ေအာင္လံၿမိဳ႕နယ္တြင္ ေက်ာင္းအပ္ႏွံေရးေန႔ အခမ္းအနားက်င္းပ

ေအာင္လံၿမိဳ႕နယ္တြင္ ေက်ာင္းအပ္ႏွံေရးေန႔ အခမ္းအနားက်င္းပ
===========================
အခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ တြဲဘက္အေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ (ေအာင္လံမဲဆႏၵနယ္) ဦးတင္ေအာင္ခ်စ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ခ်ိန္တို႔ တက္ေရာက္ကာ ေက်ာင္းသားေက်ာင္းသူမ်ားအား အားေပးခ်ီးျမႇင့္ခဲ့ၾကသည္။

ထို႔အျပင္ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္အဆင့္ တာဝန္ရွိသူမ်ားျဖစ္ၾကေသာ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား၊ ၿမိဳ႕နယ္ပညာေရးမႉး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးႏွင့္ တာဝန္ရွိသူမ်ား၊ ရပ္မိရပ္ဖမ်ား၊ ဆရာ ဆရာမမ်ားႏွင့္ မိဘျပည္သူမ်ား တက္ေရာက္ခဲ့ၾကသည္။
အခမ္းအနားတြင္ ေက်ာင္းသားေက်ာင္းသူမ်ားအား ပညာေရးဆိုင္ရာ အားေပးစကားမ်ား ေျပာၾကားခဲ့ၿပီး ေက်ာင္းသုံးပစၥည္းမ်ားႏွင့္ လိုအပ္ေသာ သင္ေထာက္ကူျပဳပစၥည္းမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

ထို႔ေနာက္ ေက်ာင္းအပ္ႏွံေရးလုပ္ငန္းမ်ားကို စနစ္တက် ေဆာင္႐ြက္ခဲ့ၾကၿပီး ပညာေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဆက္လက္ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္သြားၾကရန္ တာဝန္ရွိသူမ်ားက ေဆြးေႏြးအားေပးမွာၾကားခဲ့ၿပီး အခမ္းအနားကို ႐ုတ္သိမ္းခဲ့ေၾကာင္း သိရသည္။


အောင်လံမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
===========================
အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တွဲဘက်အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (အောင်လံမဲဆန္ဒနယ်) ဦးတင်အောင်ချစ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချိန်တို့ တက်ရောက်ကာ ကျောင်းသားကျောင်းသူများအား အားပေးချီးမြှင့်ခဲ့ကြသည်။

ထို့အပြင် ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများဖြစ်ကြသော ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောင်းသားကျောင်းသူများအား ပညာရေးဆိုင်ရာ အားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများနှင့် လိုအပ်သော သင်ထောက်ကူပြုပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခဲ့ကြပြီး ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများက ဆွေးနွေးအားပေးမှာကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။