ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ ဘယ္လာ႐ုစ္ႏိုင္ငံတြင္ က်င္းပေသာ International Inter-Party Conference သို႔ တက္ေရာက္

ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ ဘယ္လာ႐ုစ္ႏိုင္ငံတြင္ က်င္းပေသာ International Inter-Party Conference သို႔ တက္ေရာက္
===========
ေမ ၂၈၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း၊ ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္းႏွင့္ ကိုယ္စားလွယ္အဖြဲ႕သည္ ၂၈-၅-၂၀၂၆ ရက္ေန႔မွ ၂၉-၅-၂၀၂၆ ရက္ေန႔အထိ ဘယ္လာ႐ုစ္ႏိုင္ငံတြင္ က်င္းပေသာ International Inter-Party Conference သို႔ တက္ေရာက္ခဲ့ပါသည္။

ထိုအစည္းအေဝးပြဲသို႔ ႐ုရွား၊ အဇာဘိုင္ဂ်န္၊ အာေမးနီးယား၊ ဗင္နီဇြဲလား၊ ဗီယက္နမ္၊ အီရန္၊ ကာဇက္စတန္၊ တ႐ုတ္၊ က်ဴးဘား၊ ျမန္မာ၊ ပါလက္စတိုင္း၊ ဆားဘီးယား၊ တာဂ်စ္ကစၥတန္၊ ဥဇဘက္ကစၥတန္စသည့္ ႏိုင္ငံေရးပါတီမ်ားမွ ပါတီကိုယ္စားလွယ္မ်ားႏွင့္ ပညာရွင္မ်ား ပါဝင္တက္ေရာက္လ်က္ရွိပါသည္။ ထိုအစည္းအေဝးအစီအစဥ္အတြင္း စုံညီအစည္းအေဝး ႏွင့္ က႑အလိုက္ ေဆြးေႏြးပြဲမ်ား ပါဝင္ေၾကာင္း သတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း နှင့် ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံတွင် ကျင်းပသော International Inter-Party Conference သို့ တက်ရောက်
===========
မေ ၂၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ၂၈-၅-၂၀၂၆ ရက်နေ့မှ ၂၉-၅-၂၀၂၆ ရက်နေ့အထိ ဘယ်လာရုစ်နိုင်ငံတွင် ကျင်းပသော International Inter-Party Conference သို့ တက်ရောက်ခဲ့ပါသည်။

ထိုအစည်းအဝေးပွဲသို့ ရုရှား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ အီရန်၊ ကာဇက်စတန်၊ တရုတ်၊ ကျူးဘား၊ မြန်မာ၊ ပါလက်စတိုင်း၊ ဆားဘီးယား၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်စသည့် နိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်များနှင့် ပညာရှင်များ ပါဝင်တက်ရောက်လျက်ရှိပါသည်။ ထိုအစည်းအဝေးအစီအစဉ်အတွင်း စုံညီအစည်းအဝေး နှင့် ကဏ္ဍအလိုက် ဆွေးနွေးပွဲများ ပါဝင်ကြောင်း သတင်းရရှိပါသည်။