ရွမ္းျပည္နယ္(ေျမာက္ပိုင္း) TNLA ထိန္းခ်ဳပ္ရာ နယ္ေျမတြင္ ယမ္းဂိုေဒါင္တစ္ခု ေပါက္ကြဲမႈေၾကာင့္ လူေပါင္းမ်ားစြာ ေသဆုံး

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) TNLA ထိန္းခ်ဳပ္ရာ နယ္ေျမတြင္ ယမ္းဂိုေဒါင္တစ္ခု ေပါက္ကြဲမႈေၾကာင့္ လူေပါင္းမ်ားစြာ ေသဆုံး
===========================
(ျပည္တြင္း)ဇြန္ ၁

ျမန္မာႏိုင္ငံေျမာက္ပိုင္း ရွမ္းျပည္နယ္အတြင္းရွိ တ႐ုတ္ႏိုင္ငံနယ္စပ္အနီး ေကာင္တပ္ေက်း႐ြာတြင္ တနဂၤေႏြေန႔က အႀကီးစား ယမ္းဂိုေဒါင္ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့ရာ ကေလးငယ္မ်ား အပါအဝင္ ေဒသခံျပည္သူ အနည္းဆုံး ၅၅ ဦးအထိ ေသဆုံးၿပီး၊ လူ ၇၀ ေက်ာ္ ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့ေၾကာင္း Al Jazeera သတင္းဌာနက ေဖာ္ျပထားသည္။

ေပါက္ကြဲမႈသည္ ေမလ ၃၁ ရက္ (တနဂၤေႏြေန႔) ေဒသစံေတာ္ခ်ိန္ မြန္းလြဲ ၁၂ နာရီခြဲခန႔္တြင္ အၾကTမ္းဖက္ေသာင္း က်န္းသူ NLA ထိန္းခ်ဳပ္ထားရာ ေဒသအတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ အဆိုပါသတင္းဌာန၏ ေဖာ္ျပခ်က္အရ ၎ေပါက္ကြဲမႈေၾကာင့္ ကေလးငယ္ ၆ ဦးအပါအဝင္ ေသဆုံးသူအေရအတြက္သည္ ၅၅ ဦးအထိ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

ေပါက္ကြဲမႈျပင္းအားေၾကာင့္ အနီးနားရွိ ေနအိမ္အေဆာက္ အအုံ အမ်ားအျပား လုံးဝပ်က္စီးသြားခဲ့ၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို အဆက္မျပတ္ ေဆာင္႐ြက္ေနရဆဲ ျဖစ္သည္။ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနသည့္ ႐ုပ္သံဖိုင္မ်ား၌ အလြန္ႀကီးမား ေသာ မီးခိုးလုံးႀကီး မႈန္မႈိင္းစြာ တက္လာၿပီးေနာက္ ထပ္ဆင့္ေပါက္ကြဲမႈမ်ား ဆက္တိုက္ျဖစ္ပြားခဲ့သည္ကို ေတြ႕ျမင္ရသည္။

အဆိုပါေပါက္ကြဲမႈႏွင့္ ပတ္သက္၍ TNLA ဘက္က ေဖ့စ္ဘြတ္ခ္ (Facebook) မွတစ္ဆင့္ တရားဝင္ထုတ္ျပန္ခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ၿပီး၊ ေပါက္ကြဲသြားသည့္ ယမ္းဂိုေဒါင္အတြင္းရွိ ေပါက္ကြဲေစတတ္ေသာ ပစၥည္းမ်ားသည္ ေဒသတြင္း သတၱဳ တြင္းလုပ္ငန္းမ်ားတြင္ အသုံးျပဳရန္ သိုေလွာင္ထားျခင္း ျဖစ္ ေၾကာင္း ေဖာ္ျပထားသည္။

အဆိုပါေဒသသည္ ပတၱျမားႏွင့္ တြင္းထြက္ရတနာမ်ား ႂကြယ္ဝေသာ သတၱဳတြင္းနယ္ေျမတစ္ခု ျဖစ္သည္။ TNLA က ျဖစ္စဥ္ေၾကာင့္ ေဒသခံျပည္သူမ်ားအၾကား ထိခိုက္ေသ ဆုံးသူ အေျမာက္အျမား ရွိခဲ့ေၾကာင္း၊ ေပါက္ကြဲမႈျဖစ္ပြားရသည့္ အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။


ရှမ်းပြည်နယ်(မြောက်ပိုင်း) TNLA ထိန်းချုပ်ရာ နယ်မြေတွင် ယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲမှုကြောင့် လူပေါင်းများစွာ သေဆုံး
===========================
(ပြည်တွင်း)ဇွန် ၁

မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံနယ်စပ်အနီး ကောင်တပ်ကျေးရွာတွင် တနင်္ဂနွေနေ့က အကြီးစား ယမ်းဂိုဒေါင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူ အနည်းဆုံး ၅၅ ဦးအထိ သေဆုံးပြီး၊ လူ ၇၀ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြထားသည်။

ပေါက်ကွဲမှုသည် မေလ ၃၁ ရက် (တနင်္ဂနွေနေ့) ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အကြTမ်းဖက်သောင်း ကျန်းသူ NLA ထိန်းချုပ်ထားရာ ဒေသအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါသတင်းဌာန၏ ဖော်ပြချက်အရ ၎င်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦးအပါအဝင် သေဆုံးသူအရေအတွက်သည် ၅၅ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုပြင်းအားကြောင့် အနီးနားရှိ နေအိမ်အဆောက် အအုံ အများအပြား လုံးဝပျက်စီးသွားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက်နေရဆဲ ဖြစ်သည်။ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်များ၌ အလွန်ကြီးမား သော မီးခိုးလုံးကြီး မှုန်မှိုင်းစွာ တက်လာပြီးနောက် ထပ်ဆင့်ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ကို တွေ့မြင်ရသည်။

အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်၍ TNLA ဘက်က ဖေ့စ်ဘွတ်ခ် (Facebook) မှတစ်ဆင့် တရားဝင်ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး၊ ပေါက်ကွဲသွားသည့် ယမ်းဂိုဒေါင်အတွင်းရှိ ပေါက်ကွဲစေတတ်သော ပစ္စည်းများသည် ဒေသတွင်း သတ္တု တွင်းလုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားခြင်း ဖြစ် ကြောင်း ဖော်ပြထားသည်။

အဆိုပါဒေသသည် ပတ္တမြားနှင့် တွင်းထွက်ရတနာများ ကြွယ်ဝသော သတ္တုတွင်းနယ်မြေတစ်ခု ဖြစ်သည်။ TNLA က ဖြစ်စဉ်ကြောင့် ဒေသခံပြည်သူများအကြား ထိခိုက်သေ ဆုံးသူ အမြောက်အမြား ရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းပြောကြားခဲ့သည်။