ်ပွဲအခမ်းအနားကို ၂၉-၃-၂၀၁၈ ကြာသာပတေးနေ့ (၃) နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်း တက်ရောက်အမှာစကားပြောကြားပြီး ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးနေဝင်းမှအသိအမှတ်ပြုကဒ်ပြားများကို တစ်ဦးချင်းပေးအပ်ခဲ့ရာ ရပ်ကွက်ပါတီဥက္ကဌနှင့် ကော်မတီဝင် (၁၅) အား ပေးအပ်ခဲ့ပါသည်


Read more

အမရပူရမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဖွင့်​လှစ်

 

(၃၀.၃.၂၀၁၈) ရက်​​နေ့ နံနက်​ (၀၉း၀၀) အချိန်​တွင်​ ​အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲအခမ်းအနားကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီ​​ကော်​မတီဝင် ​(မန္တ​လေးခရိုင်​နယ်​​မြေတာဝန်​ခံ) ဦးမျိုးမြင့်​၊ တိုင်းပါတီ​ကော်​မတီဝင်​ ဦး​ကျော်​စန်း၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌ ဦးဘိုသင်းနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများ၊ ​အမရပူရမြို့နယ်​ပါတီဥက္ကဌ ဦးသိန်းထွန်းဦးနှင့်​ ​ကော်​မတီဝင်​များ၊ သင်​တန်းသား/သူများ တက်​​ရောက်​ခဲ့ကြပြီး အခမ်းအနားအား နိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးမျိုးမြင့်​မှ သင်​တန်းဖွင့်​အမှာစကား​ပြောကြားကာ မြို့နယ်​​ကော်​မတီဝင် ဦးသက်​နိုင်​ဝင်းမှ သင်​တန်းစည်းကမ်းများ ဖတ်​ကြားရှင်းလင်းခဲ့​ကြောင်းသိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး

Read more

ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား

 

ဖါးဆောင်းမြို့၊ မတ်လ ၂၉

Read more

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဗြိတိန်ဒိုင်လူကြီးများ ရွေးချယ်ခံရခြင်းမရှိ

ဖီဖာဟာ ရုရှားမှာကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒိုင်လူကြီး(၃၆)ဦး အမည်စာရင်း ထုတ်ပြန်ခဲ့ရာမှာ ဗြိတိန်ဒိုင်တွေ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါဟာ ၁၉၃၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗြိတိန်ဒိုင်တွေ မပါဝင်တာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ မက်ကလက်တန်ဘတ်ဟာ ဖီဖာရဲ့ ဒိုင်စာရင်းမှာ ကာလရှည်ကြာပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော ဗြိတိန်ဒိုင်လူကြီးပါ။ ဒါပေမယ့်သူဟာ ပရီးမီးယားလိဂ်ကနေ ထွက်ခွာပြီး ဆော်ဒီလိဂ်ဒိုင်အကြီးအကဲအဖြစ် ဆောင်ရွက်နေပါတယ်။ ဒါကြောင့်လည်း ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။

Read more

ချဲလ်ဆီးနှင့်ပွဲတွင် ဟယ်ရီကိန်း ပြန်ကစားနိုင်ဖွယ်ရှိ

စပါးနည်းပြ ပိုချက်တီနိုက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ တနင်္ဂနွေနေ့ ချဲလ်ဆီးနဲ့ ကစားမယ့်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာ ခြေကျင်းဝတ်အရွတ်ကြောဒဏ်ရာ ရရှိခဲ့ပြီးတဲ့နောက် အခုအချိန်အထိ အနားယူခဲ့ ရပါတယ်။

ဟယ်ရီကိန်းဟာ စပါးပထမအသင်းနဲ့အတူ လေ့ကျင့်ခန်း မဆင်းနိုင်သေးပေမယ့် ချဲလ်ဆီးနဲ့ ပွဲမှာ ပါဝင်နိုင်ဖို့ ရှိတယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။

Read more

မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

 

ဖျာပုံ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ဖျာပုံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစန်းမောင်၊ခရိုင်ပါတီ အတွင်းရေးမှူး ဦးစောအောင်ချစ်ဆွေ၊ ခရိုင်ပါတီကော်မတီဝင် ဦးလှမိုး၊ ဖျာပုံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမိုးအောင်၊ မြို့နယ်အတွင်း ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ကော်မတီဝင် ဦးပေါ်လွင်တို့ သည် ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စု ရွှေထီးကျေးရွာတွင် ယမန်နေ့နံနက် ၁ဝနာရီခွဲကမီးဘေးသင့်အိမ်ထောင်စု ၃၆ စု အား တစ်အိမ်ထောင်စုလျှင် ခေါက်ဆွဲခြောက် တစ်ဖာ၊ရေသန့်တစ်ကတ်၊ ဆန်နှစ်ပြည်၊ ဆီ ၂၅ကျပ်သား တစ်ဘူးစီအား ကျေးရွာပြည်ခိုင်ဖြိုး ပါတီအဖွဲ့နှင့် ပူးပေါင်းပေးအပ်လှူဒါန်းကာ အားပေးစကားများ ပြောကြားခဲ့သည်။

Read more

သုံးခွပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်

 

သုံးခွ မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီကကျင်းပရာ ရန်ကုန်တောင် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

Read more

ဒီဂီယာကိုလိုချင်ရင် စီရော်နယ်ဒိုနဲ့လဲမယ်

ရီးယဲလ်မက်ဒရစ်အသင်းမှာ အပြောင်းအရွှေ့ဈေးကွက်ရောက်တိုင်း မန်ယူဂိုးသမား ဒီဂီယာကို ခေါ်ယူရန် အမြဲလိုကြိုးပမ်းလေ့ ရှိနေခြင်းနှင့်ပတ်သက်ပြီး မန်ယူနည်းပြ မော်ရင်ညိုက ပြန်လည် တုန့်ပြန်သွားခဲ့သည်။

၎င်းတို့အနေဖြင့် စီရော်နယ်ဒိုကို မိမိတို့အသင်းထံ စေလွှတ်ပေးမည်ဆိုပါက ဒီဂီယာကို ပြန်လည်စေလွှတ် ပေးသွားမည်ဟု မော်ရင်ညိုက ဆိုလိုက်သည်။ ဒီဂီယာမှာ လာမည့်ရာသီအကုန်တွင် မန်ယူအသင်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ မန်ယူအသင်းကလည်း စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသော်လည်း ဒီဂီယာ ဘက်မှ အချိန်စွဲသည့် အနေအထားမျိုး ရှိနေခြင်းကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

Read more