ပရီးမီးယားလိဂ်မှာ လူမုန်းအများဆုံးဖြစ်နေတဲ့ ချဲလ်ဆီး

Daily Mirror သတင်းစာက ပရီးမီးယားလိဂ်ကလပ်အသင်းတွေအားလုံးကို တစ်သင်းချင်းစီအလိုက် မုန်းလားဆိုပြီး ပရိသတ်တွေကို ဆန္ဒမဲကောက်ခံခဲ့ရာမှာ အမုန်းခံရဆုံးအသင်းက ချဲလ်ဆီးအသင်း ဖြစ်နေတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးကို မုန်းတယ်လို့ မဲပေးတဲ့ ပရိသတ်က ၆၈.၇ % ရှိပြီး ဒုတိယနေရာက မန်ယူကလည်း ချဲလ်ဆီးနဲ့ သိပ်တော့ မကွာပါဘူး။ သူတို့ကို မုန်းတဲ့သူကလည်း ၆၈.၁ % ရှိခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကတော့ မုန်းတဲ့ရာခိုင်နှုန်း ၃၈.၇ သာရှိလို့ ထိပ်သီး ၆ သင်းထဲမှာ အနည်းဆုံးပါပဲ။

Read more

ဂျာမန်အိုးပန်းတင်းနစ်ပြိုင်ပွဲတွင် ဘာစီလပ်ရှ်ဗီလီ အနိုင်ရဗိုလ်စွဲ

မနေ့က ယှဉ်ပြိုင်သွားတဲ့ ဂျာမန်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျော်ဂျီယာက နီကိုလပ် ဘာစီလပ်ရှ်ဗီလီက လီယိုနာဒို မေယာကို အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။ ဂျော်ဂျီယာနိုင်ငံသား ဘာစီလပ်ရှ်ဗီလီဟာ ကမ္ဘာ့အဆင့် ၈၁ ဖြစ်ပါတယ်။

Read more

ချဲလ်ဆီးကစားသမား(၂)ဦးကို ပေါင်းသန်း(၁၀၀)နဲ့ ကမ်းလှမ်းမယ့် ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ၀ီလျံကိုအလိုရှိတဲ့ အသင်းတွေထဲမှာ ပါဝင်လာပြီး ၀ီလျံနဲ့ ဂိုးသမား ကော်တွိုက်စ်တို့ နှစ်ဦးအတွက် ပေါင်သန်း ၁၀၀ နဲ့ဈေးဖွင့်ပြီး ကမ်းလှမ်းလိုက်တယ်လို့ စပိန်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ကော်တွိုက်စ်ရဲ့ကလေးတွေဟာ စပိန်မှာဘဲနေ နေတဲ့အတွက် သူကလည်း စပိန်ကို ပြန်သွားလိုတဲ့ ဆန္ဒ ရှိနေတာပါ။ ဒါကြောင့်လည်း စာချုပ်သက်တမ်းတိုးဖို့ ကလပ်ဘက်က ကမ်းလှမ်းတာကို လက်မခံသေးတာ ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတစ်နှစ် ကျန်ပါသေးတယ်။

Read more

အုပ်စုဗိုလ်ရရှိဖို့ အင်ဒိုကို မဖြစ်မနေ အနိုင်ကစားရမယ့် မြန်မာ

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ အမျိုးသား ချန်ပီယံရှစ်ပြိုင်ပွဲကတော့ မနေ့က အုပ်စု(က)ရဲ့ အဖွင့်ပွဲများ ကစားခဲ့ပါတယ်။

အဖွင့်ပွဲတွေအပြီးမှာတော့ မြန်မာက တီမောကို ၃-၂ ဂိုးနဲ့လည်းကောင်း၊အိမ်ရှင်အင်ဒိုနီးရှားက ဖိလစ်ပိုင်ကို ၈-၀ ဂိုးနဲ့လည်းကောင်း၊ ဗီယက်နမ် က ကမ္ဘောဒီးယားကို ၁-၀ ဂိုးနဲ့လည်းကောင်း အသီးသီးအနိုင်ယူခဲ့ကြပါတယ်။

Read more

ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရကြောင်း ကမ္ဘောဒီးယားအာဏာရပါတီ ပြော

ဖနွမ်းပင်၊ ဇူလိုင် ၃၀

ကမ္ဘောဒီးယားနိုင်ငံမှာ ဇူလိုင် ၂၉ ရက်က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရမှာ ဖြစ်တယ်လို့ အာဏာရပါတီက မျှော်မှန်းထားပြီး ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဖြစ်သူ ဟွန်ဆန်ကလည်း မဲရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းနဲ့ အပြတ်အသတ်အနိုင်ရတယ်လို့ ကြွေးကြော်ထားပါတယ်။

Read more

ရုရှားမှာ အငြိမ်းစားယူခွင့် အသက်ကန့်သတ်ချက် တိုးမယ့်အစီအစဉ် ကန့်ကွက်ဆန္ဒပြ

အလုပ်ကနေ အငြိမ်းစားယူခွင့်ရှိတဲ့ အသက် ကန့်သတ်ချက်ကို တိုးဖို့ အဆိုပြုချက်ကို တနင်္ဂနွေနေ့က ရုရှားနိုင်ငံ မော်စကို မြို့လယ်ခေါင်မှာ ထောင်ပေါင်းများစွာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ လူထုထောက်ခံမှု ကျဆင်းနေတဲ့ ရုရှားသမ္မတ Vladimir Putin ကို ဝေဖန်တဲ့ ကြွေးကြော်သံတွေကို ဟစ်အော်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

Read more

မကြာခဏ မီးပြတ်လို့ အီရတ် လျှပ်စစ်ဝန်ကြီး အလုပ်ထုတ်ခံရ

အီရတ်နိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍမှာ ယိုယွင်းဆိုးရွားမှုတွေ ဖြစ်ပေါ်နေခဲ့ပြီးနောက် ယခုအခါ အဓိက တာဝန်ရှိတဲ့ လျှပ်စစ်ဝန်ကြီး ဖြစ်သူကို ၀န်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက ဇူလိုင် ၂၉ ရက်မှာ ရာထူးကနေ ထုတ်ပယ်ပစ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Read more

သမ္မတမော်စီကို ထောက်ခံဆန္ဒပြသူ ၇၅ ဦးအား သေဒဏ်ပေး

သမ္မတ မော်စီကို ထောက်ခံတဲ့ ၂၀၁၃ ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့သူ ၇၅ ဦးကို အီဂျစ်တရားရုံးက သေဒဏ် ပေးလိုက်ပါတယ်။ သေဒဏ်ကို အယူခံဝင်ခဲ့လို့ အပြီးသတ် အမိန့်ချနိုင်ဖို့အတွက် အမြင့်ဆုံး Grand Mufti တရားရုံးထံ လွှဲပြောင်းပေးလိုက်တယ်လို့ အီဂျစ်အစိုးရပိုင် အာရမ် အွန်လိုင်းသတင်းဌာနက သတင်း ထုတ်ပြန်ပါတယ်။

Read more

လူမှုကွန်ရက်မှ ရွေးကောက်ပွဲမဲဆွယ်မှုများ ကြီးကြပ်ရန် ဗြိတိန်မီဒီယာကော်မတီ စာထုတ်

ဒစ်ဂျစ်တယ်ခေတ်မှာ ဒီမိုကရေစီကို ကာကွယ်ဖို့ ဗြိတိန်အစိုးရအနေနဲ့ ဖေ့စ်ဘွတ်ခ်လို အင်တာနက် လူမှုကွန်ရက်တွေနဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေကို ကြီးကြပ်မှု မြှင့်တင်သင့်တယ်လို့ ဗြိတိန်အောက်လွှတ်တော် မီဒီယာကော်မတီက ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ လူမှုကွန်ရက်တွေဟာ အချက်အလက်တွေကို ဆန်းစစ်ပြီး မဲဆွယ်သူတွေ မဲဆန္ဒရှင်တွေဆီ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် လုပ်နေတယ်လို့ ကြားဖြတ် အစီရင်ခံစာက ဆိုပါတယ်။

Read more

ဆိုင်းဘုတ်တင်၊ ပါတီဝင်ကဒ်ပေးအပ်ခြင်း အခမ်းအနား

 

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီ မန္တလေးခရိုင်တွဲ ဘက်နယ်မြေတာဝန်ခံ ဦးအောင်နိုင်ဦး၊ ခရိုင်ကော်မတီ ပြည်ကြီးတံခွန်မြို့နယ် နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ငြိမ်း၊ ခရိုင်ကော်မတီ ဦးသောင်းညွန့် ယာယီဘဏ္ဍာရေးမှူး မြို့နယ်ဥက္ကဌဦးစိုးအေး၊အတွင်းရေးမှူး ဦးအောင်မျိုးခိုင်နှင့် မြို့နယ်ကော်မတီများ၊ ရပ်ကွက်ဥက္ကဌများနှင့် ပါတီ ဝင်များ၊ပါတီဝင်အသစ်များနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား(၆၀)ဦး တို့တက်ရောက်ခဲ့ပါသည်။
ယနေ့၂၆.၇.၂၀၁၈ရက်နေ့ မင်္ဂလာအချိန် နံနက်၉.၀၀နာရီအချိန် တွင် ယာတော်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ခြင်း၊ ပါတီ အလံသစ်တင်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပါသည်။
ဆက်လက်ပြီး ယာတော်ရပ်ကွက်၊ ဓမ္မပါလကျောင်း ဆရာတော် ဥူးပညာသီရိထံ ဝါဆိုသင်္ကန်းနှင် ကျောင်းအဆောက်အဦးအတွက် အလှူငွေ (၁၀၀၀၀၀၀)ဆယ်သိန်းကျပ်ကို ယာတော်ရပ်ကွက်ပါတီ ဥက္ကဌ ဒေါ်ဆွေဆွေရီမှ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထိုနောက် ယာတော်ရပ်ကွက်ပါတီဝင်အသစ်များအား ပါတီဝင်ကဒ် များပေးအပ်ခြင်းနှင့်အတူ ပါတီဝတ်စုံများပေးအပ်ခဲ့ပါသည်။

Read more