တိုက်စစ်မှူးနေမာ ပြင်သစ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရရှိ

ယမန်နေ့က ပါရီမြို့တွင် ကျင်းပသော အခမ်းအနားတစ်ခု ၌ ပြင်သစ် တစ်နှစ်တာအကောင်း ဆုံး ဘောလုံးသမား အဖြစ် နေမာ ကို ရွေးချယ်ပြီး နောက်ပိုင်းတွင် နေမာက    အပြောင်းအရွှေ့နှင့် ပတ်သက်၍ မေးခွန်းများကိုဖယ် ရှားခဲ့သည်။

ဒဏ်ရာကြောင့် ဘောလုံးရာသီ နောက်ဆုံးသုံးလတွင် မကစားနိုင်သော်လည်း ပီအက်စ်ဂျီစူပါ ကြယ်ပွင့်က ယင်းဆုကို ရရှိခြင်းဖြစ်သည်။

Read more

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ်အဖြစ် ဂျာမနီနိုင်ငံသားနည်းပြ အန်တွမ်နီဟေးကို ခန့်အပ်

မြန်မာ့လက်ရွေးစင်အသင်းနည်းပြသစ် အန်တွမ်နီဟေး (ဓာတ်ပုံ − MFF)

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်သစ်အဖြစ် ဂျာမနီနိုင်ငံသား နည်းပြ အန်တွမ်နီဟေးနှင့်အဖွဲ့အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ခန့်အပ်တာဝန်သွားမည်ဖြစ်ကြောင်း   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မေလ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

Read more

မြောက်ကိုရီးယားတို့ နျူကလီးယားလက်နက်များကို အလုံးစုံစွန့်လွှတ်မည်မဟုတ်ဟု ပြည်ပြေးတစ်ဦးပြော

ဆိုးလ်၊ တောင်ကိုရီးယား၊ မေ ၁၅

မြောက်ကိုရီးယားတို့အနေဖြင့် ၄င်းတို့၏နျူကလီးယားလက်နက်များကို ဘယ်တော့မှအလုံးစုံစွန့်လွှတ်သွားမည် မဟုတ်ကြောင်း   မြောက်ကိုရီးယား ထိပ်သီးပြည်ပြေးတစ်ဦးက ကင်မ်ဂျုံအမ်းနှင့် ဒေါ်နယ်ထရမ့်တို့၏ လာမည့် လတွင် ပြုလုပ်မည့် သမိုင်းဝင်တွေ့ဆုံပွဲမတိုင်မီတွင် ပြောဆိုခဲ့သည်။

Read more

အိန္ဒိယနိုင်ငံ၌ မုန်တိုင်းဒဏ်ကြောင့် လူ ၈၇ ဦးသေဆုံး ၊ ၁၃၆ ဦးဒဏ်ရာရ

အိန္ဒိယ၌ မုန်တိုင်းဒဏ်ခံရသော နေအိမ်တစ်လုံးအားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မေ ၁၅ ရက်

အိန္ဒိယနိုင်ငံ၌ မုန်တိုင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့မှုကြောင့် အနည်းဆုံး လူပေါင်း ၈၇ ဦးသေဆုံးပြီး ၁၃၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက မေလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါမုန်တိုင်းဒဏ်ကို အူထရာပရာဒက်ရှ် (Uttar Pradesh) ပြည်နယ်တွင်အများဆုံး ခံစားခဲ့ရပြီး သေဆုံးသူ ၅၂ ဦးထိ ရှိခဲ့သည်။

Read more

အမေရိကန်သံရုံး ဂျေရုဆလင်ကို ရွှေ့လို့ ဆန္ဒပြပွဲဖြစ်၊ လူ ၅၀ သေဆုံး

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် ဂျေရုဆလင်မြို့ကို အသိအမှတ် ပြုခဲ့ပြီးတဲ့နောက် ၄ လအကြာ မနေ့က အမေရိကန်သံရုံးကို တဲလ်အဗစ်မြို့ကနေ ဂျေရုဆလင်ကို ရွှေ့ပြောင်း ဖွင့်လှစ်လိုက်ပါတယ်။

အခုလို အမေရိကန်သံရုံးကို ဂျေရုဆလင်ကို ဖွင့်လှစ်လိုက်တာကို ဒေါသထွက် ဆန္ဒပြကြတဲ့ ပါလက်စတိုင်း လူငယ်တွေ ရာပေါင်းများစွာကို အစ္စရေးတပ်တွေက ပစ်ခတ်နှိမ်နင်းတဲ့အတွက် လူ ၅၀ နီးပါး သေကြေကြပြီး အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြပါတယ်။

Read more

မီးတောင်ပေါက်ကွဲနေ၍ ဘေးလွတ်ရာရှောင်တိမ်းရန် ညွှန်ကြားချက်ကို ဟာဝိုင်အီဒေသခံအချို့ မလိုက်နာ

ဟာဝိုင်အီရှိ ကီလာအူရာမီးတောင် ပေါက်ကွဲရာမှ ချော်ရည်များစီးဆင်းလာစဉ် (Terray Sylvester/REUTERS)

 

မေလ ၁၃ ရက်က ဟာဝိုင်အီရှိ ကီလာအူရာမီးတောင်တွင် ကြီးမားသော အက်ကွဲကြောင်းအသစ်တစ်ခု ထပ်မံ ပေါ်ပေါက်လာပြီး ကျောက်ခဲအစအနများနှင့် ချော်ရည်များ မှုတ်ထုတ်နေ၍ အနီးရှိအိမ်များကို ခြိမ်းခြောက်နေကာ အာဏာပိုင်များအနေဖြင့် မီးတောင်မှ ဘေးလွတ်ရာသို့ ရှောင်တိမ်းရေး ညွှန်ကြားချက်အသစ် ထပ်မံ ထုတ်ပြန်သည်။

Read more

Samsung Galaxy J7 DUO

Price : 347,000

မြင်ကွင်း

မြင်ကွင်းအရွယ်အစားက ၅.၅ လက်မရှိတဲ့ Super AMOLED Screen ကိုအသုံးပြုထားပြီး 720 x 1280 pixels, 16:9 ratio ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားပါ။

နည်းပညာ

Read more

ထူးခြားတဲ့ OPPO F7 ဒီဇိုင်းဟာ သင့်ကိုယ့်ပိုင်စတိုင်လ်နဲ့ လိုက်ဖက်သွားစေမှာလား

စမတ်ဖုန်းထုတ်ကုန်တစ်ခုကို ရွေးချယ်တဲ့အခါမှာ ဒီဇိုင်းပိုင်းက ဘယ်အတိုင်းအတာထိ ကြီးစိုးမှုရှိနေပြီလဲဆိုတာ စဉ်းစားစရာပါပဲ။ ဖုန်းတစ်လုံးကို စတင်မဝယ်ယူခင်မှာ ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံးကို တဖြည်းဖြည်းချင်းသိအောင် ကြိုးစားကြတာ ဖြစ်ပေမယ့် ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းပိုင်းကတော့ အဲ့ဒီဖုန်းကိုနောက်ဆုံး ဝယ်ယူမှုအဆင့်ထိရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ အဓိက တွန်းအားတစ်ရပ် ဖြစ်နေပါတယ်။ ဒီဇိုင်းပိုင်းရဲ့ ညှို့ယူဖမ်းစားမှုတွေက နောက်ထပ် ဒီဖုန်းအကြောင်းကို ပိုမိုလေ့လာသိရှိ သွားစေနိုင်အောင်ပါ ဆက်လက်တွန်းပို့ ပေးနေဦးမှာ ဖြစ်ပါတယ်။

Read more

မြောက်ပိုင်းဒေသ စစ်ရေးပဋိပက္ခနှင့် ပတ်သက်၍ အပစ်အခတ် ချက်ချင်းရပ်စဲရန် တရုတ်သံရုံးထုတ်ပြန်

တရုတ် – မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေးကို ဖျက်ဆီးသော အပြုအမူများနှင့် မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တမင်သက်သက် နှောင့်ယှက်သော အပြုအမူများကို ပြတ်ပြတ် သားသား ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက မေလ ၁၃ ရက်တွင်ကြေညာချက်ထုတ်ပြန်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တွင် မေလ ၁၂ ရက်က ရဲကင်းစခန်းနှင့် ပြည်သူ့စစ်များကို တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)က ဝင်ရောက် တိုက်ခိုက်ရာအရပ်သားများအပါအဝင်လူ ၁၉ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်သံရုံး က ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

Read more

ကြားဖြတ်ရွေးကောက်ပွဲတွင် SNLD နှင့် SNDP နှစ်နေရာစီ ၀င်ပြိုင်မည်

 

နိုဝင်ဘာတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD-ကျားခေါင်းပါတီ) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP-ကျား ဖြူပါတီ) တို့ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ပါတီပြောရေး ဆိုခွင့်ရှိသူများက မေလ ၁၃ရက် တွင်ပြောသည်။ 

ယင်းနှစ်ပါတီသည် ရှမ်းပြည်နယ်လဲချားပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် မန္တလေးတိုင်းဒေသကြီးရှမ်းတိုင်းရင်းသား ရေးရာ လူမျိုးမဲဆန္ဒနယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  ‘‘နှစ်နေရာ စလုံးဝင်ပြိုင်ဖို့ အတွက်အောက်ခြေ မှာတော့ အစည်းအဝေးလုပ်ဖို့ကို ညွှန်ကြားထားပြီးသားဖြစ်တယ်’’ ဟု SNLD တွဲဖက်အတွင်းရေးမှူး (၁) ဦး စိုင်းလိတ်က ပြောသည်။ 

Read more