ဇီးကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်၊ရပ်/ကျေး လစဉ်ပုံမှန်တွေ့ဆုံအစည်းအဝေးပွဲကို ယနေ့ ၁၀.၅.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးသို့ တိုင်းပါတီကော်မတီဝင် ၊ ခရိုင်ပါတီကော်မတီဝင်၊ မြို့နယ်ပါတီကော်မတီဝင်များ ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်သူလူထု၏ လိုအပ်ချက်များ၊ ပါတီ၏ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

Read more

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မေ (၉) ရက်နေ့ နယ်မြေကွင်းဆင်း ပြည်သူ့အကျိုးဆောင်ရွက်မှုများ

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် မေ ၉ ရက်နံက် ၁၀ နာရီအချိန်က မြို့မရပ်ကွက်ကျောင်းဆောင်သစ်ဆောက်လုပ်မည့်မြေနေရာအား ရပ်ကွက်အုပ်ချုပ်ရေးမှူး မြို့မိမြို့ဖများ၊ ဆယ်အိမ်မှူးများနှင့်မြေနေရာရွေးချယ်ခဲ့ပါသည်။.
နေ့လည်(၁၂)နာရီအချိန်တွင် မြို့နယ်ကော်မတီဝင် ဦးခင်မောင်ရွှေနှင့်အတူ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးသို့ သွားရောက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်ဥမ္မာအေးတင့်နှင့်တွေ့ဆုံပြီး စီပိန်းကျေးရွာနှင့် တုံကွာကျေးရွာအကြားရှိ ပျက်စီးနေသောတံတားများ ပြုပြင်ပေးရေးညှိနှိုင်းခဲ့ရာ တံတား ၅ စင်းအား မကြာမီရက်ပိုင်းအတွင်း ပြုပြင်ပေးမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့ပါသည်။
ညနေ ၄ နာရီအချိန်ကကုန်းခါးရပ်ကွက် နမ့်ပေါ်ချောင်းကမ်းပါး ရေတိုက်စားမှုပြုပြင်ရန်အတွက် ဆည်မြောင်းအင်ဂျင်နီယာ ဦးတင်မင်းဌေး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

Read more

မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကြက်ခြေနီအသင်းခွဲအား အလှူငွေကျပ် ၃ဝဝဝဝပေးအပ်လှူဒါန်း

 

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီ က ကချင်ပြည်နယ် ဗန်းမော်မြို့ အထက(၃)မြညီလာခန်းမ၌ကျင်းပ ခဲ့ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်စိုး၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ နာယကဂုဏ်ထူးဆောင် ဥက္ကဋ္ဌဦးမြင့်ဆွေ၊ မြို့နယ်ကြက်ခြေ နီအသင်းခွဲ ဥက္ကဋ္ဌဦးကျော်ဝင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက် ခြေနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသက်ဝင်း၊ ကော်မတီဝင်ဦးမင်းသွင်နှင့်စုစုပေါင်း ၁၂၄ ဦးတက်ရောက်ခဲ့ကြသည်။

Read more

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်း မှ စက်ရေတွင်တူးရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေ လှူဒါန်း

 

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းကိုယ်စား၊ မော်လမြိုင်ခရိုင် ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး၊ ချောင်းဆုံမြို့နယ် ပါတီအတွင်းရေးမှူး ဦးမျိုးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ ဖံဖကျေးရွာ တိုက်ကျောင်းဆရာထံ စက်ရေတွင်းတူးရာ၌ အသုံးပြုနိုင်ရေးအတွက် အလှူငွေ (၅) သိန်းကျပ်အား မေ (၉) ရက်နေ့တွင် သွားရောက်လှူ ဒါန်းခဲ့ကြသည်။

Read more

ဗဟိုအတိုင်ပင်ခံ ဒေသအကျိုးပြုလုပ်ငန်းများအား ကြည့်ရှုအားပေး

 

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ယမန် နေ့ မွန်းလွဲ ၃နာရီခွဲတွင် ပြည်ခိုင် ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံသီရိပျံချီ ဦးဥာဏ်ဝင်းနှင့်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးထူးခိုင်နှင့် မြို့နယ်ကော်မတီဝင်များ လိုက်ပါ လျက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဗဟိုအတိုင်ပင်ခံနှင့်အဖွဲ့သည် ရှေးဦးစွာ ဇရပ်လှကျေးရွာရှိ ပြန် လည်တည်ဆောက်နေသောတံတား သစ်တည်ဆောက်မှုအား ကြည့်ရှု အားပေးကာ ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဒေသအကျိုးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းခဲ့သည်။

Read more

ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ တာဝန်ပေးအပ်ပွဲကျင်းပ

 

ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ပါတီ ကော်မတီဝင်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှကြီးမှူး၍ မြို့နယ်ပါတီ ရုံးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ခရိုင် ပါတီကော်မတီဝင်ဦးဇော်ဝင်းခေါင်၊ ကမာရွတ်မြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုး အောင်၊မြို့နယ်အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ် ကွက်ပါတီဥက္ကဋ္ဌများ၊ ကော်မတီ ဝင်များ တက်ရောက်ခဲ့သည်။

Read more

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆေးရုံရှိ လူနာများအားအာဟာရလှူဒါန်း

 

မအူပင် မေ ၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် မအူပင်မြို့ ခုတင် ၂ဝဝဆံ့ ပြည်သူ့ဆေးရုံတွင်တက်ရောက်ကုသနေသော လူနာ၂ဝဝ ကျော်အတွက် ညနေစာထမင်းတစ်နပ်စာကို ကျွေးမွေးလှူဒါန်းခြင်းအား ယမန်နေ့ ညနေ ၄ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read more

နေပြည်တော်တွင် ဘင်္ဂါလီအရေး ရှုတ်ချကန့်ကွက်ပွဲပြုလုပ်

 

နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား(NVC)ကတ်ဖြင့် ဘင်္ဂါလီများအား လွတ်လပ်စွာသွားလာခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်သူများက စုပေါင်းကန့်ကွက်ရှုတ်ချပွဲကို နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာကွင်း၌ ယနေ့နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့သည်။

Read more

ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရပ်ကွက်ကျေးရွာပါတီစည်းရုံးရေးဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ညောင်ဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး တွင် ယနေ့နံနက် ၉ နာရီမှ စတင် ပြီး ရပ်ကွက်ကျေးရွာပါတီ စည်းရုံး ရေးဥက္ကဋ္ဌများနှင့် မန္တလေးတိုင်း ဒေသကြီးကော်မတီ အဖွဲ့ဝင် ညောင်ဦးခရိုင် နယ်မြေတာဝန်ခံ ဦးသန်းဌေး၊ ခရိုင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဌေး၊ မြို့နယ်ကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းဦးနှင့် မြို့နယ်ကော် မတီဝင်များ၊ ရပ်ကွက် ကျေးရွာ စည်းရုံးရေးမှူးဥက္ကဋ္ဌများ တက် ရောက်ခဲ့သည်။

Read more