နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်) တွင် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက နိုင်ငံရေးပါတီများ စုပေါင်းတွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ် များနှင့် စပ်လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးပါဝင်သော စုံစမ်းရေးကော်မတီ ဖွဲ့စည်းမည်ဟူသော သတင်းစကားများနှင့် ပတ်သက်၍သော်လည်းကောင်း၊ ပြည်ပထွက်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းနှစ်ခုနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးရန် ပြင်ဆင်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးက ၂ဝ၁၈ ခုနှစ် မေလ ၃၁ ရက်တွင် သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍သော်လည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

Read more

နာပိုလီနည်းပြဟောင်း မာရီဇီယိုဆာရီကို ချဲလ်ဆီးနည်းပြအဖြစ် ခန့်အပ်

ချဲလ်ဆီးအသင်းက လစ်လပ်နေတဲ့ နည်းပြနေရာမှာ နာပိုလီ နည်းပြဟောင်း မာရီဇီယို ဆာရီကို ခန့်အပ်လိုက် ပါတယ်။ ချဲလ်ဆီးက ထုတ်ပယ်လိုက်တဲ့ နည်းပြ ကွန်တီရဲ့ နေရာမှာ အစားထိုးဖို့ အသက် ၅၉ နှစ်အရွယ် နည်းပြ ဆာရီကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူထားတာပါ။ နည်းပြသစ် ဆာရီကတော့ ပရိသတ်တွေကို ဖျော်ဖြေမှု ပေးနိုင်တဲ့ ကစားပုံမျိုး ဖြစ်လာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

Read more

ဂျူဗင်တပ်နဲ့မိတ်ဆက်ပွဲအတွက် တူရင်ကိုရောက်နေတဲ့ စီရော်နယ်ဒို

ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ဂရိနိုင်ငံမှာ မိသားစုနဲ့အတူ အပန်းဖြေနေတဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းသစ်ဂျူဗင်တပ်နဲ့ တရားဝင်မိတ်ဆက်ပွဲအတွက် တနင်္ဂနွေနေ့က တူရင်လေဆိပ်ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။

အသက် 33 နှစ်အရွယ် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း 100 နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနေ့ (တနင်္လာ)မှာတော့ အသင်းသစ်နဲ့ တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Read more

ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် ဗိုလ်စွဲ

မနေ့ကယှဉ်ပြိုင်သွားတဲ့ ဝင်ဘယ်ဒန်အိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်း ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က ကီဗစ် အန်ဒါဆန်ကို ၃ ပွဲပြတ်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ်တုန်းက နာမည်ကြီး နဒါးကို ခက်ခက်ခဲခဲ ဖြတ်ကျော် လာရတာပါ။ အန်ဒါဆန်ကတော့ တောင်အာဖရိက နိုင်ငံသားတွေထဲကနေ ပထမဆုံးအဖြစ် ဝင်ဘယ်ဒန် ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။

Read more

ဆီရီနာဝီလျံကို အနိုင်ယူပြီး အန်ဂျလစ်ကာဘာ ဝင်ဘယ်ဒန်ချန်ပီယံဖြစ်လာ

အန်ဂျလစ်ကာဘာသည် ဝင်ဘယ်ဒန်ချန်ပီယံ ခုနစ်ကြိမ်ရ ဆီရီနာဝီလျံကို ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး ပထမဆုံး ဝင်ဘယ် ဒန်ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။ ဂျာမနီမှ နိုင်ခြေအဆင့် (၁၁) ကာဘာသည် ၂၀၁၆ က သြစတြေးလျ အိုးပင်းနှင့် ယူအက်စ်အိုးပင်း ချန်ပီယံဖြစ်ပြီးနောက် ၎င်း၏ တတိယမြောက် ဂရင်းဆလမ်း ဖလားကို ရယူခဲ့သည်။ ဆီရီနာသည် ပထမဆုံး ကလေးမွေးဖွားပြီး ၁၀ လအကြာ တွင် ဝင်ဘယ်ဒန်ဗိုလ်လုပွဲ တက်လာကာ ၎င်းအတွက် ၂၄ ကြိမ် မြောက်ဖြစ်မည့် ဂရင်းဆလမ် ဖလားရရှိရန် ကြိုးစားခဲ့သည်။

Read more

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို လူးကပ်စ်မတ်သီဆီကို ဒိုင်ပွဲရပ်ဖြင့်အနိုင်ယူ

ဇူလိုင် ၁၅ ရက် က ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက် ကွီအို (၃၉) နှစ်သည် ငယ်မူငယ် သွေးပြကာ WBA ဝယ်သာဝိတ် ချန်ပီယံ လူးကပ်စ်မတ်သီဆီကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ပြီး ၂၀၀၉ နောက်ပိုင်း ပထမဆုံး နိုင်ပွဲပြန်ရ ယူခဲ့သည်။

Read more

၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဟု ဒေါ်နယ်ထရန့် ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ၂၀၂၀ သမ္မတ ရွေးကောက်ပွဲတွင် ထပ်မံဝင် ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း အင်တာဗျူးတစ်ခု၌ ပြောသည်ဟု Mail သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။

Read more

ကျဆုံး အမေရိကန် စစ်သည်များ၏ အလောင်းများ လွှဲပေးရန် မြောက်ကိုရီးယား သဘောတူ

ကိုရီးယား ကျွန်းဆွယ် စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် အမေရိကန် စစ်သည်များ၏ ရုပ်အလောင်းများကို လာမည့် သီတင်းပတ်အတွင်း မြောက်ကိုရီးယားက ပြန်လည် လွှဲအပ်ပေးမည်ဟု သိရသည်။

Read more

ပါကစ္စတန် ရွေးကောက်ပွဲ စည်းရုံးရေး နေရာ၌ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိ

ပါကစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရွေးကောက်ပွဲ စည်းရုံးရေး နေရာတစ်ခု၌ ဖြစ်ပွားသော အသေခံဗုံးခွဲ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၂၈ ဦးအထိရှိပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ဒေသခံများက ဇူလိုင် ၁၄ ရက်တွင် မြေမြှုပ်သင်္ဂြိုဟ်မှု ပြုလုပ်သည်။ ယင်းတိုက်ခိုက်မှုသည် ကတ်တာပြည်နယ် ဘာလိုချီစတန်မြို့တော် အနီးရှိ မက်စတန့်မြို့၌ ဇူလိုင် ၁၃ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ကာ ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ရွေးကောက်ပွဲ စည်းရုံးရေး နေရာများကို ပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှုများ အနက် နောက်ဆုံးတိုက်ခိုက်မှု တစ်ခုဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း လူ ၁၅၀ ခန့် ဒဏ်ရာရပြီး ၎င်းတို့အနက်အများစုမှာ ဦးခေါင်းတွင်ရရှိသည့် ဒဏ်ရာများကြောင့် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

Read more