ေက်း႐ြာတြင္း ကြန္ကရစ္လမ္းခင္းျခင္းလုပ္ငန္းအား သြားေရာက္ၾကည့္ရႈ

ေက်း႐ြာတြင္း ကြန္ကရစ္လမ္းခင္းျခင္းလုပ္ငန္းအား သြားေရာက္ၾကည့္ရႈ
=================
ေအာင္လံ၊ ေမ ၂၇

ေအာင္လံခ႐ိုင္၊ ေအာင္လံၿမိဳ႕နယ္၊ ျမစ္နားဘိုလည္ေက်း႐ြာတြင္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာန၏ Village Development Plan (VDP) စီမံခ်က္ျဖင့္ ဦးစီးဌာနႏွင့္ ေက်း႐ြာျပည္သူမ်ား ပူးေပါင္းကာ ေက်း႐ြာတြင္း ကြန္ကရစ္လမ္းခင္းျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ပါသည္။

အဆိုပါ ေက်း႐ြာဖြံၿဖိဳးေရးလုပ္ငန္း ေဆာင္႐ြက္ထားရွိမႈအား ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီမွ တြဲဘက္အေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ခ်စ္ႏွင့္အတူ ခ႐ိုင္/ ၿမိဳနယ္ ပါတီေကာ္မတီဝင္မ်ား သြားေရာက္ၾကည့္ရႈခဲ့ၾကသည္။

အဆိုပါ ကြန္ကရစ္လမ္းေၾကာင့္ေက်း႐ြာေန ျပည္သူမ်ား၏ သြားလာေရး ပိုမိုလြယ္ကူ အဆင္ေျပလာမည္ျဖစ္ေၾကာင္း၊ ေက်း႐ြာ၏လူမႈစီးပြားဘဝ ဖြံၿဖိဳးတိုးတက္ေရးအတြက္ အက်ိဳးျပဳလာမည္ျဖစ္ေၾကာင္း၊ လမ္းအားေရရွည္ ေကာင္းမြန္ေစရန္အတြက္ ေဒသခံျပည္သူမ်ားမွလည္း ဝိုင္းဝန္းထိန္းသိမ္းၾကရန္လိုေကြာင်း ရွင္းလင္းေျပာၾကားၿပီး ေဒသခံျပည္သူမ်ားႏွင့္ ရင္းရင္းႏွီးႏွီး ေတြ႕ဆုံခဲ့ၾကပါသည္။


ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု
=================
အောင်လံ၊ မေ ၂၇

အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ မြစ်နားဘိုလည်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ Village Development Plan (VDP) စီမံချက်ဖြင့် ဦးစီးဌာနနှင့် ကျေးရွာပြည်သူများ ပူးပေါင်းကာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ကျေးရွာဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ တွဲဘက်အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ချစ်နှင့်အတူ ခရိုင်/ မြိုနယ် ပါတီကော်မတီဝင်များ သွားရောက်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ကွန်ကရစ်လမ်းကြောင့်ကျေးရွာနေ ပြည်သူများ၏ သွားလာရေး ပိုမိုလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း၊ ကျေးရွာ၏လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် အကျိုးပြုလာမည်ဖြစ်ကြောင်း၊ လမ်းအားရေရှည် ကောင်းမွန်စေရန်အတွက် ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုကွောငျး ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြပါသည်။