ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားနဲ႔အတူ ေအာင္ပြဲခံခဲ့တဲ့ အာဆင္နယ္အသင္း

ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားနဲ႔အတူ ေအာင္ပြဲခံခဲ့တဲ့ အာဆင္နယ္အသင္း
==============================
ၿပီးခဲ့တဲ့ ပြဲစဥ္အၿပီးကတည္းက ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ခဲ့တဲ့ အာဆင္နယ္အသင္းက မေန႔ညက ေနာက္ဆုံးပြဲစဥ္ကစားအၿပီးမွာ ၂၂ ႏွစ္ ေစာင့္ခဲ့ရတဲ့ ပရီးမီးယားလိဂ္ဖလားကို တရားဝင္ ကိုင္ေျမႇာက္ခဲ့ၿပီး ေအာင္ပြဲခံသြားပါတယ္။
အာဆင္နယ္နဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးအသင္းက တန္းဆင္းဇုန္ထက္ ၂ မွတ္အသာနဲ႔ တန္းဆင္းရမယ့္အေျခအေနကေန လြတ္ေျမာက္သြားခဲ့ပါတယ္။ တန္းတက္ ဆန္းဒါးလန္းအသင္းကေတာ့ ယူ႐ိုပါလိဂ္ ဝင္ခြင့္ရခဲ့ၿပီး ဝက္စ္ဟမ္း၊ ဘန္ေလနဲ႔ ဝုဗ္ဗာဟန္တန္ အသင္းတို႔ကေတာ့ ခ်န္ပီယံရွစ္ကို တန္းဆင္းသြားပါတယ္။


ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့အတူ အောင်ပွဲခံခဲ့တဲ့ အာဆင်နယ်အသင်း
==============================
ပြီးခဲ့တဲ့ ပွဲစဉ်အပြီးကတည်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းက မနေ့ညက နောက်ဆုံးပွဲစဉ်ကစားအပြီးမှာ ၂၂ နှစ် စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို တရားဝင် ကိုင်မြှောက်ခဲ့ပြီး အောင်ပွဲခံသွားပါတယ်။
အာဆင်နယ်နဲ့ မြို့ခံပြိုင်ဘက် စပါးအသင်းက တန်းဆင်းဇုန်ထက် ၂ မှတ်အသာနဲ့ တန်းဆင်းရမယ့်အခြေအနေကနေ လွတ်မြောက်သွားခဲ့ပါတယ်။ တန်းတက် ဆန်းဒါးလန်းအသင်းကတော့ ယူရိုပါလိဂ် ဝင်ခွင့်ရခဲ့ပြီး ဝက်စ်ဟမ်း၊ ဘန်လေနဲ့ ဝုဗ်ဗာဟန်တန် အသင်းတို့ကတော့ ချန်ပီယံရှစ်ကို တန်းဆင်းသွားပါတယ်။