အိႏၵိယႏိုင္ငံကို ပထမဆုံး လာေရာက္လည္ပတ္တဲ့ UFC ခ်န္ပီယံ ဂ်ိဳရႉအာဗန္

အိႏၵိယႏိုင္ငံကို ပထမဆုံး လာေရာက္လည္ပတ္တဲ့ UFC ခ်န္ပီယံ ဂ်ိဳရႉအာဗန္
=============================
ဖလိုင္းဝိတ္ခ်န္ပီယံ ခ်င္းတိုင္းရင္းသား ဂ်ိဳရႉအာဗန္ဟာ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ကို ပထမဆုံး
လာေရာက္လည္ပတ္တဲ့ UFC ခ်န္ပီယံအျဖစ္ မွတ္တမ္းဝင္သြားပါတယ္။ ဂ်ိဳရႉအာဗန္ဟာ ေမလ ၂၅ ရက္က မေလးရွားႏိုင္ငံကို ေရာက္ရွိလာၿပီး ခ်င္းအဖြဲ႕အစည္းေတြနဲ႔ ေတြ႕ဆုံခဲ့က ငယ္စဥ္ဘဝက ၎တက္ေရာက္ခဲ့တဲ့ ေက်ာင္းကိုလည္း အလည္အပတ္ သြားေရာက္ခဲ့ပါတယ္။ ၎ဟာ မီဇိုရမ္ျပည္နယ္မွာရွိစဥ္ ျပည္နယ္MMAအဖြဲအည္း(MSMMA)က ေမလ ၃၀ ရက္မွာ က်င္းပမယ့္ Fight Night ကိုလည္း အထူး ဧည့္သည္ေတာ္အျဖစ္ တက္ေရာက္မွာျဖစ္တယ္။ မီဇိုရမ္ျပည္နယ္ အားကစားဝန္ႀကီးက UFC ခ်န္ပီယံတစ္ဦး မီဇိုရမ္ျပည္နယ္ကို လာေရာက္တာဟာ ျပည္နယ္အတြက္ သမိုင္းမွတ္တိုင္ တစ္ခုလို ေျပာခဲ့ပါတယ္။
အိန္ဒိယနိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်တဲ့ UFC ချန်ပီယံ ဂျိုရှူအာဗန်
=============================
ဖလိုင်းဝိတ်ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှူအာဗန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ပထမဆုံး
လာရောက်လည်ပတ်တဲ့ UFC ချန်ပီယံအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဂျိုရှူအာဗန်ဟာ မေလ ၂၅ ရက်က မလေးရှားနိုင်ငံကို ရောက်ရှိလာပြီး ချင်းအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့က ငယ်စဉ်ဘဝက ၎င်းတက်ရောက်ခဲ့တဲ့ ကျောင်းကိုလည်း အလည်အပတ် သွားရောက်ခဲ့ပါတယ်။ ၎င်းဟာ မီဇိုရမ်ပြည်နယ်မှာရှိစဉ် ပြည်နယ်MMAအဖွဲအည်း(MSMMA)က မေလ ၃၀ ရက်မှာ ကျင်းပမယ့် Fight Night ကိုလည်း အထူး ဧည့်သည်တော်အဖြစ် တက်ရောက်မှာဖြစ်တယ်။ မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီးက UFC ချန်ပီယံတစ်ဦး မီဇိုရမ်ပြည်နယ်ကို လာရောက်တာဟာ ပြည်နယ်အတွက် သမိုင်းမှတ်တိုင် တစ်ခုလို ပြောခဲ့ပါတယ်။




