ဩစေၾတးလ်တြင္ ထိုင္းေလယာဥ္မယ္တစ္ဦး မူးယစ္ေဆးဝါးေမွာင္ခိုတင္သြင္းမႈျဖင့္ ဖမ္းဆီးခံရ

ဩစေၾတးလ်တြင္ ထိုင္းေလယာဥ္မယ္တစ္ဦး မူးယစ္ေဆးဝါးေမွာင္ခိုတင္သြင္းမႈျဖင့္ ဖမ္းဆီးခံရ
============================
ဩစေၾတးလ်ႏိုင္ငံတြင္ ထိုင္းေလယာဥ္မယ္တစ္ဦးကို မူးယစ္ေဆးဝါးေမွာင္ခိုတင္သြင္းမႈျဖင့္ ဖမ္းဆီးၿပီးတရားစြဲဆိုထားေၾကာင္း ဩစေၾတးလ် ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
အသက္ ၂၆ ႏွစ္အ႐ြယ္ အဆိုပါ ေလယာဥ္မယ္သည္ ဇြန္ ၂၅ ရက္က မဲလ္ဘုန္းေလဆိပ္ကို ေရာက္ရွိလာခ်ိန္တြင္ သူႏွင့္အတူပါလာသည့္အိတ္မ်ားအတြင္း ဝွက္ၿပီး ထည့္သြင္းထားသည့္ ဘိန္းျဖဴ တစ္ကီလိုဂရမ္ (၂ ဒသမ ၂ ေပါင္) ကို အေကာက္ခြန္အရာရွိမ်ားက ရွာေဖြေတြ႕ရွိခဲ့သည္။
အဆိုပါ အိတ္မ်ား၏အတြင္းဘက္အလႊာတြင္ လွ်ိဳ႕ဝွက္ ထည့္သြင္းထားေသာ ဘိန္းျဖဴမ်ား၏ ခန႔္မွန္းေျခကာလေပါက္ေစ်းမွာ ၾသစေၾတးလ်ေဒၚလာ ၅၀၀၀၀၀ (အေမရိကန္ေဒၚလာ ၃၄၃၃၀၀) ရွိေၾကာင္း သိရသည္။
ထိုအမ်ိဳးသမီးသည္ မူးယစ္ေဆးဝါးကို ေရာင္းဝယ္ေဖာက္ကားရန္ ပမာဏအတိုင္းအတာတစ္ခုအထိ တင္သြင္းမႈတစ္မႈ၊ လက္ဝယ္ထားရွိမႈတစ္မႈျဖင့္ တရားစြဲဆိုျခင္းခံထားရသည္။
ထိုစြဲခ်က္တစ္ခုစီအတြက္ အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္ ၂၅ ႏွစ္အထိ ခ်မွတ္ခံရႏိုင္သည္။
အဆိုပါအမ်ိဳးသမီးကို ဇြန္ ၂၆ ရက္ေန႔ကတည္းက ရမန္ျဖင့္ ထိန္းသိမ္းထားၿပီး စက္တင္ဘာလ ၁၄ ရက္ေန႔တြင္ မဲလ္ဘုန္းတရား႐ုံး ၌ ႐ုံးထုတ္စစ္ေဆးရန္ စီစဥ္ထားသည္။
_Ref: Reuters
ဩစတြေးလျတွင် ထိုင်းလေယာဉ်မယ်တစ်ဦး မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုဖြင့် ဖမ်းဆီးခံရ
============================
ဩစတြေးလျနိုင်ငံတွင် ထိုင်းလေယာဉ်မယ်တစ်ဦးကို မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုဖြင့် ဖမ်းဆီးပြီးတရားစွဲဆိုထားကြောင်း ဩစတြေးလျ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အသက် ၂၆ နှစ်အရွယ် အဆိုပါ လေယာဉ်မယ်သည် ဇွန် ၂၅ ရက်က မဲလ်ဘုန်းလေဆိပ်ကို ရောက်ရှိလာချိန်တွင် သူနှင့်အတူပါလာသည့်အိတ်များအတွင်း ဝှက်ပြီး ထည့်သွင်းထားသည့် ဘိန်းဖြူ တစ်ကီလိုဂရမ် (၂ ဒသမ ၂ ပေါင်) ကို အကောက်ခွန်အရာရှိများက ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါ အိတ်များ၏အတွင်းဘက်အလွှာတွင် လျှို့ဝှက် ထည့်သွင်းထားသော ဘိန်းဖြူများ၏ ခန့်မှန်းခြေကာလပေါက်စျေးမှာ သြစတြေးလျဒေါ်လာ ၅၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၃၄၃၃၀၀) ရှိကြောင်း သိရသည်။
ထိုအမျိုးသမီးသည် မူးယစ်ဆေးဝါးကို ရောင်းဝယ်ဖောက်ကားရန် ပမာဏအတိုင်းအတာတစ်ခုအထိ တင်သွင်းမှုတစ်မှု၊ လက်ဝယ်ထားရှိမှုတစ်မှုဖြင့် တရားစွဲဆိုခြင်းခံထားရသည်။
ထိုစွဲချက်တစ်ခုစီအတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။
အဆိုပါအမျိုးသမီးကို ဇွန် ၂၆ ရက်နေ့ကတည်းက ရမန်ဖြင့် ထိန်းသိမ်းထားပြီး စက်တင်ဘာလ ၁၄ ရက်နေ့တွင် မဲလ်ဘုန်းတရားရုံး ၌ ရုံးထုတ်စစ်ဆေးရန် စီစဉ်ထားသည်။
_Ref: Reuters




