ဗိုလ်ချုပ်ရုပ်တုထားရှိရေး ကန့်ကွက်သူများနှင့် ညှိနှိုင်းဖြေရှင်းရန် ပြည်နယ်ဝန်ကြီးချုပ်ကို ညွှန်ကြားထားဟုဆို

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိမည့်အပေါ်ကန့်ကွက် ဆန္ဒထုတ်ဖော်သူများ နှင့် ပြေလည်စွာ ညှိနှိုင်းဖြေရှင်းရန် ပြည်နယ်ဝန်ကြီးချုပ်ကို ညွှန် ကြားထား ကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။ ယမန်နေ့က နေပြည်တော် MICC II ၌ ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ လုပ်ငန်းကော်မတီ အစည်းအဝေးခေတ္တရပ်နားချိန်တွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားသည်။

Read more

ကနီမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးကော်မတီဝင်များ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

 

ကနီ ဇူလိုင် ၅

ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦးနှင့် ကော်မတီဝင်များသည် ကနီမြို့နယ် မိုးကောင်းအုပ်စု မိုးကောင်း ကျေးရွာပါတီဥက္ကဋ္ဌ နေအိမ်၌ ယနေ့မွန်းတည့် ၁၂ နာရီက ရပ်/ကျေးကော်မတီဝင်များ၊ ရပ်မိ/ ရပ်ဖများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

သွားရောက်တွေ့ဆုံရာတွင် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ စီးပွားရေး၊ ဘာသာရေးအခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

Read more

မြန်မာ့လက်ရွေးစင်အသင်းအတွက်ပါ အန်တိုနီဟေး လူရွေးချယ်လျက်ရှိ

အာရှအားကစားပွဲတွင် မြန်မာ၊ မြောက်ကိုရီးယား၊ ဆော်ဒီ၊ အီရန် တအုပ်စုတည်းကျ

မြန်​မာ့လက်​​ရွေးစင်​အသင်းနှင့်​ မြန်​မာယူ – ၂၃ အသင်းတို့ကို ပူးတွဲကိုင်​တွယ်​​နေသည့်​ ဂျာမနီလူမျိုး နည်းပြအန်​တိုနီ​ဟေး သည်​ အာရှအားကစားပြိုင်​ပွဲ ယှဉ်​ပြိုင်​မည့်​ မြန်​မာယူ – ၂၃ အသင်းအတွက်​ လူ​ရွေးချယ်​ရန်​ ပြည်တွင်းလိဂ်​ ပွဲများလိုက်​လံ ကြည့်​ရှုလျက်​ရှိပြီး ဆူဇူကီးဖလားပြိုင်​ပွဲယှဉ်​ပြိုင်​မည့်​ မြန်​မာ့လက်​​ရွေးစင်​အသင်း အတွက်​ပါ ​စောင့်​ကြည့်​လျက်​ရှိ​ကြောင်း သိရသည်​။

Read more

စီရော်နယ်ဒို ဂျုဗင်တပ်ကို တကယ်ရောက်မှာလား

စီရော်နယ်ဒို တစ်ယောက် ဂျုဗင်တပ်ကို ပေါင် ၈၈ သန်းနဲ့ ရောက်တော့မယ်လို့ သတင်းတွေ ထွက်နေချိန်မှာ ဂျုဗင်တပ်အမှတ်တံဆိပ်နဲ့ ကျောနံပါတ် ၇ ပါတဲ့ စီရော်နယ်ဒို နာမည်နဲ့ အကျီင်္ပုံတွေ အွန်လိုင်းပေါ်မှာ ပျံနှံလာခဲ့ပါတယ်။ ဒီအချိန်မှာ မန်ယူကလည်း စီရော်နယ်ဒိုရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး သာမန် ကစားသမား တစ်ဦးအတွက်တောင် ပေါင်သန်း ၆၀ လောက်အသာ လေးပေးနေရချိန်မှာ သူ့အတွက် ပေါင် ၈၈ သန်း ဆိုတော့ တကယ်သာရမယ်ဆိုရင် မန်ယူဘက်က မပေးနိုင်စရာအကြောင်း မရှိပါဘူး။ နောက်ပြီး ကစားသမားရဲ့ လစာက တစ်ပတ်ပေါင် ၅၀၀၀၀၀ ဆိုတာကိုလည်း မန်ယူက အေးဆေးပေးနိုင်ပါတယ်။ ဒိုလေးကလည်း အသင်းဟောင်းမန်ယူကို ပြောင်းခြင်တဲ့ဆန္ဒ ရှိနေတာပါ။

Read more

တိုကျိုမြေအောက်ဘူတာရုံမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဂိုဏ်းခေါင်းဆောင်ကို ဂျပန် ကွပ်မျက်

ဇူလိုင် ၆

၁၉၉၅ ခုနှစ်တုန်းက တိုကျို မြေအောက်ဘူတာရုံမှာ ဆာရင်းလို့ ခေါ်တဲ့ အာရုံကြော ထိခိုက်စေတဲ့ ဓာတုအဆိပ်နဲ့ တိုက်ခိုက်ခဲ့တဲ့ အယူသည်းဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကို ဇူလိုင် ၆ ရက်မှာ ဂျပန်အာဏာပိုင်တွေက ကွပ်မျက်လိုက်ပြီ ဖြစ်ပါတယ်။

ကမ္ဘာပျက်တော့မယ်လို့ ယုံကြည်နေတဲ့ ယင်းအယူသည်းဂိုဏ်းအဖွဲ့က ၁၉၉၅ ခုနှစ်ကပဲ အဆိုပါ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

Read more

ထိုင်းကယ်ဆယ်ရေး အဖွဲ့ဝင် ၁ ဦး သေဆုံး

ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းကျောင်းသားလူငယ်ဘောလုံးအသင်း ဝင် ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာ ပြန်လည် ကယ်ဆယ်ရေးမှာ ပါဝင်ကူညီနေသူ ထိုင်းရေတပ် ရေငုပ်သမားဟောင်း တယောက် သေဆုံးခဲ့ပါတယ်။

ဆမန်ခူနမ် (အသက် ၃၈ နှစ်) ဟာ ထမ်လွန်နမ့်နွန် ဂူထဲကို ထောက်ပံ့ရေး ပစ္စည်းတွေ ပို့အပြီး အပြန်လမ်းမှာ သတိမေ့မျောသွားခဲ့တယ်လို့ ထိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Read more

တရုတ်ကုန်စည်တွေအပေါ် ကန်အခွန်သစ် စည်းကြပ်မှု မကြာခင်စတင်တော့မည်

အမေရိကန် ဒေါ်လာ ၃၄ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်လုပ်ပစ္စည်းတွေကို အမေရိကန်က အခွန်သစ်ကောက်ခံဖို့ သောကြာနေ့မှာ စတင်တော့မှာ ဖြစ်ပြီး ဒီလို လုပ်ခဲ့ရင် ချက်ချင်း ပြင်းပြင်းထန်ထန် တုန့်ပြန်တာ ခံရမယ်လို့ တရုတ်အစိုးရက သတိပေးနေပါတယ်။

Read more

တရားမဝင် အွန်လိုင်းလောင်းကစားတွေ ဦးဆောင်ပြုလုပ်တဲ့ ကိုရီးယားတွေကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်းရဲတွေဟာ Bang Lamung ခရိုင်မှာ အွန်လိုင်းလောင်းကစားကို ဦးစီးလုပ်ကိုင်နေတဲ့ အသက် ၃၁ နှစ်ကနေ ၃၆ နှစ် အကြားရှိတဲ့ တောင်ကိုရီးယားလူမျိုး ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အသက် ၃၁ နှစ် အရွယ်ရှိတဲ့ ချန်ဂျူနဲ့ ဒေါင်ဂျီအန်တို့ကို tambon Nong Prue က Soi Nong Mai Kaen မှာရှိတဲ့ အိမ်နံပါ ၆၂/၇ မှာဖမ်းဆီးခဲ့တယ်လို့ နိုင်ငံတော်ဆိုင်ရာ လက်ထောက်ရဲ အကြီးအကဲက ပြောခဲ့ပါတယ်။

Read more

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

လွိုင်ကော်၊ ဇူလိုင် ၇

ယနေ့ ၇-၇-၂၀၁၈ ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၁၅)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော ဦးတင်ဦး၊ ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးဌေးရယ်၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်မော်မော်ခိုင်၊ ဒ်ါဒေါရစ်လေးနှင့် ဒေါ်နန်းယဉ်သီတာထွေးတို့ တက်ရောက်ကြောင်းသိရှိရသည်။

Read more