Author: USDP 2016
ပေါ့ဂ်ဘာအား ခေါ်ယူရန် ဘာစီလိုနာအသင်းကို မက်ဆီ တိုက်တွန်း

မန်ယူအသင်း ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာအား ယခုနွေရာသီဈေးကွက်ကာလအတွင်းတွင် ခေါ်ယူရန် ဘာစီလိုနာအသင်း တာဝန်ရှိသူများကို ဘာစီလိုနာကစားသမား လီယွန်နယ်မက်ဆီက တိုက်တွန်းပြောဆိုခဲ့ ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။
ဘာစီလိုနာအသင်းသည် အစောပိုင်းက ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား ရာဘော့ (၂၃နှစ်) အား ခေါ်ယူရန် စိတ်ဝင်စားမှုရှိခဲ့သည်။ သို့သော်လည်း ကွင်းလယ်ကစားသမား ရာဘော့သည် ပီအက်စ်ဂျီ အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ရာဘော့အား ခေါ်ယူရေး စိတ်ဝင်စားနေမှုကို အဆုံးသတ်ကာ မန်ယူကစားသမား ပေါ့ဂ်ဘာအား ခေါ်ယူရေး ပြောင်းလဲစီစဉ်လာနိုင်သည်ဟု သတင်းများတွင် ဆက်လက်ရေးသားထားသည်။
Read moreမြန်အောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်စည်းဝေး ရေဘေးကူညီကယ်ဆယ်ရေးအတွက် သွားရောက်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော် မတီဝင်များ၏လပတ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်ပါတီ ရုံးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော် ကအမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ဌာန ချုပ်၌ကျင်းပခဲ့သော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြ သင်တန်းအမှတ်စဉ်(၅) တက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း အတွေ့အကြုံများရှင်းလင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ လက်ဝှေ့ကျော် စိုးလင်းဦး နှင့် စိန်ခေါ်သူ လက်ဝှေ့ကျော် အိကျူစံတို့ ယှဉ်ပြိုင်ထိုးသတ်မည်

ယှဉ်ပြိုင်ထိုးသတ်မည့်သူနှစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ–MOI)
ရန်ကုန်၊ သြဂုတ် ၂ ရက်။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး MMTS နှင့် H & S Group တို့ ပူးပေါင်းစီစဉ်သည့် Lethwei Nation 50th Media Championship 2018 ၏ ဝိတ်တန်း အလိုက် နောက်ဆုံးဖိုင်နယ် ရွှေခါးပတ် လုပွဲကြီးတွင် ထိုင်းနိုင်ငံ မွေထိုင်းနှင့် ထိုင်းဖိုက်မှ နာမည်ကြီး လက်ဝှေ့ကျော် အိကျူစံနှင့် မြန်မာနိုင်ငံမှ ပထမတန်း လက်ဝှေ့ကျော် စိုးလင်းဦးတို့ အထူး စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ယနေ့သတင်းထုတ်ပြန်သည်။
Read moreယူအီးအက်ဖ်အေဒိုင်ကြီးအကဲရာထူးကနေ ကော်လီနာ နုတ်ထွက်

ယူအီးအက်ဖ်အေဒိုင်အကြီးအကဲ ကော်လီနာဟာ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့ (၈)နှစ်ကြာထမ်းဆောင်ခဲ့တဲ့ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ အီတလီသားကော်လီနာဟာ ဖီဖာဒိုင်ကော်မတီမှာလည်း ဥက္ကဋ္ဌဖြစ်ပြီး ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အသုံးပြုခဲ့တဲ့ ဗွီဒီယိုအကူဒိုင်နည်းပညာ(VAR)ကို ခိုင်ခိုင်မာမာ ထောက်ခံသူ တစ်ဦးပါ။ အခြားတစ်ဖက်မှာ ယူအီးအက်ဖ်အေဟာ အခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ VAR နည်းပညာ အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆီဖာရင်ကတော့ နည်းပညာအသစ်ဟာ တိုးတက်ဖို့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် VAR အသုံးပြုဖို့ယူအီးအက်ဖ်အေငြင်းဆန်ခဲ့တာကြောင့် ရာထူးကနေ ကော်လီနာနုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့တာနဲ့မဆိုင်ဘူးလို့ သိရပါတယ်။ ယူအီးအက်ဖ်အေဟာ ကော်လီနာနေရာမှာ ရော်ဘတ်တိုရိုဆက်တီနဲ့ အစားထိုးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Read moreကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ ရပ်/ကျေးအမျိုးသမီးထုနှင့်တွေ့ဆုံ
ကနီ သြဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေး မှူးဒေါ်မာမာဦး(အမျိုးသမီးရေးရာ တာဝန်ခံ)နှင့်ကော်မတီဝင်များသည် ကနီမြို့နယ် တဇယ်ချောင်ကျေးရွာ အုပ်စု၊ မင်းကုန်းကျေးရွာသို့ သွား ရောက်ပြီး ကျေးရွာမှ အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ သည်။
၆ လ ပွဲပယ်ပြစ်ဒဏ်ကို ၁၈ လအထိ တိုးမြှင့်ခံလိုက်ရတဲ့ နာဆရီ

မန်စီးတီးနဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း နာဆရီ ရဲ့ ၆ လပွဲပယ်ပြစ်ဒဏ်ကို ယူအီးအက်ဖ်အေက ၁၈ လ အထိ တိုးမြှင့်ပြောင်းလဲလိုက်ပါတယ်။
နာဆရီဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရဲ့ ဆေးခန်းတစ်ခုမှာ တားမြစ်ထားတဲ့ ဆေးဝါးကို အကြောထဲထိုးသွင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှ ၆ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
Read moreဒေါ်လာ ဘီလီယံ ၂၀၀ဖိုး တရုတ်ကုန်ပစ္စည်းတွေ အပေါ် အခွန် ၂၅% တိုးကောက်ဖို့ Trump စီစဉ်

us-confirms-plan-to-raise-china-import-tariff-to-25-percent
အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀% ကနေ ၂၅% တိုးပြီး ကောက်ခံဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အစိုးရက စဉ်းစားနေတယ်လို့ အစိုးအဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read moreဇင်ဘာဘွေ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ အမတ်နေရာအများစု အနိုင်ရ

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ ဇန်နုပီအက်ဖ်ပါတီ (Zanu PF) က အမတ်နေရာအများစု အနိုင်ရရှိသွားတယ်လို့ သြဂုတ် ၁ ရက်နေ့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
Read moreအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စင်ကာပူမှာ ဖွင့်လှစ်ကျင်းပ

၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများရဲ့ ဖွင့်ပွဲအခမ်းအနားကိုတော့ ယနေ့ သြဂုတ် ၂ ရက်မှာ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကိုတော့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘယ်လာခရစ်နန် တို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။
Read more









