သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်စာတမ်းဖတ်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် လူငယ်ပါတီဝင် ၇၃ဦးတို့သည် ယနေ့နိုင်ငံရေး အခြေအနေ အမျိုးသားနိုင်ငံရေးကိစ္စ(၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီပြဿနာများနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခေါင်းစဉ်များဖြင့် လူငယ်စာတမ်းဖတ်ဆွေး နွေးပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

၎င်းအခမ်းအနားသို့ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ပါတီနာယက နှင့်အကြံပေးများ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများ စုစုပေါင်း ၁၂ဝ တက် ရောက်ခဲ့ကြောင်း သိရသည်။

Read more

မကျီးဖြူကျေးရွာမီးဘေးသင့်အိမ်ထောင်စုများအား ဆန်အိတ်များလှူဒါန်း

 

ဝက်လက်မြို့နယ် မကျီးဖြူကျေးရွာ မီးဘေးသင့် အိမ်ထောင်စု များအား စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော ဆန်အိတ် ၂၈ ပိုင်းကို ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှု ဆောင်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုမှာ ယခုလ ၁ဝ ရက်ညနေပိုင်းတွင် ထမင်းချက်ရာမှ စတင်လောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု ၂၂စု မီးဘေး သင့်ခဲ့ကြောင်း သိရသည်။

Read more

အန္တိမဈာပနကျင်းပပြုလုပ်ရန် အလှူတော်ငွေလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ကမ်းပြို ကျေးရွာရှိ မိုးကုတ်ကျောင်းဦးစီးပဓာန(နာယက)ဆရာတော်ဦးအဂ္ဂံသ သက်တော်(၉၉နှစ်) ဝါတော်(၇၉)ဝါသည် ယမန်နေ့ ည ၇နာရီ၌ ဘဝ နတ်ထံပျံလွန်တော်မူသွားသဖြင့် ဆရာတော်ကြီးအား ပြည်ခိုင်ဖြိုးပါတီ မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌဦးတင်ယု၊ လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဇေယျာအောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဝင်များက ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုကြပြီး အဆိုပါကျောင်းရှိ တိုက်အုပ်ဆရာတော်ဦးတိလောကအားဖူးမြော်၍ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အန္တိမဈာပနကျင်းပရန်အတွက် အလှူတော်ငွေ သွား ရောက်လှူဒါန်းခဲ့ပြီး ဈာပနပွဲကျင်းပရာ၌ လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များမှနေ့စဉ်လုပ်အားဒါနပေးလှူသွားမည်ဖြစ်ကြောင်း သိရသည်။

Read more

လေဘေးသင့်ပြည်သူများအား မြန်အောင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့တွင် ယခုလ ၁၂ ရက် မွန်းလွဲ ၃ နာရီ မိနစ်၂ဝခန့်က လေ ပြင်းတိုက်ခတ်မှုကြောင့် မြန်အောင် မြို့နယ်ရှိသပြေကုန်းတိုက်နယ်တွင် နေအိမ် ၃၈ လုံး၊ တောင်ရိုးတိုက် နယ်တွင် နေအိမ် ၂၆ လုံး၊ ရွှေကျင် တိုက်နယ် ညောင်ဝိုင်းအုပ်စုတို့တွင် နေအိမ် ၁၇ လုံး စုစုပေါင်း နေအိမ် ၈၁ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေး က ခေါင်းဆောင်တစ်ယောက်အပေါ်မှာ လိုအပ်တာထက် ပိုပြီး မှီခိုအားထားလွန်းခြင်းသည် အဖွဲ့အစည်းရဲ့ ပျက်စီးခြင်း လမ်းစဖြစ်တယ်ဟုပြောကြားလိုက်ပါတယ်

 

၁၄.၅.၂၀၁၈ ရက်နေ့ နံနက်ပိုင်းကေ နပြည်တော်မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲအဖွင့်အမှာစကားမှာ ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။

Read more

လပွတ္တာမြို့နယ် အမှတ် ၃ ရပ်ကွက် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် ပါတီဝင်အသစ် ပါတီကဒ်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်

 

၁၃.၅.၂၀၁၈ ရက်​​နေ့ ​နေ့လည် ၁၄း၀၀ နာရီတွင် လပွတ္တာမြို့နယ် အမှတ် ၃ ရပ်ကွက် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် ပါတီဝင်အသစ် ပါတီကဒ်ပေးအပ်ပွဲအခမ်းအနားပွဲပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ
ဦးဝင်းဆွေ၊ မြို့နယ်ပါတီဘဏ္ဏာရေးမှူး ဦးစန်းမင်း၊ မြို့နယ်ပါတီကော်မတီဝင်​ နယ်မြေတာဝန်ခံ ဦးအောင်တင်၊ လူငယ်တာဝန်ခံ ဦးညိုဝင်း၊ ဦးကျော်မျိုးနင့် အမှတ် ၃ ရပ်ကွက် အမှတ် ၂ ရပ်ကွက် ညောင်လိန်အုပ်စု လ/မြောက်အုပ်စု များမှ ပါတီဥက္ကဌများ ပါတီဝင်များ စုစုပေါင်းအင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Read more

ပရိသတ် ၁၀၀, ၀၀၀ လောက်ရဲ့ရှေ့မှာ ပရီးမီးယားလိဂ်ဆုဖလားကို လှည့်လည်အောင်ပွဲခဲ့တဲ့ မန်စီးတီး

မေ ၁၅၊ မန်ချက်စတာ

မန်စီးတီးအသင်းဟာ တနင်္လာနေ့က အင်္ဂလိပ်ပရီးမီးယားလိဂ်ဆုဖလားကို လှည့်လည်ပြသအောင်ပွဲခံခဲ့ရာမှာ နွေးထွေးတဲ့ နေရောင်အောက်က လမ်းတွေပေါ်မှာ ဂုဏ်ပြုချီးကျူးကြတဲ့ မန်စီးတီးပရိသတ် ၁၀၀, ၀၀၀ လောက်နဲ့ ပြည့်နှက်သွားခဲ့ပါတယ်။

အောင်ပွဲရအသင်းသားတွေနဲ့ နည်းပြဂွာဒီယိုလာတို့ဟာ စံချိန်များစွာချိုးဖျက်ပြီး သမိုင်းတွင်ခဲ့တဲ့ ဘောလုံးရာသီ အတွက် အောင်ပွဲခံတဲ့အနေနဲ့ အမိုးဖွင့်ကားနဲ့ လမ်းမတွေပေါ်လှည့်လည်ခဲ့ပါတယ်။

Read more

သောမတ်စ်တူချယ်ကို နည်းပြသစ်အဖြစ် ခန့်လိုက်ပြီလို့ ပီအက်စ်ဂျီကြေညာ

ပီအက်စ်ဂျီအသင်းဟာ လာမယ့်ရာသီအတွက် နည်းပြသစ်အဖြစ် ဒေါ့မန်နည်းပြဟောင်း သောမတ်စ်တူချယ်ကို ခန့်အပ်လိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်။

ဒီဂျာမန်သားဟာ ပီအက်စ်ဂျီနဲ့ ရာသီကုန်ရင်လမ်းခွဲမယ့် အမ်မရီနေရာမှာ အစားဝင်ရမှာဖြစ်ပါတယ်။ အသက် ၄၄ နှစ် ရှိပြီဖြစ်တဲ့ တူချယ်ဟာပီအက်စ်ဂျီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး ကလပ်ပိုင်ရှင်တွေက အလိုရှိနေတဲ့ ချန်ပီယံလိဂ်ဖလားအရယူရေးဟာ သူ့အတွက် စိန်ခေါ်မှုဖြစ်လာမယ်လို့လည်း သုံးသပ်ကြပါတယ်။

Read more