ကင်ညာတွင် မိုးသည်းထန်စွာရွာပြီး ဆည်ကျိုးကျ၊ အနည်းဆုံး ၄၇ ဦးသေဆုံး

ကင်ညာနိုင်ငံမှာ မေ ၁၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ဆည်တခု ရုတ်တရက်  ကျိုးကျသွားတဲ့အတွက် အနည်းဆုံး ၄၇ ဦး သေဆုံးခဲ့ပါတယ်။

သီတင်းပတ်အတော်ကြာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တာကြောင့် မြို့တော်နိုင်ရိုဘီရဲ့ အနောက် မြောက်ဘက် မိုင် ၁၂၀ အကွာမှ ရစ်ဖ်ထ်တောင်ကြားမှာရှိတဲ့ ဆည်တခု ကျိုးပေါက်ခဲ့ရကာ တောင်စောင်းက ကျေးရွာ ၂ ရွာ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

Read more

ပါကစ္စတန်သံတွေကို အမေရိကန်ပြည်ထောင်စုတွင်း ခရီးသွားခွင့် ကန့်သတ်

ဝါရှင်တန်က ပါကစ္စတန်သံရုံး။

ပါကစ္စတန်သံအမှုထမ်းတွေအပေါ် အမေရိကန်ပြည်ထောင်စုက ခရီးသွားကန့်သတ်မှုတွေ သောကြာနေ့မှာ စတင် လုပ်ဆောင်ခဲ့တယ်လို့ ပါကစ္စတန်သံအမတ်ကြီး Aizaz Chaudhry က VOA ကိုပြောပါတယ်။ ဒါ့အပြင် အခုလို လုပ်ဆောင်မှုဟာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ကြောင်းနဲ့ ၂ နိုင်ငံ ဆက်ဆံရေး ပိုမိုရင်းနှီးလာချိန်မှာ ခုလိုမလုပ်သင့်ကြောင်းလည်း ပြောပါတယ်။

Read more

ထရမ့်နှင့် ကင်မ်ဂျုံအမ်းတို့၏ သမိုင်းဝင်တွေ့ဆုံပွဲကို စင်္ကာပူ၌ ဇွန်လ ၁၂ရက်နေ့ ကျင်းပမည်ဟုကြေညာ

ဝါရှင်တန်၊ အမေရိကန်၊ မေ ၁၁

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးခေါင်းဆောင်ကင်မ်ဂျုံအမ်းနှင့် သူ၏ သမိုင်းဝင်တွေ့ဆုံ   ဆွေးနွေးပွဲကို   နှစ်နိုင်ငံစလုံးနှင့်ကောင်းမွန်သော ဆက်ဆံရေးရှိသည့် စင်္ကာပူနိုင်ငံ၌ လာမည့်ဇွန်လ ၁၂ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။

Read more

ဟာဝိုင်အီမီးတောင် ပေါက်ကွဲမှု ပိုမိုပြင်းထန်လာနိုင်

ဟာဝိုင်အီပြည်နယ်ရှိ Kilauea မီးတောင်ပေါက်ကွဲမှု သည် လာမည့်သီတင်းပတ်များ တွင် ပိုမိုပြင်းထန် လာနိုင်ကြောင်း နှင့် ကျောက်ခဲအရွယ် ချော်တုံး များ မိုင်ပေါင်းများစွာအထိ လွင့် ပျံ့ပြီး အနီးရှိမြို့များသို့ ပြာမှုန်များ ဖုံးလွှမ်းနိုင်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS)က ပြောကြားသည်။

Read more

CLEAR HISTORY TOOL ကို လအနည်းငယ်အတွင်း FACEBOOK မိတ်ဆက်မည်

Facebook ရဲ့ F8 ကွန်ဖရင့်မတိုင်ခင်မှာ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ Facebook မှာ Clear History လို့အမည်ရတဲ့ feature သစ်တစ်ခုကို ထည့်သွင်းမယ်ဆိုတဲ့ အကြောင်းပါ။ ဒီ tool ကို Facebook ရဲ့ privacy control အတွက် ရှိပြီးသား option တွေထဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Read more

တရုတ်လုံခြုံရေး ဝန်ကြီး မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဆုံ

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး ရဲအသုံးအဆောင် ပစ္စည်းတွေ ကူညီ ထောက်ပံ့ပေးတဲ့ အပြင် ရဲကွပ်ကဲမှု ဗဟိုဌာနတခုထူထောင်ဖို့ရာလည်း ကူညီလာဖွယ်ရာရှိပါတယ်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ Zhao Kezhiရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံတုန်း မှာ ဆွေးနွေးခဲ့ ကြတယ်လို့ မြန်မာအာဏာပိုင်တွေ ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

Read more

မြန်မာ့အရေး လုံခြုံရေးကောင်စီ သဘောထားဆုံးဖြတ်ချက်မူကြမ်း တရုတ်သဘောမတူ

ရိုဟင်ဂျာမွတ်လင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကြေညာချက်ထုတ်ပြန်ဖို့ ဆွေးနွေးနေရာမှာ ပြင်းထန်တဲ့ စကားလုံး တွေ သုံးစွဲမယ့်အရေးကို တရုတ်နိုင်ငံက သဘောမတူသေးဘူးလို့ သိရပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ့တပ်မတော်က “အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပွင့်လင်းပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဆောင်ဖို့ အရေးကြီး ကြောင်း” ဗြိတိန်နိုင်ငံက အဆိုပြု ရေးသားထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နိုင်ငံက ပယ်ဖျက်ခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။

Read more

ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား မြန်မာနိုင်ငံတွင် အာမခံထားရှိစေပြီးမှ စေလွှတ်ရန် စီစဉ်နေ

 

ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား မြန်မာနိုင်ငံတွင် အာမခံထားရှိပြီးမှ စေလွှတ်ရန် စီစဉ်နေကြောင်း မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ မြန်မာအလုပ်သမားများအနေဖြင့် ပြည်ပသို့ သွားရောက်လုပ် ကိုင်ရာတွင် ထိခိုက်ဒဏ်ရာရပါ ကအထောက်အပံ့ပြန်လည်ရရှိစေရန် ရည်ရွယ်၍ အာမခံထားရှိစေမည့် စနစ်အကောင်အထည်ဖော်ရန် စီစဉ်နေ ကြောင်း ၎င်းက ဆိုသည်။

Read more

သမ္မတနှင့် ဝန်ကြီးများ၏ပိုင်ဆိုင်မှု တင်ပြပြီးဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန်

သမ္မတနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုကို တင်ပြပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေလ ၈ ရက် တွင် ကြေညာသည်။ သမ္မတသည် မိမိဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင်ဆိုင်မှုပစ္စည်းများကို တန်ဖိုးနှင့်တကွစာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြရခြင်းဖြစ်သည်။ အလားတူပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် လည်းကောင်း၊ အခြေခံဥပဒေအရလည်းကောင်း သမ္မတက ခန့်အပ်ထားသည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များကလည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး သမ္မတထံ တင်ပြရခြင်းဖြစ်သည်။ပိုင်ဆိုင်မှုများကို ချိပ်ပိတ်တင်ပြခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

Read more

မေ ၇ ရက် က ရန်ကုန်တိုင်း ဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံ အကြို လူငယ်နှီးနှောဖလှယ်ပွဲအခမ်းအနား၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ ပြောကြားခဲ့သည်မှ ကောက်နှုတ်ချက်

 

_ ပြည်ခိုင်ဖြိုးပါတီသည် အတိုက်အခံ ဖြစ်နေကြောင်း ၊

_ သို့သော် အစိုးရကို အတိုက်အခံ လိုက်လုပ်နေခြင်း မဟုတ်၊

_ ပြည်ခိုင်ဖြိုးပါတီသည် အစိုးရ ရာထူးနေရာများတွင် လုပ်ဖူးသူများဖြစ်၍ ကိုယ်ချင်းစာစိတ်ရှိကြောင်း ၊

_ သို့သော် ရည်ရွယ်ချက်ခြင်း မတူပါက နိုင်ငံတော်ကို ကြည့်ရမည်ဖြစ်ကြောင်း၊

Read more