အမေရိကန်နှင့် ကနေဒါတွင် လာလီဂါပွဲစဉ်များကို သွားရောက်ကစားရန် လာလီဂါအဖွဲ့ချုပ်နှင့် Relevent တို့ သဘောတူညီလိုက်

လာလီဂါပွဲစဉ်များကို အမေရိကန်နှင့် ကနေဒါတွင် သွားရောက်ကစားရန်အတွက် Relevent နှင့် လာလီဂါ အဖွဲ့ချုပ်တို့ သဘောတူညီသွားခဲ့သည်။ Relevent မှာ နိုင်ငံတကာချန်ပီယံဖလားကို ကြီးမှူးစီစဉ်သည့် အားကစားဆိုင်ရာ ကုမ္ပဏီဖြစ်ပြီး လာလီဂါနှင့် အကျိုးတူပူးပေါင်းလိုက်ခြင်းဖြစ်သည်။

Read more

ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်း ဖီဖာအဆင့် သတ်မှတ်ချက်၌ ထိပ်ဆုံးနေရာရောက်လာ

ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းသည် ၁၆ နှစ် အတွင်း ပထမဆုံး ဖီဖာ၏ကမ္ဘာ့ အဆင့်သတ်မှတ်ချက်တွင် ထိပ် ဆုံးနေရာ ရရှိသည်။

ပြီးခဲ့သည့်လက ရုရှားကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ခရိုအေးရှားကို ၄-၂ ဂိုးဖြင့် အနိုင်ရပြီး ဒုတိယအကြိမ် ကမ္ဘာ့ချန်ပီယံ ဖြစ်လာသော ပြင်သစ်သည် ၂၀၀၂ မေလက ၎င်းတို့နောက်ဆုံးအကြိမ် သိမ်းပိုက်ခဲ့သော အဆင့် (၁) နေရာကို ပြန်လည် ရရှိခဲ့သည်။

Read more

စီးရီးအေ အဖွင့်ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်း

ယခုတစ်ပတ်မှာ စီးရီးအေပွဲစဉ်တွေ ပြန်လည်စတင်တော့မှာ ဆိုပေမယ့် ဂျီနိုအာမှာ ပွန်တီမိုရန် ဒီတံတား ပြိုကျခဲ့မှုကြောင့် အဖွင့်ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ဂျီနိုအာအခြေစိုက် အသင်းနှစ်သင်း ဖြစ်တဲ့ ဂျီနိုအာနဲ့ ဆမ်ဒိုးရီးယားပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။ ဆမ်ဒိုးရီးယားက အိမ်ကွင်းမှာ ဖီအိုရင်တီးနားနဲ့ ကစားရမှာဖြစ်ပြီး၊ ဂျီနိုအာက မီလန်မှာ အေစီမီလန်နဲ့ သွားရောက်ကစားရမှာဖြစ်ပါတယ်။

Read more

ဆော်ဒီအာရေဗျ ဆီကနေ အမှတ်ရယူနိုင်မှာလား မြန်မာ

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၈ အာရှဖလားပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ မြောက်ကိုရီးယားကို ၁ ဂိုးစီ သရေကစားနိုင်ခဲ့ပြီး ဒီနေ့ည ၆ နာရီခွဲမှာ ဆော်ဒီအာရေဗျ အသင်းနဲ့ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကစားရမှာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ အားအနည်းဆုံးလို့ ဆိုရမယ့် မြန်မာ ယူ၂၃ အသင်းဟာ မြောက်ကိုရီးယားနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။

Read more

ပြည်သူကိုရိုက်တဲ့ ပါကစ္စတန် လွှတ်တော်အမတ် တာဝန်က ရပ်ဆိုင်းခံရ

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့မှာ လူတယောက်ကို ရွေးကောက်ခံအမတ်သစ်တယောက်က ရိုက်နှက် နေတဲ့ ဗွီဒီယို ကွန်ပျူတာအွန်လိုင်းမှာ တွေ့ရတဲ့နောက် ဝန်ကြီးချုပ်ဖြစ်မယ့် Imran Khan ရဲ့ Tahreek-e-Insaf ပါတီက အဲဒီအမတ်ကို တာဝန်က ဆိုင်းငံ့လိုက်ပါတယ်။ ခရစ်ကက်သမားဟောင်းဘဝက နိုင်ငံရေးသမားတဖြစ်လဲ Imran Khan ရဲ့ ပါတီဟာ ဒီလို ကျူးလွန်မှုတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ့် အစီစဉ်ရှိတာ ပြသဖို့ ရည်ရွယ်တာလို့ သတင်းက ဖော်ပြပါတယ်။ အဂတိလိုက်စားမှုကို တိုက်ဖျက်ပြီး အားလုံးအတွက် တရားမှတမှု ရှိစေရမယ်လို့ မဲဆွယ်ချိန်တုန်း Imran Khan က ကတိပေးခဲ့တာပါ။

Read more

ပီတာချက်ကို နေရာဆက်ပေးသွားမယ်လို့ အမ်မရီအတည်ပြု

အာဆင်နယ်နည်းပြသစ် အမ်မရီက အသင်း၏ ပွဲထွက်ဦးစားပေးဂိုးသမားနေရာနှင့် ပတ်သက်ပြီး ပီတာချက်ကိုသာ နေရာဆက်ပေးသွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ အမ်မရီရဲ့ အဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၂-၀ နှင့် ရှုံးနိမ့်ခဲ့ရာတွင် ပီတာချက်ကို အသုံးပြုခဲ့ပြီး လီဗာကူဆင်ကနေ ခေါ်ယူထားတဲ့ ဂိုးသမားသစ်လီနိုကို အရန်ခုံထိုင်းခိုင်းခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ပီတာချက်ရဲ့ လက်စွမ်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း အမ်မရီကတော့ ပီတာချက်ကိုသာ ဆက်လက်အသုံးပြုသွားမယ်လို့ ဆိုလိုက်ပြီး လာမယ့် ချဲလ်ဆီးနဲ့ ပွဲမှာ နေရာဆက်ပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ပီတာချက်ရဲ့ အတွေ့အကြုံ၊ အရည်အသွေးနဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကိုလည်း ယုံကြည်နေတယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးကို 2-0 နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲချိန်အတွင်မှာ ကောင်းမွန်တဲ့ ဂိုးကာကွယ်မှုတွေကို လက်စွမ်းပြ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ကာကွယ်ပေးခဲ့ပါတယ်။ 

Read more

ထိုင်းလက်ဝှေ့ကျော် ဒီစဲလက်ကို နှစ်ချီအတွင်း အလဲထိုးမည်ဟု ဒေ့ဗ်လက်ဒပ် ကြုံးဝါး

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် ထိုင်းလက်ဝှေ့ကျော် ဒီစဲလက်ကို နှစ်ချီအတွင်း အလဲထိုး အနိုင်ယူမည်ဟု ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ် က ကြုံးဝါးသည်။

အဆိုပါပြိုင်ပွဲကို သြဂုတ် ၁၉ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူ အားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး ၈၀ ကီလိုတန်းတွင် ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ပိုင်ရှင် ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ် က ထိုင်းလက်ဝှေ့ကျော် ဒီစဲလက် နှင့် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည်ဖြစ်သည်။

Read more

တူရကီက အမေရိကန် သွင်းကုန်များအပေါ် အခွန်နှစ်ဆ တိုးမြှင့် ကောက်ခံ

နိုင်ငံ၏ စီးပွားရေးအပေါ် တိုက်ခိုက်ခြင်းသည် အမေရိကန်ကို လက်တုံ့ပြန်သော အားဖြင့် တူရကီ အစိုးရက အမေရိကန် ပြည်ထောင်စုမှ တင်သွင်းလာသည့် သွင်းကုန်အချို့ကို အခွန်နှစ်ဆ တိုးမြှင့်ကောက်ခံ လိုက်ကြောင်း သိရသည်။ အခွန်နှစ်ဆ တိုးမြှင့်ကောက်ခံသည့် အမေရိကန် သွင်းကုန်များတွင် ခရီးသည်တင်ကားများ၊ အဖျော်ယမကာနှင့် ဆေးရွက်ကြီးတို့ ပါဝင်မည် ဖြစ်သည်။

Read more

အိမ်ခြံမြေဈေးများ တက်လာ၍ နိုင်ငံခြားသားများကို အိမ်ရောင်းခွင့် နယူးဇီလန် ပိတ်ပင်

နိုင်ငံခြားသားများကို အိမ်ရာ ရောင်းချခွင့် တားမြစ်ရန် နယူးဇီလန် လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းသည် နိုင်ငံအတွင်း၌ အိမ်ခြံမြေ ဈေးနှုန်းများ ကြီးမြင့်လာမှုကို တားဆီးပြီး ဈေးနှုန်း သင့်တင့်သည့် အခြေအနေကို ပြန်လည် ထိန်းညှိယူရန် ခြေလှမ်းတစ်ရပ်ဟု ဥပဒေပြု လွှတ်တော် အမတ်များက ပြောကြားခဲ့သည်။

Read more

တရုတ် လက်ထောက်ကုန်သွယ်ရေးဝန်ကြီး အမေရိကန်သွားမည်

တရုတ် လက်ထောက်ကုန်သွယ်ရေးဝန်ကြီး ဝန်ရှိုဝမ်ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ဖို့ အခုလနှောင်းပိုင်းမှာ အမေရိကန်ကို သွားရောက်မယ်လို့ ဗွီအိုအေသတင်းအရ သိရပါတယ်။

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်နေချိန်မှာပဲ တရုတ်ကိုယ်စားလှယ်တွေ အမေရိကန်ကို သွားရောက်မှာ ဖြစ်ပါတယ်။

ဝန်ရှိုဝမ်ဟာ အမေရိကန် လက်ထောက်ဘဏ္ဍာရေးဝန်ကြီး ဒေးဗစ်မယ်လ်ပတ်စ်နဲ့ တွေ့ဆုံဆွေးနွေးမှာပါ။

Read more