ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံများနှင့်တွေ့ဆုံ

 

ရန်ကုန် ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၁၂ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင် မြို့နယ် ပါတီလူငယ်တာဝန်ခံများနှင့်တွေ့ဆုံ၍ လူငယ် လှုပ်ရှားမှုများ သွက်လက်ထိရောက်လာစေရေးအတွက် သြဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။

Read more

တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးလပတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တပ်ကုန်းမြို့နယ် မြို့နယ်ကော်မတီနှင့် ရပ်/ကျေး ကော်မတီအဖွဲ့များ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

တမူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီနယ်မြေကွင်းဆင်း ဒေသခံပါတီဝင်များနှင့်တွေ့ဆုံ

 

တမူး ဇူလိုင် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင် မောင်ရွှေနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက မန်မော်ကျေးရွာသို့ သွားရောက်ကာ ပါတီဝင်များနှင့် တွေ့ဆုံသည်။

ခရိုင်ပါတီဥက္ကဋ္ဌက လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲ၏ သဘောထားများ၊ ပါတီရေးရာကိစ္စများ၊ ပြည်ခိုင်ဖြိုး ပါတီ၏ဒေသအကျိုးအတွက်ဆောင် ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ပြီး တက်ရောက်လာသူများ၏ မေး မြန်းတင်ပြချက်များကို ပြန်လည် ရှင်းလင်း ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

Read more

မြို့သစ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ဇူလိုင် ၃၁

မြို့သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဌနှင့် ကော်မတီဝင်များ၊ ပါတီနာယကများနျှင့် ပါတီဝင်များသည် ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း ပရိတ်တရားတော်များ နာယူခြင်တို့ကို ဆောင်ရွက်ခဲ့ကြသည်။


Read more

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ဇူလိုင် ၃၁

မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေး ပါတီဥက္ကဌများ၊ လူငယ်နှင့် အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ ပါတီဝင်များက ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ ၀ါဆိုသင်္ကန်းများဆက်ကပ် လှူဒါန်ခြင်း၊ တရားတော်များ နာယူခြင်းတို့ အား ညီညာဖျဖျ ဆောင်ရွက်ခဲ့ကြသည်။


Read more

ဟယ်ရီကိန်းပုံပါတဲ့ ငွေစက္ကူတွေ ထွက်နေပြီ

ငွေစက္ကူနဲ့ ငွေဒင်္ဂါးတွေအပေါ်မှာ အမှတ်တရပုံရိပ်တွေပြုလုပ်တဲ့ အနုပညာရှင်တစ်ဦးက အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းပုံပါတဲ့ ငွေစက္ကူတွေကို ထုတ်လုပ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ ခြောက်ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရခဲ့တဲ့ ဟယ်ရီကိန်းအတွက် အမှတ်တရဖြစ်အောင် ၅ပေါင်တန်ငွေစက္ကူခြောက်ရွက်ကို ထုတ်ခဲ့တာပါ။

ဗြိတိန်က အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဂရေဟမ်ရှော့ဟာ ဗြိတိန်သုံးငွေကြေး ပေါင် (၅)ပေါင်တန် ငွေစက္ကူအပေါ်မှာ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ မျက်နှာကို ပုံနှိပ်ပြီး ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဟယ်ရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး (၆)ဂိုး သွင်းယူပြီး ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Read more

မော်ရင်ညိုနေရာကို ဇီဒန်းနဲ့ အစားထိုးဖို့ မန်ယူစီစဉ်ဖွယ်ရှိ

မန်ယူအသင်းဘုတ်အဖွဲ့၊ ကစားသမားတွေနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ နည်းပြမော်ရင်ညိုရဲ့ နေရာမှာ ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းနဲ့အစားထိုးဖို့ မန်ယူအသင်းက စီစဉ်နေတယ်လို့ အတွင်းသတင်းတွေ ပေါက်ကြားသွားခဲ့ပါတယ်။

မော်ရင်ညိုဟာ သူလိုချင်တဲ့ ကစားသမား ၅ယောက်ကို အသင်းဘုတ်အဖွဲ့က ခေါ်မပေးတာနဲ့ ပတ်သက်ပြီး အမှုဆောင်ချုပ် တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

Read more

ဒုံးကျည်စမ်းသပ်မှုသစ်တွေ မြောက်ကိုရီးယားလုပ်နေလို့ အမေရိကန်ပြော

ထောက်လှမ်းရေးဂြိုဟ်တုတွေက ရတဲ့ အချက်အလက် ဓာတ်ပုံတွေအရ ဒုံးခွင်းဒုံးကျည်စမ်းသပ်မှုသစ်တွေ လုပ်နေတဲ့ နေရာကို ခြေရာခံမိထားတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေက ဝါရှင်တန်ပို့စ် သတင်းစာကို ပြောပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေထဲမှာတော့ စက်ရုံထဲ ယာဉ်တွေဝင်ထွက်နေတာတွေကို တွေ့ရပါတယ်။

မြို့တော်ပြုံယမ်းအနီးက Sanumdong နျူကလီးယားစမ်းသပ်စက်ရုံအနီးမှာ ဒုံးခွင်းဒုံးကျည်စမ်းသပ်ရေး အဆောက်အဦ တခု ဒါမှမဟုတ် ၂ ခု ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ပြောခဲ့တာပါ။

Read more

ဆီးရီးယားမှာ ဂျပန်နဲ့ အီတလီနိုင်ငံသား ၂ ဦး ဓားစာခံဖမ်းဆီးခံထားရတဲ့ ဗီဒီယိုတွေ ထွက်ပေါ်

သြဂုတ် ၁

ဂျပန်နိုင်ငံသား ဂျာနယ်လစ်တစ်ဦးနဲ့ အီတလီ အမျိုးသားတစ်ဦးတို့ကို ဆီးရီးယားမှာ ဓားစာခံ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဗီဒီယိုတွေကို ဂျီဟက် ၀ါဒီအဖွဲ့တစ်ခုက ထုတ်ဖော်လိုက်ကြောင်း အမေရိကန် အခြေစိုက် စောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။

ယင်းဗီဒီယိုတွေထဲမှာတော့ ဓားစာခံအဖမ်းခံထားရသူနှစ်ဦးဟာ ၎င်းတို့လွတ်မြောက်ဖို့ အကူအညီတောင်းခံ ထားတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

Read more

တရုတ်ဆေးကုမ္ပဏီမှ ထုတ်လုပ်သည့် နှလုံးရောဂါဆေးတမျိုး ပြန်ရုပ်သိမ်း

တရုတ် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတခုက ထုတ်လုပ်ပြီး နှလုံးရောဂါအတွက် ယေဘုယျသုံးတဲ့ ဆေးတမျိုးကို နိုင်ငံတကာကနေ ပြန်ရုပ်သိမ်းနေပါပြီ။ အဲဒီဆေးထဲမှာ အန္တရာယ်ရှိ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေ ပါနေတာ တွေ့ရတယ်လို့ တရုတ်အစိုးရက ဇူလိုင် ၂၉ ရက်မှာ ကြေညာခဲ့ပါတယ်။

Read more