ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်ရှုအားပေးရန် ထိုင်းကလေးငယ် ၁၂ ဦးကို ဖီဖာဖိတ်ကြား

လိုဏ်ဂူထဲတွင် သီတင်း နှစ်ပတ်ခန့် ပိတ်မိနေသော ထိုင်း လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏နည်းပြကို ဇူလိုင် ၁၅ ရက်၌ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်အားပေးရန် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဖိတ်ကြားခဲ့ကြောင်း ထိုင်းဘောလုံး အဖွဲ့ချုပ်က တရားဝင်ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ပြောသည်။
ဇွန်လ ၂၃ ရက်က ယင်းလူငယ် ၁၂ ဦးနှင့် နည်းပြတစ်ဦးသည် သမ်လောင်လိုဏ်ဂူထဲ လေ့လာစူးစမ်းရန် ဝင်ရောက်ပြီးနောက် ရေဝင်လာသောကြောင့် လိုဏ်ဂူထဲတွင် ၁၀ ရက်ကြာပိတ်မိခဲ့သည်။ ထို့နောက် ဗြိတိန် ရေငုပ်သမားများက ၎င်းတို့ကို အသက်ရှင်လျက် ပြန်ရှာတွေခဲ့သည်။

Read more

ကမ္ဘာ့ဖလား ကွာတားကနေ ထွက်ခဲ့ရပေမယ့် ရုရှားအသင်းကို သမ္မတ ပူတင် ဂုဏ်ပြုစကားပြော

ကမ္ဘာ့ဖလားကွာတား ဖိုင်နယ်တွင် ခရိုအေးရှားကို အချိန်ပိုအထိ အပြန်အလှန်သွင်းဂိုးများဖြင့် သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်၌ ၄-၃ ဂိုးဖြင့် ရှုံးကာ အိမ်ရှင်ရုရှားအသင်းထွက်ခဲ့ရသော်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က လက်ရွေးစင်အသင်းအတွက် ဂုဏ်ယူကြောင်း ပြောကြားသည်။

ပူတင်က ကမ္ဘာ့ဖလားရလဒ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် ရုရှားနည်းပြ ချာချီဆော့ဗ်နှင့် ဘောလုံး အသင်းသားများကို ခေါ် ယူတွေ့ဆုံခဲ့ကြောင်း ကရင်မလင် အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Read more

အလယ်နှင့် အရှေ့ဥရောပနိုင်ငံများနှင့် တရုတ်နိုင်ငံကြား ပိုမိုပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း

ဘုံကြွယ်ဝမှုနဲ့ တိုးတက်မှုမြှင့်တင်ဖို့ အလယ်နဲ့ အရှေ့ဥရောပကနိုင်ငံတွေ (စီအီးအီးစီ) နဲ့ တရုတ်နိုင်ငံတို့ကြား ပွင့်လင်းပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုလုပ်ဖို့ တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်က ဇူလိုင် ၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟာ ဘူလ်ဂေးရီးယားနိုင်ငံ၊ ဆိုဖီယာမြို့မှာပြုလုပ်တဲ့ တရုတ်-စီအီးအီးစီ နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေး တက်ရောက်ရင်း အခုလို တောင်းဆိုလိုက်တာပါ။

Read more

ပြည်ပရေနံဝယ်ယူမှု သုံးနှစ်အတွင်း ရပ်ဆိုင်းမည်ဟု မက္ကဆီကိုသမ္မတသစ်ပြောကြား

မက္ကဆီကို ရွေးကောက်ခံ သမ္မတလိုပက်ဇ်အိုဘ ရာဒါက သမ္မတသက်တမ်း ပထမ သုံးနှစ်အတွင်း ပြည်ပမှ ရေနံဝယ်ယူမှုများကို ရပ်ဆိုင်းရန် ကြိုးပမ်းမည်ဟု ပြောကြားသည်။

မက္ကဆီကိုနိုင်ငံသို့ ပြည်ပမှ ရေနံတင်သွင်းမှုပမာဏ အားလုံး နီးပါးသည် အမေရိကန်နိုင်ငံမှ ဝယ်ယူနေခြင်း ဖြစ်သည်။

Read more

တူရကီ ရထားလမ်းချော်တိမ်းမှောက်မှု ၁၀ ဦးသေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရ

တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်ကနေ ဘူလ်ဂေးရီးယားနိုင်ငံ နယ်စပ်က ကပိကူလေမြို့ကို ပြေးဆွဲတဲ့ ရထားတစီး ဇူလိုင် ၈ ရက်နေ့က လမ်းချော်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး အယောက် ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ခရီးသည် အယောက် ၃၆၀ ပါတဲ့ ရထားတွဲ ၆ တွဲ လမ်းချော်ခဲ့တယ်လို့ တီအာတီ ဟာဗာ ရုပ်သံက ပြောပါတယ်။

Read more

ဟေတီနိုင်ငံတွင် ဆန္ဒပြအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွား

ဟေတီနိုင်ငံ ပို့တ်အော်ပရင့်စ်မြို့တွင် ရေနံဆီဈေး မြင့်တက်မှုကို ကန့်ကွက်ဆန္ဒပြမှုအတွင်း ထွက်ပြေးနေသူများကို တွေ့ရစဉ် (Dieu Nalio Chery/AP)

 လောင်စာဆီ ဈေးနှုန်း တိုးမြှင့်မှုနှင့်ပတ်သက်၍ အကြမ်းဖက်ဆန္ဒပြမှု ဒုတိယမြောက်နေ့ ဇူလိုင် ၇ ရက်တွင် ဟေတီနိုင်ငံခေါင်းဆောင်များက ပြည်သူများကို အေးအေးဆေးဆေးနေကြရန် ပန်ကြားသည်။

Read more

မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုများကြောင့် ဂျပန်တွင် သေဆုံးသူ တစ်ရာနီးပါး အထိ ရှိလာ

တိုကျို၊ ဇူလိုင် ၉

ဂျပန်နိုင်ငံတွင် ရက်အတန်ကြာ စံချိန်တင်မိုးရွာသွန်းမှုများကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ရာတွင် သေဆုံးသူ ဦးရေသည် တစ်ရာနီးပါးအထိ ရှိလာခဲ့သည်။ ပျောက်ဆုံးနေသူများ၊ ပိတ်မိနေသူများ ရှိနေ၍ ဇူလိုင် ၉ ရက်တွင် ကယ်ဆယ်ရေးများ၊ ရဲများနှင့် စစ်တပ်တို့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိနေသည်။ မိုးရွာသွန်းမှု လျော့ကျစ ပြုလာချိန်တွင် အစိုးရက ပျောက်ဆုံးနေသူပေါင်း ဒါဇင်အချို့ ရှိနေသည်ဟု ထုတ်ပြန်သည်။

Read more

အမရပူရမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး​နှင့်အဖွဲ့​ ကုက္ကိုရွာသို့ နယ်​​မြေကွင်းဆင်း

 

(၆.၇.၂၀၁၈) ရက်​​နေ့ (၁၃း၃၀)အချိန်​တွင်​ အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး​ဒေါ်​စောမြိုင်​၊ မြို့နယ်​​ကော်​မတီဝင်​ ​ဒေါ်ဇာလီထွန်း၊ ဦး​ဇော်​​အောင်​ထက်​၊ ဦးသက်​နိုင်​ဝင်းတို့သည်​ ပန်းချီ​ကျေးရွာအုပ်​စု၊ ကုက္ကိုရွာသို့နယ်​​မြေကွင်းဆင်းပြီး အမျိုးသမီးများတစ်​ပိုင်​တစ်​နိုင်​ဝင်​​ငွေရရှိ​စေ​ရေးအတွက်​ ဘက်​စုံသုံးဆပ်​ပြာပြုလုပ်​နည်းအဆင့်​ဆင့်​၊ သဘာဝ​ခေါင်း​လျော်​​ရေပြုလုပ်​နည်း အဆင့်​အဆင့်​တို့အား လက်​​တွေ့ပြုလုပ်​ကာရှင်းလင်းပြသခဲ့ပါသည်​။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ် ကြီး H.E.Mr.Dr.Nekolay Listopadov အားလက်ခံတွေ့ဆုံ

 

နေပြည်တော် ဇူလိုင် ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Dr.Nekolay Listopadov အား ယနေ့နံနက်(၁၀း၀၀) အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံပါတီအချင်းချင်းဆက်ဆံရေးနှင့် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

Read more

တာချီလိတ်​ခရိုင်​/မြို့နယ်​ပါတီ​ရှေ့လုပ်​ငန်းစဉ်​များ ​ဆောင်​ရွက်​​ရေးညှိနိုင်းအစည်းအ​ဝေးပြုလုပ်

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊ တာချီလိတ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟို​ကော်​မတီဝင်​ (ရှမ်း/​ရှေ့) အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်တင်​​မေထွန်းသည် ​ယ​နေ့ (၆.၇.၂၀၁၈)၊ နံနက် ​(၈) နာရီအချိန်​တွင်​ ရပ်​ကွက်​/​ကျေးရွာအမျိုးသမီး​ရေးရာအဖွဲ့ဝင်​များနှင့် ​တွေ့ဆုံအစည်းအ​ဝေးအား တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီ အစည်းအ​ဝေးခန်းမတွင်​ ပြုလုပ်​ခဲ့ပါသည်​ ။
ထို့​နောက်​ ဗဟို​ကော်​မတီဝင်​ ဦးဝိလ်​ဆင်​မိုး၊ ခရိုင်ဥက္ကဌ ဦးဘိုစံနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်းနှင့် မြို့နယ်​​ကော်​မတီဝင်​များနှင့် ဆက်​လက်​​​တွေ့ဆုံ၍ ပါတီ၏လုပ်​ငန်း​ဆောင်​ရွက်​မူအ​ခြေအ​နေများ သုံးသပ်​ခြင်း၊ ​ရှေ့လုပ်​ငန်းစဉ်​များ ဆက်​လက်​​ဆောင်​ရွက်​နိုင်​​ရေးတို့ကိုညှိနိုင်းအစည်းအ​ဝေးပြုလုပ်​ခဲ့ပြီး ယနေ့အစည်းအဝေးတွင် ရပ်​​ကျေးဥက္ကဌအဖြစ်​ တာဝန်​​ပေးအပ်​ရန်​ ကျန်​ရှိ​နေ​သေး​သော ရပ်​​ကျေးများအား တာဝန်​​ပေးအပ်​ပွဲကျင်းပရန်​နှင့် တက္ကသိုလ်​ဝင်​တန်း​အောင်​မြင်​ခဲ့သည့် ပါတီဝင်​မိသားစုများ၏ရင်​​သွေးများအား ဂုဏ်​ပြု​ပေးနိုင်​​ရေးကိစ္စများ၊ ​ကျေးရွာအုပ်​စုများသို့ ကွင်းဆင်း၍ ပညာ​ရေး​ထောက်​ကူပြုစာ​ရေးကိရိယာများ ကူညီပံ့ပိုး​ပေးနိုင်​​ရေးအတွက် အမာခံကျေးရွာများသို့ ကွင်းဆင်းရန် ဆုံးဖြတ်ခဲ့ကြ
ကြောင်းသိရှိရ​ပါသည်​ ။

Read more