Author: USDP 2016
ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာ ခဲ့သူတွေ ပြန်ဆုံကြမယ်

သြဂုတ် ၂၀
တောင်ကိုရီးယားနိုင်ငံသားတွေဟာ နှစ်ပေါင်း ၇၀ ကြာ အဆက်အသွယ်ပြတ်နေခဲ့တဲ့ မြောက်ကိုရီးယားက မိသားစုဝင်တွေနဲ့ ဒီကနေ့မှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တွေ့ဆုံနိုင်ပြီ ဖြစ်ပါတယ်။
၁၉၅၀-၁၉၅၃ အရေးတော်ပုံ ဖြစ်ပြီးနောက်ပိုင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံလို့ သီးခြားသတ်မှတ် လိုက်ရာ ဆွေမျိုးသားချင်းတွေလည်း အဆက်အသွယ်ပြတ်ခဲ့ကြရတာဖြစ်ပါတယ်။
Read moreအီရတ်နိုင်ငံ တည်ငြိမ် အေးချမ်းရေးအတွက် အမေရိကန်က ဆက်လက် တပ်စွဲထားမည်ဟု ဆို

အီရတ်နိုင်ငံ အတွင်းရှိ IS စစ်သွေးကြွများ သိမ်းပိုက်ခဲ့ဖူးသော ဒေသများ၌ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ကူညီရန်အတွက် အမေရိကန် တပ်ဖွဲ့ဝင်များသည် ၄င်းနိုင်ငံအတွင်း ဆက်လက် တပ်စွဲထားမည် ဖြစ်ကြောင်း အမေရိကန် ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်း တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သြဂုတ် ၁၉ ရက်တွင် ပြောသည်။
Read moreယူဂန္ဓာတွင် သံသယဖြစ်ဖွယ် အီဘိုလာရောဂါ ကူးစက်မှု တွေ့ရှိ

ယူဂန္ဓာနိုင်ငံ အနောက်ပိုင်းမှာ သံသယဖြစ်ဖွယ် အီဘိုလာကူးစက်မှု တွေ့ရှိပြီး ကျန်းမာရေးဝန်ထမ်းတွေက အခြေအနေကို စောင့်ကြည့်နေပါတယ်။ အီဘိုလာ ရောဂါလက္ခဏာဆန်ဆန် လူနာတဦးကို တွေ့ရှိထားပြီး သူ့အခြေအနေမှန်ကို သိရှိဖို့ ဓာတ်ခွဲခန်းအဖြေကို စောင့်နေတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ အဲဒီလူနာ သီးသန့်ထားရာနေရာနဲ့ ကီလိုမီတာ အနည်းငယ်အကွာ ယူဂန္ဓာနဲ့ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတို့ရဲ့ နယ်စပ် ဝင်ပေါက် ဘန်ဆန်ဂါမှာလည်း ရောဂါရှာဖွေ စစ်ဆေးတာတွေကို ကြပ်ကြပ်မတ်မတ် လုပ်ဆောင် နေပါတယ်။ အဲဒီ ဘန်ဆန်ဂါနယ်စပ် ဝင်ပေါက်ဟာ အီဘိုလာရောဂါဖြစ်ပွားရာ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ ဘီနီဒေသနဲ့ ကီလိုမီတာ ၁ဝဝ ခန့်အကွာမှာ ရှိနေပါတယ်။ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှာ သံသယဖြစ်ဖွယ် အီဘိုလာရောဂါ ဖြစ်ပွားသူ ၅၇ ဦးရှိပြီး ၄၁ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
Read moreပါတီဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ ရန်ကုန်တိုင်းအမျိုးသမီးရေးရာတာဝန်ခံများအားတွေ့ဆုံ
ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတိုင်းခရိုင်မြို့နယ်ပါတီဥက္ကဌများအမျိုးသမီးရေးရာတာဝန်ခံများနှင့်ပာတီဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံဒေါက်တာ ဒေါ်စန်းစန်းနွယ် ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီတိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးတို့တွေ့ဆုံပွဲအခမ်းအနားကိုသြဂုတ်လ(၁၈)ရက်နေ့လည်(၁၁:၃၀)နာရီကရန်ကုန်တိုင်းပြည်ခိုင်ဖြိုးခန်းမတွင်ကျင်းပကြောင်းသိရှိရသည်။
အခမ်းအနားအစီအစဉ်အရပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီမှအမှာစကားပြောကြားရာတွင်စွမ်းရည်မြင့်မားပြည့်ဝသည့်အမျိုးသမီးထုကြီးမှနိုင်ငံ့အရေးကိစ္စများကိုဖေါ်ဆောင်နိုင်ရန်အတွက်အမျိုးသမီးညီလာခံကိုကျင်းပမှာဖြစ်ကြောင်းသို့ဖြစ်၍ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးထုသည်လည်းစည်းရုံးရေးစွမ်းရည်ပြည့်ဝသည့်အမျိုးသမီးပါတီဝင်များဖြစ်ရန်တစ်ဦးချင်းသော်လည်းကောင်းအဖွဲ့လိုက်သော်လည်းကောင်းကြိုးစားကြစေခြင်ကြောင်းမှာကြားသည်။
ထို့နောက်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးမှယနေ့ညှိနှိုင်းအစည်းအဝေးသည်တိုင်းခရိုင်မြို့နယ်အမျိုးသမီးအကြိုညီလာခံများကျင်းပနိုင်ရန်အတွက်ဖြစ်ကြောင်းပါတီဥက္ကဌများလည်းတက်ရောက်သည့်အတွက်မှာကြားလိုကြောင်းယနေ့ခေတ်အခြေအနေအရပါတီဥက္ကဌများအမျိုးသမီးပါတီဝင်များသည်ပြောရဲဆိုရဲဟောပြောရဲသည့်အရည်အချင်းနှင့်ပြည့်ဝနေရန်လိုအပ်ကြောင်းအမျိုးသမီးအကြိုညီလာခံအဆင့်ဆင့်ပြုလုပ်နိုင်ရန်ပြင်ဆင်ထားကြဖို့မှာကြားလိုကြောင်းပြောကြားသည်။
ဆက်လက်၍ပါတီဗဟိုအတွင်းရေးမှုးအမျိုးသမီးရေးရာတာဝန်ခံဒေါက်တာစန်းစန်းနွယ်မှအမှာစကားပြောကြားရာတွင်ယနေ့တွေ့ဆုံပွဲသည်ပြည်ခိုင်ဖြိုးပါတီအမျိုးသမီညီလာခံကျင်းပနိုင်ရေးအတွက်အကြိုညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်းရည်ရွယ်ချက်မှာပါတီ၏ဦးဆောင်မှုအခန်းကဏ္ဍမြှင့်တင်ရေးတွင်အမျိုးသမီးထုမှပါဝင်နိုင်ရန်ပါတီ၏မူဝါဒလုပ်ငန်းစဉ်များကိုပြည်သူများသိရှိစေရန်အမျိုးသမီးများဘဝလုံခြုံရေးနှင့်စွမ်းရည်မြင့်မားတိုးတက်စေရေးနှင့်အမျိုးသမီးဘဝမြှင့်တင်ရေးတို့အတွက်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းထို့နောက်အမျိုးသမီးညီလာခံကျင်းပနိုင်ရေးအတွက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုမေးမြန်းတင်ပြကြပြီးတွေ့ဆုံပွဲအခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ထိန်ဝင်း(YGN)
Read more
ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ဗဟိုအတွင်းရေးမှူး တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား
ရေစကြို ၊ သြဂုတ်၊ ၁၉
ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်၊ရေစကြိုမြို့နယ် သာစည်အုပ်စုကျေးရွာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးမကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ဘဏ္ဍာရေးမှူး
ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင်များ ၊ပခုက္ကူခရိုင်ပါတီဥက္ကဌဦးသိန်းထွန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင်နှင့်ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးသိန်းလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်အသစ် ၃၇၅ ဦး အပါအဝင်စုစုပေါင်းအင်အား ၇၀၀ ကျော်တက်ရောက်ခဲ့ကြပါသည် ။
ဟက်ထရစ်ရခဲ့တဲ့ အဂွေရို ကို နည်းပြ ဂွါဒီယိုလာ ချီးကျူး

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရဲ့ အဓိကတိုက်စစ်မှူး အဂွေရိုမှာ အကောင်းဆုံးပုံစံရရှိနေကြောင်း ဟက်ဒါဖီးလ်နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အဂွေရို ဟာ ဟက်ဒါဖီးလ်နဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီ ဟက်ထရစ် ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ကစားသမားတွေရဲ့ ပထမဆုံး ဟက်ထရစ်လည်း ဖြစ်ခဲ့ပါတယ်။
Read more၂၇ မီတာမြင့် တောင်စောင်းမှ ဒိုင်ဗင်ထိုးရသည့် နိုင်ငံတကာ ချန်ပီယံရှစ် ဒိုင်ဗင်ပြိုင်ပွဲ ကျင်းပ

ခရိုင်းမီးယားကျွန်းဆွယ် ယော်တာမြို့အနီးမှာ သြဂုတ် ၁၈ ရက်နေ့က နိုင်ငံတကာ ချန်ပီယံရှစ် ဒိုင်ဗင်ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ကမ္ဘာတဝှမ်းက ဒိုင်ဗင်သမားတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲဝင်တွေဟာ ၂၇ မီတာမြင့်တဲ့ တောင်စောင်းကနေ အောက်ကို ဒိုင်ဗင်ထိုးရပြီး ရာနဲ့ချီတဲ့ ပရိသတ်တွေဟာ လှေတွေနဲ့ ကမ်းခြေပေါ်ကနေ အဲဒီပြိုင်ပွဲကို အားပေးခဲ့ပါတယ်။
Read moreဆီးရီးယား ပြန်လည် ထူထောင်ရေးအတွက် ငွေကြေး ထောက်ပံ့ရန် ပူတင်၏ တောင်းဆိုချက်ကို မာကယ် ငြင်းဆို

ဘာလင် သြဂုတ် ၁၉
ဆီးရီးယားနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် ငွေကြေး ထောက်ပံ့ပေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တောင်းဆိုချက်ကို ဂျာမနီဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်က ငြင်းဆို လိုက်ကြောင်း သိရသည်။
Read moreဗင်နီဇွဲလား ရွှေ့ပြောင်းဒုက္ခသည်များကို ဘရာဇီးနိုင်ငံသားများ မောင်းထုတ်

ပါကာရိုင်မာမြို့တွင် ဗင်နီဇွဲလားရွှေ့ပြောင်းနေထိုင်သူများကို ကန့်ကွက်ဆန္ဒပြနေသူအချို့အား သြဂုတ် ၁၈ ရက်က တွေ့ရစဉ် (GERALDO MAIA/EPA)
ဒေသခံ စားသောက်ဆိုင်ရှင်တစ်ဦး ဓားထိုး၊ ရိုက်နှက်ခံရပြီးနောက် ဒေါသထွက်နေသော ဘရာဇီးနိုင်ငံနယ်စပ်ရှိ ပါကာရိုင်မာမြို့ခံများသည် ဩဂုတ် ၁၇ ရက်က ဗင်နီဇွဲလားရွှေ့ပြောင်း ဒုက္ခသည်များကို မောင်းထုတ်ခဲ့ကြောင်း ဒေသခံများနှင့် အစိုးရတာဝန်ရှိသူများ ကပြောသည်။
Read more











