ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေးရဲ့ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်/ကျေးရွာပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲမှာ ပါတီဝင်များနှင့် ပါတီမျိုးဆက်သစ် သီဟသွေးတို့အတွက် တိုက်တွန်း မှာကြားချက်

 

ပါတီလူငယ်များကို သီဟ (ပါတီ) ရဲ့မျိုးဆက်အဖြစ် သီဟသွေးလို့ အမည်ပေးထားတယ်။ သီဟသွေးတို့ရဲ့အရည်အချင်းကို အကဲခတ်ချင်တယ်။ ပြည်သူ့အတွက် နိုင်ငံအတွက် သီဟသွေးတို့ ပြောရဲ ဆိုရဲဘယ်လောက်ရှိသလဲ?
သီဟသွေးတို့ ဘယ်လောက်သစ္စာရှိသလဲ? သီဟသွေးတို့ ဘယ်လောက်ဝမ်းစာ(အရည်အချင်း)ရှိသလဲ-? သီဟသွေးတို့ဘက်လောက် တက်တက်ကြွကြွရှိသလဲ? သီဟသွေးတို့ လုပ်ဆောင်မှုအပေါ်မူတည်တယ်.။ နိုင်ငံတော်အတွက်၊ ပြည်သူအတွက် ပါတီအတွက် သီဟသွေးတို့ကို အားကိုးယုံကြည်စွာနဲ့ေ မျှာ်လင့်ချက်ကြီးစွာနဲ့ တာဝန်ပေးလိုက်တယ်။ နိုင်ငံတော်အတွက်၊ ပြည်သူအတွက် ပါတီအတွက် သီဟသွေးတို့က မပြောရဲ မဆိုရဲ မလုပ်ရဲ မကိုင်ရဲဆိုရင် ရီစရာဖြစ်သွားမယ်။
ဒီလိုမဖြစ်အောင် သီဟသွေးတို့ ကြိုးစားကြပါ။ နိုင်ငံတော်နှင့် ပြည်သူအတွက် ပါတီဝင်အားလုံးက ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွ စွမ်းစွမ်းတမံ ဆောင်ရွက်ကြပါဟု ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်၊ရပ်ကွက်/ကျေးရွာပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

Read more

မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လပါတ်ပုံမှန်အစည်းအဝေးပြုလုပ်

 

၂၀၁၈ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးကို ပြည်ခိုင်ဖြိးပါတီရုံးခန်းမ၌ ကျင်းပခဲ့ပါသည်။ ယင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်၊ တိုင်းကော်မတီဝင်၊ မုံရွာခရိုင်တာဝန်ခံ ဒေါက်တာ ၀င်းမြင့်အောင်၊ တိုင်းကော်မတီ ခရိုင်တာဝန်ခံ (တွဲဘက်) ဒေါ်ညွန့်ညွန့်ဌေး၊ ခရိုင်ပါတီဥက္က ဦးအောင်တိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ (၁၁) ဦး တက်ရောက်ကြပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းကော်မတီ ခရိုင်တာဝန်ခံမှ အရောင်ပြောင်း စီမံချက်၊ အမျိုးသားရေးလှုပ်ရှားမှု ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက် ပိုမိုဆောင်ရွက်ကြရန်နှင့် တက်ရောက်လာသော ခရိုင် (EC) များမှ တင်ပြဆွေးနွေးမှုများကို ပြန်လည်ဆွေးနွေးရှင်းပြပေးခဲ့ပါသည်။

Read more

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကော့မှူးမြို့နယ်တွင် သင်ထောက်ကူပစ္စည်းများလှူဒါန်း

 

ရန်ကုန် ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ရန်ကုန်တိုင်းပြည်ခိုင် ဖြိုးပါတီကော်မတီဝင် ဦးတင်ဝင်း၊ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်းနှင့် မြို့နယ် ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတို့တွင် ကော့မှူးမြို့နယ် သမင်ခြံကျေးရွာရှိ အထက်တန်းကျောင်းခွဲမှ ကျောင်း သား ကျောင်းသူ ၄၉၄ ဦး၊ဝါးသင်္ခ အလယ်ရွာအလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၃ဝ၄ ဦး ဝါးသင်္ခကျေးရွာ အထက်ရွာမှ မူလ တန်းကျောင်းသားကျောင်းသူ ၄၈ ဦးတို့အား ပညာသင်ကြားရာတွင် သင်ထောက်ကူပစ္စည်း အခက်အခဲ မရှိစေရေးအတွက် ဗလာစာအုပ် ဒါဇင်၇ဝဝနှင့်ဘောလ်ပင်ခဲတံဒါဇင် ၃၅ဝတို့ကိုသွားရောက်လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။

Read more

နတ်မောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက် ၁ဝ နာရီမှစ၍ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုးက တက်ရောက်လာသည့် ရပ်/ကျေးဥက္ကဋ္ဌနှင့်ပြည်ခိုင်ဖြိုးပါတီဝင်များ အား ပါတီ၏ စည်းကမ်းနှင့်အညီ ပြည်သူ များကြားတွင် ပူးပေါင်းပါဝင်လုပ်ဆောင် ပေးနိုင်ဖို့နှင့်အတူ လိုအပ်သည်တို့ကို မိမိတို့ တတ်စွမ်းနိုင်သမျှ ကူညီပေးပါရန်စသဖြင့် မှာကြားခဲ့သည်။

Read more

ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ်တင်ခြင်းအခမ်အနား ကျင်းပ

 

(2.7.2018)ရက်​နေ့ နံနက်​ (09:30) အချိန်​ ဝမ်းတွင်းမြို့နယ် ​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးတွင်​ ပါတီအလံသစ်​တင်​ခြင်းအခမ်းအနားအား​အောင်​မြင်​စွာကျင်းပခဲ့ရာ မြို့နယ်​ပါတီဥက္ကဌနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ မြို့​ပေါ် (6) ရပ်​ကွက်​မှ ရပ်​​ကျေးပါတီဥက္ကဌများနှင့်​​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ပြီး (09:45) အချိန်​ အလံသစ်​တင်​ခြင်းအခမ်းအနား ​အောင်​မြင်​စွာကျင်းပြီးစီးခဲ့ပြီး တက်​​ရောက်​လာသူများအား လက်​ဘက်​ရည်​မုန့်​များဖြင့်​ ဧည့်​ခံ​ကျွေး​မွေးခဲ့ပါသည်​။


Read more

အရှိုချင်းစာပေပြဋ္ဌာန်းစာအုပ်နှင့် စာရေးကိရိယာများပြည်ခိုင်ဖြိုးပါတီပေးအပ်လှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အရှိုချင်းစာ ပေသင်ကြားနေသော အခြေခံ ပညာကျောင်းများအား အရှိုချင်း စာပေပြဋ္ဌာန်းစာအုပ်နှင့် စာရေး ကိရိယာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြန်အောင်မြို့နယ် မြင် ဝါးတောင်ကျေးရွာအုပ်စုညောင်ခုံ ကျေးရွာညောင်ခုံမူလတန်းကျောင်း ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ပါတီဝင်အသစ်များ အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်

 

Read more

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ခရိုင် မြို့နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဘားအံ ဇူလိုင် ၂

ဗဟိုအလုပ်အမှုဆောင် ကရင် ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် သည် ယမန်နေ့နံနက် ၁ဝ နာရီက ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်မတွင် ကျင်းပသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ခဲ့သည်။

Read more

အီဂျစ်တိုက်စစ်မှူး ဆာလက် လီဗာပူးအသင်းနှင့် ငါးနှစ်စာချုပ် သက်တမ်းတိုး

လန်ဒန် – ကမ္ဘာ့ဖလားမှ စောစော စီးစီးထွက်ရသည့် အီဂျစ်အသင်းတိုက်စစ်မှူး မိုဟာမက်ဆာလက်သည် လီဗာပူးတွင် ငါးနှစ် သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။

ဆာလက် (၂၆) နှစ်သည် ပြီးခဲ့သည့်နွေရာ သီကလီဗာပူးသို့ ပေါင် ၃၄ သန်းဖြင့် ရောက်လာပြီး ကလပ်အတွက် ၅၂ ပွဲ ကစားထားကာ ၄၄ ဂိုးသွင်းယူခဲ့သည်။ ၎င်း၏စာချုပ်သစ်သည် ၂၀၂၃ တွင် သက်တမ်း ကုန်မည်ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ပါဝင်ခြင်း မရှိပေ။

Read more

ဆွီဒင်-ဆွစ်ဇာလန်၊ ကိုလံဘီယာ-အင်္ဂလန် တို့ အကြိတ်အနယ် ယှဉ်ပြိုင်မည့်ည

ဆွီဒင်-ဆွစ်ဇာလန်

(ည ၈ နာရီခွဲ)

ဂျာမနီ၊ မက္ကဆီကိုနှင့် တောင်ကိုရီးယားတို့ပါဝင်သော အုပ်စုတွင် ဆွီဒင်အုပ်စုပထမရခဲ့ခြင်းသည် ကံကြောင့် မဟုတ်ဘဲ ကြိုးစားမှု၏ ရလဒ်သာဖြစ်သည်။

ဂျာမနီကို နာကျင်အချိန်ပိုအနိုင်ဂိုးဖြင့် ရှုံးနိမ့်ပြီး မျှော်လင့်ချက်မဲ့သလိုဖြစ်ခဲ့သော်လည်း ဆွီဒင်သည် မက္ကဆီကိုကို သုံးဂိုးပြတ် အနိုင်ယူခဲ့ခြင်းက စိတ်ဓာတ်မာကျောမှုကြောင့်ဖြစ်သည်။ မျှော်လင့်ခံထားရခြင်း မရှိသောကြောင့် ဖိအားကင်းကင်း ကစားနိုင်ခြင်းက ဆွီဒင်အတွက် အားသာချက် ဖြစ်စေသည်။

Read more