စေကာ့တလန္ဘဏ္က တြမ္မီေနး ဂိုးသြင္းေနတဲ့ပုံနဲ႔ ေပါင္ ၂၀ တန္ ေငြစကၠဴထုတ္လုပ္

စေကာ့တလန္ဘဏ္က တြမ္မီေနး ဂိုးသြင္းေနတဲ့ပုံနဲ႔ ေပါင္ ၂၀ တန္ ေငြစကၠဴထုတ္လုပ္
==============================
စေကာ့တလန္ဘဏ္က ကြင္းလယ္ကစားသမား တြမ္မီေနး လက္ေ႐ြးစင္အသင္းအတြက္ ဂိုးသြင္းေနတဲ့ပုံ ပါဝင္တဲ့ ေပါင္ ၂၀ တန္ ေငြစကၠဴကို အေရအတြက္အကန္႔အသတ္နဲ႔ ထုတ္လုပ္လိုက္ေၾကာင္း သိရပါတယ္။
စေကာ့တလန္အသင္းက ၂၀၂၆ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဒိန္းမတ္၊ ဂရိ၊ ဘီလာ႐ုစ္တိုနဲ႔ အုပ္စု C မွာ က်ေရာက္ခဲ့ၿပီး အုပ္စုပထမရရွိကာ ေျခစစ္ပြဲေအာင္ျမင္ခဲ့ပါတယ္။
ဒိန္းမတ္အသင္းနဲ႔ အဓိကၿပိဳင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ေနာက္ဆုံးပြဲမွာ ၄-၂ ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ အုပ္စုပထမရခဲ့တာပါ။
အဲဒီအဆုံးအျဖတ္ပြဲမွာ စေကာ့တလန္အသင္းအတြက္ အဖြင့္ဂိုးကို တြမ္မီေနးက ေနာက္ျပန္ကန္ခ်က္နဲ႔ လွလွပပသြင္းယူခဲ့တာေၾကာင့္ အခုလိုဂုဏ္ျပဳခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရပါတယ္။
စေကာ့တလန္အသင္းဟာ ၁၉၉၈ ကမာၻ႔ဖလားေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားယွဥ္ၿပိဳင္ခြင့္ ျပန္လည္ရရွိခဲ့တာပါ။
စေကာ့တလန္အသင္းဟာ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ အုပ္စု C မွာ ဘရာဇီးလ္၊ ေမာ္႐ိုကို၊ ေဟတီတိုနဲ႔အတူ က်ေရာက္ေနေၾကာင္း သိရပါတယ္။
စကော့တလန်ဘဏ်က တွမ်မီနေး ဂိုးသွင်းနေတဲ့ပုံနဲ့ ပေါင် ၂၀ တန် ငွေစက္ကူထုတ်လုပ်
==============================
စကော့တလန်ဘဏ်က ကွင်းလယ်ကစားသမား တွမ်မီနေး လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းနေတဲ့ပုံ ပါဝင်တဲ့ ပေါင် ၂၀ တန် ငွေစက္ကူကို အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်လိုက်ကြောင်း သိရပါတယ်။
စကော့တလန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒိန်းမတ်၊ ဂရိ၊ ဘီလာရုစ်တိုနဲ့ အုပ်စု C မှာ ကျရောက်ခဲ့ပြီး အုပ်စုပထမရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။
ဒိန်းမတ်အသင်းနဲ့ အဓိကပြိုင်ဆိုင်ခဲ့ရတာဖြစ်ပြီး နောက်ဆုံးပွဲမှာ ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စုပထမရခဲ့တာပါ။
အဲဒီအဆုံးအဖြတ်ပွဲမှာ စကော့တလန်အသင်းအတွက် အဖွင့်ဂိုးကို တွမ်မီနေးက နောက်ပြန်ကန်ချက်နဲ့ လှလှပပသွင်းယူခဲ့တာကြောင့် အခုလိုဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
စကော့တလန်အသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားယှဥ်ပြိုင်ခွင့် ပြန်လည်ရရှိခဲ့တာပါ။
စကော့တလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု C မှာ ဘရာဇီးလ်၊ မော်ရိုကို၊ ဟေတီတိုနဲ့အတူ ကျရောက်နေကြောင်း သိရပါတယ်။




