ငလ်င္ဒဏ္ခံခဲ့ရတဲ့ ဗင္နီဇြဲလားႏိုင္ငံအတြက္ ကန္ေဒၚလာ ၂၅၀၀၀၀ လႉဒါန္းခဲ့တဲ့ ဘရာဇီး ေဘာလုံးသမား ေနမာ

ငလ်င္ဒဏ္ခံခဲ့ရတဲ့ ဗင္နီဇြဲလားႏိုင္ငံအတြက္ ကန္ေဒၚလာ ၂၅၀၀၀၀ လႉဒါန္းခဲ့တဲ့ ဘရာဇီး ေဘာလုံးသမား ေနမာ
==============================
နာမည္ႀကီးဘရာဇီးေဘာလုံးသမား ေနမာဟာ ဗင္နီဇြဲလားႏိုင္ငံက အေရးေပၚကယ္ဆယ္ေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ပံ့ပိုးဖို႔အတြက္ ကန္ေဒၚလာ ၂၅၀၀၀၀ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ အဲ့ဒီရန္ပုံေငြေတြက ငလ်င္ေဘးသင့္သူေတြအတြက္ အစားအစာ၊ ေသာက္သုံးေရ၊ ေဆးဝါးနဲ႔ ယာယီခိုလႈံရာေတြအပါအဝင္ အေထာက္အပံ့ေတြကို ခ်က္ခ်င္းေထာက္ပံ့ေပးႏိုင္ဖို႔ အသုံးျပဳသြားမွာျဖစ္ပါတယ္။

“ဗင္နီဇြဲလားျပည္သူေတြအတြက္ တကယ္စာနာဝမ္းနည္းမိပါတယ္”လို႔ ေနမာက ေျပာၾကားရင္း ဒီလႉဒါန္းမႈက ငလ်င္ေဘးသင့္မိသားစုအတြက္ ခြန္အားေတြယူေဆာင္လာေပးၿပီးသက္သာရာရေစဖို႔ ေမွ်ာ္လင့္တယ္လို႔ ဆိုပါတယ္။

ဗင္နီဇြဲလားႏိုင္ငံမွာ ျပင္းအား ၇.၂ မဂၢနီက်ဴ႕စ္နဲ႔ ျပင္းအား ၇.၅ မဂၢနီက်ဴ႕စ္ရွိတဲ့ အင္အားျပင္းငလ်င္ ၂ ႀကိမ္ဆက္တိုက္ လႈပ္ခတ္မႈေၾကာင့္ လက္ရွိအခ်ိန္အထိ ေသဆုံးသူ ၁၄၅၀ ထက္မနည္း ရွိေနပါတယ္။


ငလျင်ဒဏ်ခံခဲ့ရတဲ့ ဗင်နီဇွဲလားနိုင်ငံအတွက် ကန်ဒေါ်လာ ၂၅၀၀၀၀ လှူဒါန်းခဲ့တဲ့ ဘရာဇီး ဘောလုံးသမား နေမာ
==============================
နာမည်ကြီးဘရာဇီးဘောလုံးသမား နေမာဟာ ဗင်နီဇွဲလားနိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးဖို့အတွက် ကန်ဒေါ်လာ ၂၅၀၀၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီရန်ပုံငွေတွေက ငလျင်ဘေးသင့်သူတွေအတွက် အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ ယာယီခိုလှုံရာတွေအပါအဝင် အထောက်အပံ့တွေကို ချက်ချင်းထောက်ပံ့ပေးနိုင်ဖို့ အသုံးပြုသွားမှာဖြစ်ပါတယ်။

“ဗင်နီဇွဲလားပြည်သူတွေအတွက် တကယ်စာနာဝမ်းနည်းမိပါတယ်”လို့ နေမာက ပြောကြားရင်း ဒီလှူဒါန်းမှုက ငလျင်ဘေးသင့်မိသားစုအတွက် ခွန်အားတွေယူဆောင်လာပေးပြီးသက်သာရာရစေဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းအား ၇.၂ မဂ္ဂနီကျူ့စ်နဲ့ ပြင်းအား ၇.၅ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် ၂ ကြိမ်ဆက်တိုက် လှုပ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၁၄၅၀ ထက်မနည်း ရှိနေပါတယ်။