လသာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များတာဝန်ပေးအပ်ပွဲ ဗဟိုကော်မတီဝင်များတက်ရောက်

 

ရန်ကုန် ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ပြည်ခိုင် ဖြိုးပါတီကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၃နာရီက ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တာဝန် ပေးအပ်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်များဖြစ်ကြ သော ဦးတင်လှိုင်၊ ဦးတင်ဝင်း၊ ဒေါ်သင်းသင်းမိုး၊ ဦးနေလင်း၊ ခရိုင် ပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ခရိုင် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင် ဟုတ်စိန်နှင့်မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်ပါတီ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

Read more

ပြည်​​ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းတာဝန်ခံ ဦးမြင့်စိုး တိုင်းပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတတ်ရောက်

 

၃၀-၃-၂၀၁၈
မုံရွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်​ကိုင်းတိုင်း​ဒေသကြီးတာဝန်​ခံ ဦးမြင့်​စိုးနှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ ၊ တိုင်းအရံပါတီ​ကော်​မတီဝင်​များ ၊ ခရိုင်​ပါတီဥက္ကဌများနှင့်​ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးအားယနေ့နံနက်က် (၉)နာရီအချိန်၌ တိုင်းပါတီ​ရုံး အစည်းအ​ဝေးခန်းမတွင်​ ကျင်းပပြု
လုပ်ခဲ့ပါသည်။ အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း|တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး| တိုင်းပါတီကော်မတီဝင်များ|တိုင်းအရံပါတီကော်မတီဝင်များ| ခရိုင်(၉)ခရိုင်မှ ပါတီဥက္ကဌများ စုစုပေါင်း (၂၃) ဦးတတ်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ တိုင်းပါတီကော်မတီဝင်များ|အရံပါတီကော်မတီဝင်များ |ခရိုင်ပါတီဥက္ကဌများမှ တစ်ဦးချင်းမိတ်ဆက်ပြီး တိုင်းတာဝန်ခံမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ခရိုင်ပါတီဥက္ကဌများမှ တစ်ဦးချင်းဆွေးနွေးတင်ပြကာ တိုင်းပါတီဥက္ကဌမှ ဖြည့်စွက်ရှင်းလင်းခဲ့ပါသည်။ထို့နောက်တွင် ဗဟိုအလုပ်အမှုဆောင်တိုင်းတာဝန်ခံ ဦးမြင့်စိုးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လည် ၂:၃၀မိနစ်အချိန်တွင်
ရုပ်သိမ်းခဲ့ပါသည်။

Read more

ဒုတိယအကြိမ်မြောက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ အောင်သူ

Police Tero အသင်းမှာ ကစားနေတဲ့ မြန်မာတိုက်စစ်မှူးအောင်သူဟာ ကလပ်အသင်းအတွက် (၂)ဂိုး သွင်းယူပြီးတော့ နိုင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။ Port အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အောင်သူဟာ တစ်ကြိမ် ဖန်တီးပေးမှုလည်း ပြုလုပ်နိုင်ခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

Read more

လန်ဒန်ဒါဘီပွဲအပြီးတွင် ချဲလ်ဆီးနှင့် စပါးပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့

စတမ်းဖို့ဒ်ဘရစ်မှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ် အပြီးမှာ ချဲလ်ဆီးနဲ့ စပါးပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စပါးဟာ ချဲလ်ဆီးကို (၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်မှာ (၂၈)နှစ်အတွင်း ပထမဆုံး နိုင်ပွဲရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ နှစ်ဖက်ပရိသတ်တွေဟာ ဘီယာဗူးခွံတွေ၊ traffic cone တွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြပြီး ရဲအဖွဲ့က ပရိသတ်နှစ်ဖွဲ့အကြား အတားအဆီးတွေချထားခဲ့ပါတယ်။

Read more

ဂျိုရွှာက ပါကာကို အမှတ်ဖြင့်နိုင်ပြီး ကမ္ဘာ့ဟဲဗီးဝိတ်ခါးပတ်တစ်ခု ထပ်မံရယူ

(Oli SCARFF/AFP)

 

 ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဆုများ ပေါင်းစည်းရေးပွဲတွင် ဗြိ တိန်လက်ဝှေ့သမား အန်သိုနီဂျို ရွှာက ဂျိုးဆက်ပါကာကို ၁၂ ချီ အပြည့် ထိုးသတ်ခဲ့ရပြီး အမှတ် ဖြင့် အနိုင်ရရှိခဲ့သည်။

အမှတ်ပေးဒိုင်လူကြီးသုံးဦး စလုံးက ၁၁၈-၁၁၀၊ ၁၁၈-၁၁၀၊ ၁၁၉-၁၀၉ ဖြင့် ဂျိုရွှာကို တညီတညွတ်တည်း အနိုင်ပေးခဲ့သည်။

Read more

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်သည့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဘားအံမြို့တွင် ကျင်းပ

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်သည့် ချစ်ကြည်ရေးဖိတ်ခေါ်ဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဘားအံမြို့တွင် ကျင်းပနေသည်။

‘‘ဒီပြိုင်ပွဲမှာ တပ်မတော်သားတွေပါတဲ့ ဇွဲကပင်မြေအသင်းပါသလို၊ KNU ဘက်ကဖွဲ့ထားတဲ့ ဆုံစည်းမြိုင်အသင်း စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအသင်းတွေ ပါပါတယ်။ ဒီလိုမျိုးချစ်ကြည်ရေး ဘောလုံးပွဲလေး လုပ်တဲ့အတွက် နှစ်ဖက်ကစားသမားတွေ၊ လာအားပေးတဲ့ ပရိသတ်တွေအနေနဲ့ ရင်းရင်းနှီးနှီး ငြိမ်းငြိမ်းချမ်းချမ်း အားပေးတာ တွေ့ရတော့ ၀မ်းသာမိတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က တစ်ဖက်တစ်လမ်း ကူညီဆောင်ရွက်ပေးတာမျိုးပါ’’ ဟု JMC-S (ကရင်) အရပ်သား ကိုယ်စားလှယ် ဦးစောဘိုးနီက ပြောသည်။

Read more

ကတ်ရှ်မီးယားဒေသ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် လူ ၁၂ ဦးသေဆုံး

ဆရင်နာဂါ၊ အိန္ဒိယ၊ ဧပြီ ၂

အိန္ဒိယအစိုးရအုပ်ချုပ်ရာ ကတ်ရှ်မီးယားဒေသအတွင်း၌ ဆန္ဒပြပွဲများပြုလုပ်နေစဉ် အကြမ်းဖက်ဖြစ်စဉ် အများ အပြား ဖြစ်ပွားခဲ့သောကြောင့် သောင်းကျန်းသူ ၈ ဦးထက်မနည်းအပါအ၀င် စစ်သား ၂ဦးနှင့် အရပ်သား ၂ ဦး တို့ သေဆုံးသွားခဲ့ကာ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

Read more

အမေရိကန်နဲ့ တောင်ကိုရီးယား ပုံမှန်စစ်ရေးလေ့ကျင့်မှု ပြန်စ

မြောက်ကိုရီးယားနဲ့ သံရေးတမန်ရေးဆိုင်ရာ ပြဿနာတွေ ပြေလျော့လာနေချိန်အတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ တနင်္ဂနွေနေ့က ပုံမှန်ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြန်လည် စတင်ခဲ့ကြပါတယ်။

အမေရိကန်စစ်သည် တသောင်းတထောင်ကျော်နဲ့ တောင်ကိုရီးယားစစ်သား သုံးသိန်းနီးပါး ပါဝင်လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာ ပြီးခဲ့သောနှစ်တွေတုန်းကလို အမေရိကန် လေယာဉ်တင်သင်္ဘောကြီးတွေ၊ နျူကလီးယား ရေငုပ်သင်္ဘောကြီးတွေ မပါဝင်ဘူးလို့လည်းသိရပြီး၊ လေ့ကျင့်ချိန်ကလည်း ခါတိုင်းလို သီတင်းရှစ်ပတ်နီးပါး မဟုတ်ဘဲ၊ သီတင်း လေးပတ်သာ ကြာမှာဖြစ်ပါတယ်။

Read more

အမှုအခင်းများစွာ ကူညီဖြေရှင်းပေးခဲ့တဲ့ မှုခင်းပုံတူဆွဲပညာရှင် အမျိုးသမီး

အမှုအခင်းတွေမှာ မျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်တွေကို မှတ်သားရင်း ပုံဖော်ရေးဆွဲရတဲ့ အလုပ်ဟာ လွယ်မယောင်နဲ့ ခက်ခဲပါတယ်။ အခုခေတ်မှာ အလိုလျောက်ရေးဆွဲပုံဖော်နိုင်တဲ့ နည်းပညာများစွာ ပေါ်ပေါက် လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သော အသေးစိတ်ပုံဖော်နိုင်မှုစွမ်းရည်တွေဟာ လူသားတွေ လုပ်နိုင်သလို လုပ်နိုင်ဖို့ လိုပါသေးတယ်။ ဒီလို အမှုကိစ္စတွေမှာဆိုရင် လူသားပညာရှင်တွေရဲ့ အကူအညီကို ယူကိုယူရပါတယ်။

Read more

တောင်ကိုရီးယား ကေပေါ့ပ် ဖျော်ဖြေပွဲ ကင်ဂျုံအန်းနှင့်ဇနီး ကြည့်ရှု

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ဇနီးတို့ဟာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ကျင်းပတဲ့ တောင်ကိုရီးယား ကေပေါ့ပ် အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဇနီး ရိဆောဂျူးတို့ဟာ သူတို့နိုင်ငံကို ပထမဆုံး လာရောက် ဖျော်ဖြေတဲ့ ကေပေါ့ပ် အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကို ရာနဲ့ချီတဲ့ ပရိသတ်နဲ့အတူ ဧပြီ ၁ ရက်နေ့က ကြည့်ရှုခဲ့ပါတယ်။

Read more