မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

မ​ကွေး၊ ဇူလိုင်​ ၊ ၅

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေနှင့်ဖွံ့ဖြိုးရေးပါတီ မ​ကွေးမြို့နယ် ပါတီ​ကော်​မတီ ဝင်​များ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၀၉း၃၀ နာရီမှ စတင်​၍ မ​ကွေးတိုင်း​ဒေသကြီးပါတီ အစည်းအ​ဝေးခန်းမ၌ ပြူလုပ်​ခဲ့ရာ တိုင်းဘဏ္ဍာာ​ရေးမှူး ဦးကြည်​ထွန်း၊ မ​ကွေးခရိုင်​​ကော်​မတီဝင်​ ဦး​အောင်​နိုင်​၊ မ​ကွေးမြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စုစု​နောင်​နှင့်​ မြို့နယ်​​ကော်​မတီဝင်​များ တက်​​ရောက်
ဆွေး​နွေး ​ဆောင်​ရွက်​ခဲ့ကြပါသည်​ ။

Read more

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် (ရန်ကုန်) တွင်ကျင်းပခဲ့သည့် အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသည့် မီဒီယာများ၏ မေးမြန်းမှုများကို သက်ဆိုင်ရာပါတီတာဝန်ရှိသူများ၏ ပြန်လည်ဖြေကြားချက်များမှ ကောက်နှုတ်ဖော်ပြ

 

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျောက်ပန်းတောင်းမြို့နယ် ပါတီအလံသစ်တင်အခမ်းအနားကျင်း

 

5 July

ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအလံသစ်တင်အခမ်းအနားကို ၅.၇.၂၀၁၈ ရက်နေ့တွင် ကျင်းပပါသည်။ ယင်းအခမ်းအနားသို့ညောင်ဦးခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။ အဆိုပါအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုအလေးပြု၍ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

Kyaw Minn Soe’ Photo

Read more

ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ချောင်းဝကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံ

 

4.7.2018 ကန်ကြီး​ထာင့်မြို့နယ် ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌနှင့် အရန်ကော်မတီဝင် ဦးမော်စီအေးတို့သည် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၈ နာရီမှ ၁၀း၃၀ အချိန်ထိ ပေါက်ကျွန်းတိုက်နယ် ချောင်းဝရွာတွင် ပါတီဝင် ၅၆ ဦးနှင့် တွေဆုံကာ နိုင်ငံတော်လုံခြုံရေးအခြေအနေကို ရှင်းပြပြီး ပါတီသတင်း၊ ပါတီစာဂျာနယ် လစဉ်ဝယ်ဖတ်သူနှစ်ဦးကို ကျေးဇူးတင်ကြောင်းပြောပြီး အမှတ်​တရ ရင်​ထိုးတံဆိပ်​များနှင့်အင်္ကျီများ လက်​​ဆောင်​​ပေး​ဝေခဲ့ပါသည်​။

Read more

ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ သွေးလွန်တုတ်ကွေးကြိုတင်ကာကွယ်ရေး ခြင်းဆေးမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ( ၆ ) ရပ်ကွက် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ခြင်ဆေးမူတ်ခြင်းလုပ်ငန်းကို ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဘချစ်နှင့် အလူပ်အမှုဆောင်များ၊ ရပ်ကွက်ဥက္ကဋ္ဌများ၊ ပါတီဝန်းရံသူများ ၄ . ၇ . ၂၀၁၈ ရက်နေ့က ပြည်သူအကျိုးပြုတစ်ရပ်အနေနှင့် ပြုလုပ်ခဲ့ပါသည်။


Read more

အေးချမ်းသူတို့စံပျော်ရာ သွေးလှူရှင်အသင်း လပတ်အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီတက်ရောက် ငွေလှူဒါန်း

 

မအူပင် ဇူလိုင် ၎

Read more

ရွှေဘိုခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရွှေဘိုခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ် ခရိုင်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီက ရွှေဘို ခရိုင်ပါတီရုံးတွင်ကျင်းပရာ ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးအေးက တိုင်း ဒေသကြီးပါတီ၏ လမ်းညွှန်မှုများ အား ထပ်ဆင့်ရှင်းလင်းပြီး မြို့နယ် ပါတီဥက္ကဋ္ဌများက မိမိတို့မြို့နယ် များ၏ လုပ်ငန်းဆောင်ရွက်ချက် များကို အသီးသီးဆွေးနွေးကြ သည်။
ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးက ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးပြီး မွန်းတည့် ၁၂ နာရီ တွင် အစည်းအဝေးပြီးမြောက် ခဲ့ကြောင်း သိရသည်။

Read more

ရှမ်းရှေ့ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုဆုများချီးမြင့်

 

ရှမ်းပြည်နယ် ( အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၄ •၇•၂၀၁၈)ရက်၊ဗုဒ္ဓဟူးနေ့ ၊နံနက်(၁၀:၀၀)နာရီ အချိန်တွင် (အ•ထ•က)ကျောင်း၂(၀၁၇-၂၀၁၈)ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား / သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်ဥက္ကဌ ဦးဒါဝိဒ်၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းမိုးဇော်ဦးတို့မှ တတ်ရောက်ခဲ့ကြပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

Read more

ဖခင်ပြန်ပေးဆွဲခံရခြင်းကို ထိမ်ချန်ပြီး ကမ္ဘာ့ဖလားပွဲကစားခဲ့ဟု နိုင်ဂျီးရီးယား အသင်းခေါင်းဆောင်မီခေးလ်ပြော

နိုင်ဂျီးရီးယားတွင် ဖခင်ဖြစ်သူ ပြန်ပေးဆွဲခံရပြီး ရဲတိုင်လျှင် ပစ်သတ်မည်ဆိုသော သတင်းကို ကြားသိရပြီးနောက် လေးနာရီအကြာ၌ နိုင်ဂျီးရီးယား အသင်းခေါင်းဆာင် ဂျွန်အိုဘီမီ ခေးလ်သည် အရေးကြီးသော အာဂျင်တီးနား နှင့်ပွဲတွင် ပါဝင်ကစားခဲ့သည်။

‘‘အဲဒီကိစ္စကို ကျွန်တော့် ခေါင်းထဲက ထုတ်ထားပြီး ကျွန်တော့်နိုင်ငံအတွက် အရင်ဆုံးသွားပြီး ကိုယ်စားပြုခဲ့ ပါတယ်’’ ဟု မီခေးလ်က ပြောသည်။ မီခေးလ် ကအသင်းမတည်မငြိမ် မဖြစ်စေ ရေး ယင်းသတင်းကို အသင်းဖော် များနှင့် နည်းပြကို အသိမပေးဘဲ အာဂျင်တီးနားကို ရင်ဆိုင်ခဲ့ သည်။

Read more

ဂျပန်၏ ကမ္ဘာ့ဖလားပွဲစဉ်များရလဒ်ကို မှန်ကန်စွာ ဟောကိန်းထုတ်ခဲ့သည့် ရေဘဝဲသတ်ဖြတ်ရောင်းစားခံရ

ပိုင်ရှင်က သတ်ဖြတ်ကာ ဆူရှီအဖြစ်စားသုံး ရန် ရောင်းချခဲ့သည်။

ရာဘီယိုဟု အမည်ပေးထားသော ယင်းရေဘဝဲသည် မှန်ကန်သော ကြိုတင်ဟောကိန်းများနှင့်အတူ အနာဂတ်ကို ကြိုသိကြောင်း ချီးကျူးခံခဲ့ရသည်။

သို့သော် ယင်းရေဘဝဲကို ဖမ်းဆီးရမိသည့် ငါးဖမ်းသမား ကီမီယိုအာဘေးက ၎င်းကိုယင်း သို့ အသုံးပြုခြင်းထက် အစားအ စာအဖြစ် ရောင်းချပါက ငွေပိုရ မည်ဟု ခံစားရသဖြင့် သတ်ဖြတ် ရောင်းစားခြင်းဖြစ်သည်။

Read more