ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ 5.8.2018

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌနှင့် ဇေယျာသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ပါတီဝင်များ တွေ့ဆုံပွဲအခမ်းအနားအား ယနေ့ ၅.၈.၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

ဧရာဝတီတိုင်းဒေသကြီး တိုင်းခရိုင်ဥက္ကဋ္ဌများ အတွင်းရေးမှူးများ ကော်မတီဝင်များနှင့်တွေ့ဆုံ

ပုသိမ်၊ သြဂုတ် ၅

ပြည်ခိုင်ဖြိုးပါတီ ဧရာဝတီတိုင်းဒေသကြီး တိုင်း/ခရိုင်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်ကော်မတီဝင်များ ယမန်နေ့နံနက် ၁ဝ နာရီက ဗိုလ်မြတ်ထွန်းတံတား ပြည်ခိုင်ဖြိုးရိပ်သာတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်း၊ တိုင်းဒေသကြီး ကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

Read more

ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့် ဇလွန်မြို့နယ် ကျုံခမွန်ကျောင်း တိုက်တွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ

ဇလွန်၊ သြဂုတ် ၅

Read more

စည်​ပင်​သာယာ​ကျေးရွာ ဓမ္မစကူးသို့ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးလှ​ဌေးဝင်းနှင့်​ ပြည်​​ထောင်​စုနယ်​​မြေ ပါတီဥက္ကဋ္ဌ ဦး​ဝေလွင်​ သင်​​ထောက်​ကူပစ္စည်းများနှင့်​ အဟာရဒါနလှူဒါန်း

နေပြည်တော်၊ 5.8.2018

နေပြည်​​တော်​ ပြည်​​ထောင်​စုနယ်​​မြေ ​ဇေယျာသီရိမြို့နယ်​ ကျည်​​ထောင်​​ကျေးရွာအုပ်​စု စည်​ပင်​သာယာ​ကျေးရွာ ရွာဦးဘုန်း​တော်​ကြီး​ကျောင်းတွင်​ ဖွင့်​လှစ်​​သော ယဉ်​​ကျေးလိမ္မာ ဓမ္မစကူးသင်​တန်းသို့ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးလှ​ဌေးဝင်း၊ ပြည်​​ထောင်​စုနယ်​​မြေပါတီဥက္ကဋ္ဌ ဦး​ဝေလွင်​တို့သည်​ သြဂုတ်​လ ၅ နံနက်​ ၉နာရီခွဲအချိန်​တွင်​ သွား​ရောက်​ကြပြီး အဟာရဒါနအတွက်​ အလှူ​ငွေကျပ်​ ၃ သိန်းနှင့်​ သင်​​ထောက်​ကူပစ္စည်းများ လှူဒါန်း​ပေးခဲ့ကြပြီး ရွာဦး​ကျောင်းဆရာ​တော်​အား ဝါဆိုသင်္ကန်းနှင့်​ လှူဖွယ်​ပစ္စည်းများ ဆက်​ကပ်​လှူဒါန်းခဲ့​ကြောင်း သိရသည်​။

Read more

ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆပ်​ကပ်​လှူဒါန်း

ရန်ကုန်၊ သြဂုတ်

ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​ ၊ ဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ယ​မန်နေ့နံနက်​၁၁ နာရီတွင်​ မြို့နယ်​ပါတီရုံး၌ ဆရာ​တော်​သံဃာ​တော်​များထံမှ ပရိတ်​တနား​တော်​များနာယူပြီး ဝါဆိုသင်္ကန်းမြတ်​မဟာအား ဆပ်​ကပ်​လှူဒါန်း၍ ​နေ့ဆွမ်းဆပ်​ကပ်​လှူဒါန်းခြင်းအခမ်းအနားကို ပြုလုပ်​ခဲ့ပါသည်​။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့၏ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၄/၂ဝ၁၈) ဖွင့်

ရန်ကုန်၊ သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့၏ အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၄/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကူးတို့ဆိပ်ရပ်ကွက် ခေမာသီဝံကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ က ခေမာသီဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမသာရ (ဓမ္မာစရိယ) အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

Read more

ရေဘေးသင့်အိမ်ထောင်စု ၄၈ စုကို သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆန် ဆီ ခေါက်ဆွဲခြောက်ထုပ်များ လှူဒါန်း

ရန်ကုန်၊ သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမှတ် (၅) ရပ်ကွက် ဦးလူလေး လမ်းတွင် နေထိုင်ကြသည့် ရေဘေးသင့်ခံရသော အိမ်ထောင်စု ၄၈ စုတို့၏ မိသားစုများထံ ယမန်နေ့နံနက် ၉ နာရီက စတင်၍ ကွင်းဆင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

Read more

လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းကပ်လှူ ပါတီဗဟိုကော်မတီဝင်တက်ရောက်

ရန်ကုန်၊ သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ ပန်းဘဲတန်းမြို့နယ် ရဟန္တာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်မှ တိုက်အုပ်ဆရာတော်နှင့် သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဟုတ်စိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ဧည့်သည်တော်များ တက်ရောက်ကြပြီး ရဟန္တာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော်ထံမှ သီလတော်များ ခံယူဆောက်တည်ပြီး ဝါဆိုသင်္ကန်းများနှင့် ဒါတဗ္ဗဝတ္ထု အစုစုတို့ကို လှူဒါန်းကြသည်။
ထို့နောက် တိုက်အုပ်ဆရာတော်ထံမှ ရေစက်သွန်းချ တရားတော်များနာယူခဲ့ပြီး ကြွရောက်လာသော ဧည့်သည်များကို အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

Read more

ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် လူငယ်ညီလာခံ (၂ဝ၁၈) အတွေ့အကြုံရှင်း

ရမည်းသင်း၊ သြဂုတ် ၅

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါလူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲတွင် ဦးစွာနိုင်ငံတော်အလံအလေးပြု၊ နိုင်ငံတော်သီချင်းသီဆို ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး ပါတီအတိုင်ပင်ခံ ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

Read more

ကျောင်းဆောင်သစ်ဖွင့်ပွဲ လုပ်ဆောင်ရန် ကျောင်းဝင်းအတွင်းသန့်ရှင်းရေး မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ပူးပေါင်း လုပ်အားပေး

ရန်ကုန်၊ သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက် ၈ နာရီခွဲမှစ၍ မြို့နယ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Read more