၂၀၂၅-၂၆ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ခါဗာစကယ္လီယာ ေ႐ြးခ်ယ္ခံရၿပီး အေကာင္းဆုံးအသင္းမွာ PSG ကစားသမား (၅)ဦးပါဝင္

၂၀၂၅-၂၆ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ခါဗာစကယ္လီယာ ေ႐ြးခ်ယ္ခံရၿပီး အေကာင္းဆုံးအသင္းမွာ PSG ကစားသမား (၅)ဦးပါဝင္
=================================
ဥေရာပေဘာလုံးအဖြဲခ်ဳပ္(UEFA)က ၂၀၂၅-၂၆ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ PSG ေတာင္ပံကစားသမား ခါဗာစကယ္လီယာကို ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရပါတယ္။
ေဂ်ာ္ဂ်ီယာလက္ေ႐ြးစင္ကစားသမား ခါဗာစကယ္လီယာဟာ ဒီရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ PSG အသင္းအတြက္ (၁၁၄၁)မိနစ္ကစားၿပီး (၁၀)ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ (၆)ႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။
PSG အသင္း ခ်န္ပီယံလိဂ္ဖလားကို ႏွစ္ရာသီဆက္ ရရွိခဲ့ရာမွာ အေရးအပါဆုံးကစားသမားအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အေကာင္းဆုံးကစားသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရျခင္းျဖစ္ပါတယ္။
အေကာင္းဆုံးလူငယ္ကစားသမားဆုကိုေတာ့ ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ တူရကီကြင္းလယ္တိုက္စစ္ကစားသမား အာဒါဂူလာက ရရွိခဲ့ပါတယ္။
၂၀၂၅-၂၆ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးအသင္းမွာေတာ့ ခ်န္ပီယံ PSG အသင္းက ကစားသမား(၅)ဦးပါဝင္ကာ အမ်ားဆုံးျဖစ္ခဲ့ၿပီး အာဆင္နယ္က (၃)ဦး၊ ဘိုင္ယန္ျမဴးနစ္က (၂)ဦးနဲ႔ အက္သလက္တီကိုက (၁)ဦး ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။
၂၀၂၅-၂၆ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးအသင္း
——————————–
ဂိုး – ရာယာ(အာဆင္နယ္)
ေနာက္ – ႏူႏိုမန္ဒက္စ္(PSG)၊ ဂါဘရီယဲလ္(အာဆင္နယ္)၊ မာကင္ဟိုစ္(PSG)၊ ေလာ္ရန္ေတး(အက္သလက္တီကို)
လယ္ – ခါဗာစကယ္လီယာ(PSG)၊ ဗီတင္ညာ(PSG)၊ ဒက္ကလန္႐ိုက္စ္(အာဆင္နယ္)၊ အိုလီေဆး(ဘိုင္ယန္ျမဴးနစ္)
၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ခါဗာစကယ်လီယာ ရွေးချယ်ခံရပြီး အကောင်းဆုံးအသင်းမှာ PSG ကစားသမား (၅)ဦးပါဝင်
=================================
ဥရောပဘောလုံးအဖွဲချုပ်(UEFA)က ၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် PSG တောင်ပံကစားသမား ခါဗာစကယ်လီယာကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။
ဂျော်ဂျီယာလက်ရွေးစင်ကစားသမား ခါဗာစကယ်လီယာဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ PSG အသင်းအတွက် (၁၁၄၁)မိနစ်ကစားပြီး (၁၀)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၆)ကြိမ် ပြုလုပ်ခဲ့ပါတယ်။
PSG အသင်း ချန်ပီယံလိဂ်ဖလားကို နှစ်ရာသီဆက် ရရှိခဲ့ရာမှာ အရေးအပါဆုံးကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။
အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တူရကီကွင်းလယ်တိုက်စစ်ကစားသမား အာဒါဂူလာက ရရှိခဲ့ပါတယ်။
၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းမှာတော့ ချန်ပီယံ PSG အသင်းက ကစားသမား(၅)ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး အာဆင်နယ်က (၃)ဦး၊ ဘိုင်ယန်မြူးနစ်က (၂)ဦးနဲ့ အက်သလက်တီကိုက (၁)ဦး ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း
——————————–
ဂိုး – ရာယာ(အာဆင်နယ်)
နောက် – နူနိုမန်ဒက်စ်(PSG)၊ ဂါဘရီယဲလ်(အာဆင်နယ်)၊ မာကင်ဟိုစ်(PSG)၊ လော်ရန်တေး(အက်သလက်တီကို)
လယ် – ခါဗာစကယ်လီယာ(PSG)၊ ဗီတင်ညာ(PSG)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)၊ အိုလီဆေး(ဘိုင်ယန်မြူးနစ်)




