ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အကြမ်းဖက်သမား ၁၅ ဦး အား သေဒဏ်ချမှတ် အတည်ပြု

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က သြဂုတ်လ ၁၆ ရက် ၌ စစ်ဘက်ဆိုင်ရာ တရားရုံးတွင် အကြမ်းဖက်သမား ၁၅ ဦးအား သေဒဏ်ချမှတ်ခဲ့ပြီး ယင်း အကြမ်းဖက်သမားများက ရဲတပ်ဖွဲ့ ၊ အရပ်သား ၊ အစိုးရ အဖွဲ့ဝင် နှင့် ကျောင်းများအား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။

Read more

ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေလှူဒါန်း

 


ခရမ်း၊ သြဂုတ် ၁၅

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ဘိုကလေးကျေးရွာတွင် ထူးကဲ ဒီရေမြင့်တက်မှုကြောင့် ရေဘေးဒုက္ခ ကြုံတွေ့နေရသည့် ပြည်သူများအား ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ထောက်ပံ့ငွေများ ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ယာယီကယ်ဆယ်ရေးစခန်းရှိရာ ဘိုကလေးကျေးရွာ ဆိုက်ကလုံးရှပ်တာ အဆောက်အအုံတွင် ကျင်းပခဲ့သည်။  အခမ်းအနားတွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အလှူငွေကျပ် သုံးသိန်းကို မြို့နယ်အတွင်းရေးမှူး ဦးဝင်းရွှေနှင့်အဖွဲ့မှ ပေးအပ်လှူဒါန်းခဲ့ပြီး ရေဘေးသင့် ပြည်သူများအား အားပေးစကားပြောကြားခဲ့သည်။

Read more

ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိသားစုဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဝေါ၊ သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမိသားစု ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၅ နာရီတွင် ကျင်းပသည်။

စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ရှေးဦးစွာ ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်းနှင့် ပါတီကော်မတီဝင်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့ပေါ်ကျောင်းပေါင်း၂ဝ မှ ဆရာတော်ကြီးများ သဒ္ဓမ္မပါလကျောင်းဆရာတော် ဦးဝေပုလ္လထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူခဲ့ကြသည်။

Read more

ရေနုတ်မြောင်းတူးဖော်ရေး မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဆွေးနွေး

မအူပင်၊ သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရေနုတ်မြောင်း တူးဖော် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီက မအူပင်မြို့နယ်၊ ကျီးချောင်းကျေးရွာ အုပ်စု၊ ကတက်ခွကျေးရွာ ဦးပေါက်ဖော်နေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအား ထမင်းဟင်းများဝေငှ

ရန်ကုန်၊ သြဂုတ် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၉၃) ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူများအား ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဝင်း၊ အတွင်းရေးမှူး ဦးခင်မောင်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးဇင်မင်းထွန်း၊ လူ ငယ်ဥက္ကဋ္ဌ ဦးကျော်သူရနှင့် လူငယ်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ယမန်နေ့ ညနေ ၅ နာရီခွဲမှ စတင်၍ ရေဘေးသင့်ပြည်သူများအား ညနေစာအဖြစ် ထမင်းဟင်းများကို အိမ်တိုင်ရာရောက် လိုက်လံဝေငှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Read more

ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပ

ထီးချိုင့်၊ သြဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းအုပ်စု မောင်းကုန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီအခြေစိုက်ရုံးတွင် ကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်နှင့် ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမင်းသန်းတို့က မင်္ဂလာအချိန်တွင် ပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ အခြေစိုက်ရုံးတွင် ဆိုင်းဘုတ်တင်ကာ နိုင်ငံတော်အလံအားအလေးပြုကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်က အမှာစကားပြောကြားကာ မွန်းလွဲ ၁ နာရီ တွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

Read more

ချမ်းမြသာစည်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ မိုးရာသီ စု​ပေါင်းသစ်​ပင်​စိုက်​ပျိုးပွဲသို့ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​ တက်​​ရောက်​အား​ပေး

မန္တလေး၊ သြဂုတ်(၁၆)

မန္တ​လေးမြို့၊ ချမ်းမြသာစည်​မြို့နယ်​၊ ကျွန်းလုံးဥ​သျှောင်​ရပ်​ကွက်​ရှိ ဦးပွားဘုရားပုရိဝုဏ်​အတွင်းတွင်​ ချမ်းမြသာစည်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ကြီးမှူး​သော မိုးရာသီ စု​ပေါင်းသစ်​ပင်​စိုက်​ပျိုးပွဲအား ယ​နေ့ နံနက် ​၈ နာရီက ကျင်းပပြုခဲ့ရာ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​ တက်​​ရောက်​အား​ပေး၍ ကိုယ်​တိုင်​ကိုယ်ကျ သစ်​ပင်​ ပါဝင်​စိုက်​ပျိုး​ပေးခဲ့သည်​။

Read more

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် ခံကုန်းကျေးရွာအုပ်စုတွင် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပပြုလုပ်

Read more

မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်း၊ သြဂုတ် ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဝေးလံခေါင်းပါး ဒေသရှိ ကျောင်းသားကျောင်းသူများအား ကျောင်းသုံးပစ္စည်းများပေးအပ်ခြင်း၊ သဘာဝဘေးဒဏ်ကြုံတွေ့ခံစားရ သော ဒေသခံပြည်သူများကို သွားရောက်အားပေးပြီး လိုအပ်သည်များ ကူညီထောက်ပံ့ပေးခြင်း၊ ဘာသာ လူမျိုး မရွေး နာရေးကိစ္စများတွင် ကူညီဆောင်ရွက်ပေးခြင်း စသည့် လူမှုကူညီရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read more

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းကပ်လှူပွဲ အဖျောက်ဒေသပါတီရုံး၌ ကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၅

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက တိုက်ကြီးမြို့နယ် အဖျောက်ဒေသ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘုရားအမှူးပြု၍ ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်မြတ်များထံမှ ရတနာမြတ်သုံးပါးနှင့် တကွ ငါးပါးသီလ ခံယူဆောက်တည်ကာ အနုမောဒနာတရား နာကြားကြသည်။

Read more