တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ​အမျိုးသမီး​ရေးရာ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊ တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း (ရှမ်း/​ရှေ့ အမျိုးသမီး​ရေးရာတာဝန်​ခံ)နှင့် တာချီလိတ်​ခရိုင်​/မြို့နယ်​အမျိုးသမီး​ရေးရာအဖွဲ့ဝင်​များသည်​ ယ​နေ့ (၃.၈.၂၀၁၈)​ ရက်​​နေ့တွင် ​တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီ ခရိုင်​အစည်း​ဝေးခန်းမတွင်​ ​တွေ့ဆုံ
၍ လစဉ်​ပုံမှန်​ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပခဲ့ကြ​ကြောင်းသိရှိရပါသည်​ ။


Read more

အနာဂတ်နိုင်ငံတော်အရေးဆွေးနွေးပွဲ ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကျင်းပ

 

ရန်ကုန် သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့်ကျင်းပသော တတိယအကြိမ်မြောက် အနာဂတ်နိုင်ငံတော်အရေးဆွေးနွေး ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်က အမှာစကားပြောခဲ့ပြီး ရွှေပြည်သာမြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးတင်အောင်စိုး (နေလှိုင်မင်း) က ဦးဆောင်ဆွေးနွေး၍ မြို့နယ်သတင်းစာဆရာအသင်းအမှုဆောင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များက အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၃ နာရီ၁ဝမိနစ်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့ ပဲခူးတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများကို ကူညီလှူဒါန်း

 

ပဲခူး သြဂုတ် ၂

Read more

ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အရုဏ်ဆွမ်းလောင်းလှူ

 

ရန်ကုန် သြဂုတ် ၂

ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယနေ့ နံနက်တွင် မြို့နယ်ပါတီရုံးရှေ့၌ မြို့ပေါ်ရပ်ကွက် ကျောင်း တိုက်အသီးသီးတွင် သီတင်းသုံးတော်မူသောဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့်သီလရှင်ဆရာလေးများအား ဝါတွင်းအရုဏ် ဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွမ်းလောင်းလှူပွဲကို ကွမ်းခြံကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာ ပါတီကော်မတီအဖွဲ့များ၊ ပါတီဝင်များနှင့်စေတနာရှင်ပြည်သူများမှ စုပေါင်း၍ လောင်းလှူခဲ့ကြပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်း ၂၅ ကျောင်းမှ သံဃာတော် ၃၈၈ ပါးနှင့် သီလရှင်ကျောင်း ငါးကျောင်းမှ သီလရှင် ၅၁ ပါးတို့အား လောင်းလှူခဲ့ကြကြောင်း သိရသည်။

Read more

ခံစစ်မှူးသစ်ကို မန်ယူခေါ်ခဲ့ပေမယ့် မော်ရင်ဟို လိုချင်သူတော့မဟုတ်ဘူး

မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဒီတစ်ပတ်အတွင်းမှာ ဆက်တိုက်ဆိုသလို ဝေန်ခဲ့တာပါ။ သူဟာ ဒီနွေရာသီအတွင်းမှာ အသင်းရဲ့ခံစစ်ပိုင်းကို အဓိက ပြင်ဆင်ချင် နေတာလည်း ဖြစ်ပါတယ်။ မနေ့ညကတော့ မန်ယူအသင်းဟာ ခံစစ်မှူးသစ်တစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

Read more

ဘိုင်ယန်မြူးနစ်မှ ဗီဒယ်ကို ပေါင် ၂၇ သန်းနဲ့ ဘာစီလိုနာအသင်း အပြီးသတ်ခေါ်ယူဖို့ နီးစပ်လာ

ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ ကွင်းလယ်လူ အာတူရို ဗီဒယ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ချီလီကစားသမားကို အပြီးသတ်ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်က ဂျူဗင်တပ်စ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းဆီ ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ နည်းပြသစ် နီကို ကိုဗက်ခ်ျဆီက အသင်းပြောင်းရွှေ့ခွင့် ရခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်က ကစားသမားဟာ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Read more

မိုက်ကယ်ဖဲလ်စ်ရဲ့ စံချိန်ကိုချိုးခဲ့တဲ့ ၁၀ နှစ်အရွယ် စူပါမန်း

ရေကူးအားကစားသမားတွေထဲမှာတော့ မိုက်ကယ်ဖဲလ်စ်ကို ယှဉ်နိုင်တဲ့သူက လုံးဝမရှိပါဘူး။ သူဟာ အမြင့်ဆုံးဆိုတဲ့ တစ်ဦးချင်းဆုတံဆိပ်များစွာကို ကြိမ်ဖန်များစွာ ရယူနိုင်ခဲ့ပြီး စံချိန်သစ်တွေကိုလည်း ရေးထိုးထားနိုင်ခဲ့တာပါ။

ဒါပေမဲ့ ၁၉၉၅ ခုနှစ်တုန်းက မိုက်ကယ်ဖဲလ်စ်တင်ထားခဲ့တဲ့ စံချိန်ဟောင်းတစ်ခုကို ချိုးဖျက်နိုင်ခဲ့တဲ့ ၁၀ နှစ်အရွယ် စူပါမန်းကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ကလပ်ခ်ကန့်ဆိုတဲ့ ချာတိတ်လေးဟာ Far West International Championship ရေကူးပြိုင်ပွဲရဲ့ မီတာ ၁၀၀ လိပ်ပြာကူးပွဲစဉ်မှာ ၁၉၉၅ ခုနှစ်က မိုက်ကယ်ဖဲလ်စ်တင်ထားခဲ့တဲ့ 1:10:48 စံချိန်ကို 1:09:38 နဲ့ ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

Read more

မြန်မာ ယူ၂၃ နှင့် ဘာရိန်း ယူ၂၃ တို့ ဒုတိယနေ့ပွဲစဉ် ယှဉ်ပြိုင်မည်

ဓာတ်ပုံ MFF

 

မြန်မာ ယူ၂၃ အသင်းနှင့် ဘာရိန်း ယူ ၂၃ အသင်းတို့ သြဂုတ်လ ၃ ရက် ညနေ ၆ နာရီတွင် မန္တလေးမြို့၊ မန္တလာသီရိကစားကွင်းတွင် ဒုတိယနေ့ ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

Read more

ကျဆုံးစစ်သည်များ၏ ရုပ်ကြွင်းများ လွှဲပြောင်းပေးမှု ထရမ့်က ကင်ဂျုံအွန်ကို ကျေးဇူးတင်

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သော အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများကို လွှဲပြောင်းပေးမှုအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ကျေးဇူးတင်ကြောင်းနှင့် မကြာမီ၎င်းတို့ နှစ်ဦး ထပ်မံတွေ့ဆုံရန်လည်း မျှော်လင့်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ်
၂ ရက် တွင် ပြောသည်။

ကျဆုံးအမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများ ပြန်လည်လွှဲပြောင်းမှုသည် ထရမ့်နှင့် ကင်ဂျုံအွန်တို့၏ ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်အရဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေး ကြိုးပမ်းမည် ဟု  ကင်ဂျုံအွန်က ကတိပြုထားသည်။

Read more