နေမာနဲ့ ပတ်သက်တဲ့သတင်းတစ်ခုကို တရားဝင် ငြင်းဆိုခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ တရားဝင်ငြင်းဆိုသွားတယ်လို့ သိရပါတယ်။ မနေ့ညက စပိန်လူထုရုပ်သံတစ်ခုဖြစ်တဲ့ TVE သတင်းဌာနဟာရီးရဲလ်မက်ဒရစ်အနေနဲ့ နေမာအတွက် PSG ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း (၃၁၀) နဲ့ ကမ်းလှမ်းလိုက်တယ်ဆိုပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နေမာအနေနဲ့ ပဲရစ်မှာ အဆင်မပြေ ဖြစ်နေတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ စပိန်လာလီဂါကို ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းများက ဖော်ပြခဲ့တာလည်း ကြာနေပြီ ဖြစ်ပါတယ်။

Read more

ရုရှားကို ရှုံးပြီးနောက် စပိန်နည်းပြ ဟီယာရိုနှင့် ပီကေး အများဆုံးဝေဖန်ခံရ

အိမ်ရှင်ရုရှားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရပြီးနောက် စပိန်နည်းပြ ဟီယာရိုနှင့် နောက်ခံလူပီကေးတို့ကို ရီးရဲလ်ပရိသတ်များက အဓိကဝေဖန်နေကြသည်။

ရီးရဲလ်က ခေါ်ယူခဲ့သည့် စပိန်နည်းပြဟောင်း လိုပါတီဂူကို ထုတ်ပယ်ခဲ့သည့် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လူးဝစ်ရူဘီယာလက်စ်လည်း ဝေဖန်ခံနေရကာ ဂိုးသမားဒီဂီယာ၏ စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်နေသည်။

Read more

ကင်ဂျုံအန်းနှင့် ဆွေးနွေးရန် ကန်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယား သွားမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဆွေးနွေးဖို့ အတွက် မြောက်ကိုရီးယားကို ဇူလိုင် ၅ ရက်နေ့ သွားရောက်မှာ ဖြစ်ပါတယ်။

“ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းမဲ့ရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်ဖို့၊ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သူ့အစိုးရအဖွဲ့တို့ကို တွေ့ဆုံဖို့ ဝန်ကြီး ပွန်ပီယို ဇူလိုင် ၅ ရက်မှာ မြောက်ကိုရီးယားကို သွားပါလိမ့်မယ်” လို့ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး ဆာရာ ဆန်ဒါက ပြောကြား သွားတာဖြစ်ပါတယ်။

Read more

လက်ဝဲဝါဒီလိုပက်ဇ်အိုဘရာဒါ မက္ကဆီကိုသမ္မတသစ်အဖြစ် ရွေးကောက်ခံရ

ဇူလိုင် ၁ ရက် က ကျင်းပခဲ့သော မက္ကဆီကို သမ္မတရွေးကောက်ပွဲတွင် လက် ဝဲဝါဒီ လိုပက်ဇ်အိုဘရာဒါက ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။

မက္ကဆီကိုစီးတီးမြို့တော်ဝန်ဟောင်း အိုဘရာဒါသည် မဲ ၅၃ ရာခိုင်နှုန်းခန့် ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ တာဝန်ရှိသူများက ပြောပြီး ယင်းမှာ ၎င်း၏ အနီးကပ်ဆုံး ပြိုင်ဘက်ထက် မဲရာခိုင်နှုန်း နှစ်ဆကျော် အသာရခြင်းဖြစ်သည်။

Read more

ဆစ်ခ်ဘာသာဝင် ၁၃ ဦးသေဆုံးခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်ခံရအပြီး အာဖဂန် ဆစ်ခ်ဘာသာဝင်တွေ အိန္ဒိယကို ပြောင်းရွှေ့ ဖို့  စဉ်းစားနေ

အာဖဂန်နစ္စတန်နိုင်ငံ ဂျာလာလာဘတ်မြို့ မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ၄င်းတို့ ဘာသာဝင် ၁၃ ဦး သေဆုံးခဲ့ရအပြီး အာဖဂန်မှာ နေထိုင်တဲ့ ဆစ်ခ်ဘာသာဝင် လူနည်းစုဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ကြဖို့  စဉ်းစာနေကြပြီလို့  ဆိုပါတယ်။

Read more

မလေးရှားမှာ ရာနဲ့ချီတဲ့ ဘဏ်စာရင်းတွေ ပိတ်

1MDB ရန်ပုံငွေကို မလျော်မကန်လုပ်မှုနဲ့ အလွဲသုံစားလုပ်မှုနဲ့ ဆက်စပ်ပြီး ရာနဲ့ချီတဲ့ ဘဏ်ငွေစာရင်းတွေကို ရုံးမိန့်နဲ့ ပိတ်ပစ်လိုက်ပြီလို့ မလေးရှား တာဝန်ရှိသူတွေက မနေ့ကပြောကြားပါတယ်။ ပုဂ္ဂလိက တစ်ဦးချင်း၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဘဏ်စာရင်းတွေ ပိတ်ပစ်တာပါ။ အဂတိလိုက်စားမှု အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်မှုနဲ့ စုစုပေါင်းဒေါ်လာ ၂၇၂ သန်းရှိတဲ့ ဘဏ်ငွေစာရင်း ၄၀၈ ခုကို ပိတ်ပစ်တယ်လို့ ဆိုပါတယ်။ 1MDB ရဲ့ ရန်ပုံငွေ ရရှိတယ်လို့ ယုံကြည်ရတဲ့ ပုဂ္ဂိုလ် ၈၁ ယောက်နဲ့ ကုမ္ပဏီ ၅၅ ခုရဲု့ ဘဏ်စာရင်းတွေ ပိတ်ပစ်တာလည်း ဖြစ်ပါတယ်။

Read more

မယ်ဆိုင်ဂူထဲက ကလေးတွေကို လောလောဆယ် အလျှင်အမြန် ခေါ်ထုတ်လာဖို့ အဆင်မပြေနိုင်သေး၊ စိုးရိမ်စရာတော့မလို

Update: 9:54AM ၊ 3/7/2018

မယ်ဆိုင်ဂူအတွင်း ရှာဖွေကယ်ဆယ်ရေး (၁၀)ရက်မြောက်နေ့ဖြစ်တဲ့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့ညပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ လူငယ်(၁၃)ဦးဟာ ယနေ့ ဇူလိုင်လ(၃)ရက်နေ့ နံနက်(၁၀)၀န်းကျင်အထိ ဂူထဲမှာပဲ ရှိပါသေးတယ်။

Read more

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမျိုးသမီးရေးရာကော်မတီနှင့်အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၂/၂၀၁၈) ဖွင့်ပွဲအခမ်းအနား

 

မိုးကောင်း၊ ဇူလိုင် ၂

Read more

ရှမ်းမြောက် မိုးမိတ်ခရိုင် လူငယ်များ ဘုရားတည်ဆောက်ရေး လုပ်အားကုသိုလ်ယူ

 

ရှမ်းမြောက် မိုးမိတ်ခရိုင် ဥက္ကဌ ဦးစိုးမြင့် မြို့နယ်ပါတီဥက္ကဌ ဒေါ်နန်းခင်မြင့်ဌေးနှင့် မြို့နယ်ကော်မတီဝင်၊ အရံကော်မတီဝင်၊ ရပ်/ကျေး ဥက္ကဌများ၊ လူငယ်ပါတီဝင်များ၊ ခရိုင် / မြို့နယ်ရုံးအဖွဲ့များ စုစုပေါင်း (၆၀) ဦးတို့သည် ယနေ့နံနက် (၆း၄၅) အချိန်တွင် လက်ခုပ်တန်းရပ်ကွက် သန္တိသုခဓမ္မာရုံ ပရိဝုဏ် အတွင်း၌ တည်ထားကိုးကွယ်မည့် လောကမာရ်အောင်စေတီတော် တည်ဆောက်ရေး ကျောက်သရစ်လောင်းခြင်းလုပ်ငန်းတွင် လုပ်အားကုသိုလ်ယူခဲ့ကြပါသည်။ အလှူရှင်များမှ ကောက်ညင်းပေါင်း၊ အကြော်၊ ကော်ဖီ၊ လဘက်ရည်များ ဧည့်ခံကျွေမွေးခဲ့ကြပြီး နံနက် (၁၀း၄၅) တွင် လုပ်အားကုသိုလ် ရပ်နားခဲ့ကြပြီး ရေစက်ချအမျှအတမ်း ပေးဝေခဲ့ကြပါသည်။

Read more

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်အုပ်စု၊ နဘူးအိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပ

 

ယနေ့ (2.7.2018) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်အုပ်စု၊ နဘူးအိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီရပ်/ကျေးဥက္ကဌနေအိမ်တွင် နံနက် (10:30) တွင် ဆိုင်းဘုတ်တင်အခမ်းအနားကို ကျင်းပပြီး မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီပါတီကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူ၊ မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်နှင့်မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝေမျိုးဟန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီကော်မတီဝင် (၈၀) ဦး တက်ရောက်ခဲ့ပြီး နေလည် (12:15) နာရီအချိန်တွင် ညောင်ဝန်ကျေးရွာ ရပ်/ကျေးပါတီဥက္ကဌနေအိမ်တွင် ဆက်လက် ဆိုင်းဘုတ်တင်ပြီး နေ့လည် (1:45) အချိန်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

Read more