ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွ

 

ရန်ကုန် သြဂုတ် ၂၆

ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ပီလခတ်ကျေးရွာ ဟိန္ဒူဘုရားကျောင်းဝင်းရှိ ဓမ္မာရုံ ၌ ယနေ့နံနက် ၉ နာရီခွဲတွင် တောင်ပိုင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဦးအောင်ကျော်မင်း ဦးဆောင်သော ဖြိုးစေတနာ(အခမဲ့) နယ်လှည့်အထွေထွေရောဂါဆေး ကုသရေးအဖွဲ့သည် ကျောက်တန်း မြို့နယ် ပီလခတ်ကျေးရွာအုပ်စု (တမံကြီးပီလခတ်ဟိန္ဒူပီလခတ်) ရှိကျေးရွာနေ မိဘပြည်သူများအား အခမဲ့ဆေးဝါးကုသမှုပြုလုပ်ပေး ခဲ့သည်။

Read more

စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်အားပေး

 

စဥ့်ကိုင် သြဂုတ် ၂၆

EA Co.,Ltd မှ ကြက်မျှားကျေးရွာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်မုခ်ဦးနှင့် ကွန်ပျူတာ နှစ်လုံးပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ကျင်းပခဲ့ရာ အလှူရှင်မိသားစုများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်အဖွဲ့များ၊ ပြည်ခိုင်ဖြိုး ပါတီမှခရိုင်ပါတီကော်မတီဝင်ဒေါ်ခင်နွယ်မြင့်၊ အတွင်းရေး မှူးဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးအဖွဲ့များတက် ရောက်အားပေးချီးမြှင့်ခဲ့သည်။

Read more

မြိုင်ပြည်ခိုင်ဖြိုးပါတီကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မြိုင် သြဂုတ် ၂၆

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် များသည် ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံပွဲကို တောင်စုံကျေးရွာအုပ်စု ဘောင့်ဘင်ကျေးရွာ ဦးပြည့်နေအိမ်၌ ယနေ့နံနက် ၉ နာရီက ပြုလုပ် သည်။

တွေ့ဆုံပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်နိုင်၊ အတွင်းရေးမှူး ဦးထိန်လင်း၊ မြို့နယ်ကော်မတီဝင်ဦးစန်းယုနိုင်၊ ဦးနန္ဒာအောင်၊ ဦးခင် မောင်အေး၊ လူငယ်ကိုယ်စားလှယ်ကိုသိန်းကျော်စိုးတို့နှင့်အတူကျေးရွာ ပါတီဝင် ၄ဝ ခန့်တက်ရောက်ကြပြီး ပါတီဝင်များ၏စီးပွားရေး၊လူမှု ရေးအခြေအနေများနှင့်လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေ အနေများကိုပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

မေတ္တာအခါတော်နေ့တွင် ဖျာပုံမြို့ ရှေးဟောင်းဆုတောင်းပြည့်အနန္တသကျမုနိမြောက်ပိုင်းဘုရားကြီးဘုရားအနေကဇာတင် ရွှေသင်္ကန်းဆက်ကပ်ပူဇော်ပွဲနှင့် ရေစက်ချလှူဒါန်းပွဲကျင်းပ

 

ဖျာပုံ သြဂုတ် ၂၆

ဖျာပုံမြို့ မြောက်ပိုင်းအရပ်ရှိ ရှေ့ဟောင်းသမိုင်းဝင် အနန္တသကျ မုနိ ယိမ်းကိုယ်တော်ကြီး ရုပ်ပွား တော်၊ ယိမ်းညွှန့်ကိုယ်တော်ကြီး ရုပ်ပွားတော်၊ညွှန့်ပေါင်းကိုယ်တော် ကြီးရုပ်ပွားတော်၊ ဘုငါးဆုရုပ်ပွား တော်များအား ဘုရားအနေကဇာ တင်၊ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၊ အလှူရှင်များအား ဂုဏ်ပြုလွှာပေး အပ်ပွဲနှင့် ရေစက်သွန်းချလှူဒါန်း ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းက မြောက်ပိုင်းဘုရားကြီး၌ အလှူတော်အခမ်းအနားကျင်းပ ခဲ့ကြောင်း သိရသည်။

Read more

မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ ဘာသာရေး ပညာရေးအားပေးကူညီ

 

မြင်းခြံ သြဂုတ် ၂၆

ဆုံရွာကွေ့ကြီးကျေးရွာတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အမျိုးချစ် ဘာသာချစ်ဓမ္မ ကူးလ် ကျောင်းသူကျောင်းသားများအား မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ ရေခဲမုန့်နှင့်ကိတ်မုန့် အာဟာရဒါနကုသိုလ်ပြုလှူဒါန်းခဲ့ပြီး ကွေ့ကြီးကျေးရွာ ဆရာတော်အား သွားရောက်ဖူးမြော် ၍ ဝတ္ထုငွေများလှူဒါန်းခဲ့ပြီးနောက် ဖက်ပင်အိုင်ကျေးရွာမှ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော လေးဘာသာဂုဏ်ထူးရှင် အမြွှာညီအစ်မ သုံးဦးတို့အား ဂုဏ်ပြု ဆုငွေချီးမြှင့်ပြီး အားပေးစကားပြောကြားခဲ့ကြသည်ဟု သိရသည်။

Read more

လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်

 

ရန်ကုန် သြဂုတ် ၂၆

Read more

JMC ကိုယ်စားလှယ်များ နော်ဝေးနိုင်ငံသို့ ငြိမ်းချမ်းရေးဖြစ်စဉ် သွားရောက်လေ့လာ

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာပူးတွဲစောင့်ကြည့်ရေးကော်မ တီ(JMC-U)ကိုယ်စားလှယ် အဖွဲ့ သည် ငြိမ်းချမ်းရေးလေ့လာရေး ခရီးအဖြစ် ဩဂုတ် ၂၄ ရက်က နော်ဝေးနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း JMC က သတင်းထုတ်ပြန်သည်။ JMC-U ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဥက္ကဋ္ဌ(၁) ဗိုလ်ချုပ်စောအိုင်းဇက်မိုး (KNU ကိုယ်စားလှယ်)က ဦးဆောင်ပြီး ကော်မတီဝင် ၁၅ဦးနှင့်နည်းပညာအထောက် အကူပြုရုံးဝန်ထမ်းများ အပါအ၀င် ၁၈ ဦးလိုက်ပါကာ ဩဂုတ်၃၀ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

Read more

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံး ဆိုင်းဘုတ်တင် မင်္ဂလာ အခမ်းအနားကျင်းပ

 

မန္တလေး သြဂုတ် ၂၆

မန္တလေးမြို့ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ မြို့နယ်ပါတီရုံးဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေး ဆိုရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသိန်းထွန်းဦး ဦးဆောင်သောအဖွဲ့မှ မင်္ဂလာအချိန်ကျရောက်သောအခါ ပါတီဆိုင်းဘုတ် ကို အမွှေးနံ့သာရည်များပက်ဖျန်း၍ ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနား ကျင်းပ၍ မင်္ဂလာရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမရပူရမြို့နယ်ပါတီဥက္ကဋ္ဌဦးသိန်းထွန်းဦး နှင့်အတူ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ အပါအဝင် စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားကျင်းပပြီးနောက် မြို့နယ်ပါတီ၏ မြို့နယ်နှင့် ရပ်/ကျေး လပတ်ပုံမှန်အစည်းအဝေး ဆက်လက်ကျင်းပ ခဲ့ကြောင်း သိရသည်။

Read more

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးတက်​​ရောက်​အား​ပေး

အင်းတော်၊ သြဂုတ်​၊ ၂၆

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကို ယ​နေ့ နံနက် ၁၀း၀၀ နာရီအချိန်​တွင်​ စစ်ကိုင်းတိုင်း​ဒေသကြီး|ကသာခရိုင်​၊ ​အင်းတော်မြို့နယ်​၊ ရွာသာယာကျေးရွာ၊ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်​ရာ အခမ်းအနားသို့ ပြည်​​ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်​အမှု​ဆောင်​တိုင်း​ဒေသကြီးပါတီဥက္ကဌ ဒေါက်​တာ​မြင့်သိန်း၊ တိုင်းပါတီကော်မတီဝင်များ၊ ကသာခရိုင်​ပါတီဥက္ကဌ ဦးထွန်းအောင်ဝင်းနှင့် ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊
မြို့နယ်​ပါတီဥက္ကဌဒေါ်သူသူဇင်နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​များ၊ ပါတီဝင်အသစ်များ၊ ရပ်မိရပ်ဖများ စုစု​ပေါင်းအင်​အား ၇၀၀ ဦးတက်​​ရောက်​ခဲ့ကြပါသည်​။

Read more

ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

 

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးပါတီနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​သည်​ (၂၆.၈.၂၀၁၈)ရက်​​နေ့ နံနက်​(၉)နာရီ(၃၀)မိနစ်​က ​ညောင်​ဦးပြည်​ခိုင်​ဖြိုးပါတီရုံးခန်းမတွင်​ ကျင်းပသော ​ရပ်​/​ကျေး ပါတီဥက္ကဋ္ဌများတာဝန်​​ပေးအပ်​ပွဲနှင့်​ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားသို့ တက်​​ရောက်​အား​ပေးချီးမြှင့်​ခဲ့ပါသည်​။ ယ​နေ့ကျင်းပ​သော အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံဦးဝဏ္ဏ​မောင်​လွင်​နှင့်​အတူ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့်​​​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊​​​ ​ညောင်​ဦးခရိုင်​ပါတီဥက္ကဋ္ဌဦးညွန့်​ဝင်းနှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊​​​ ​ညောင်​ဦးမြို့နယ်​ပါတီဥက္ကဋ္ဌဦး​အောင်​​ဌေးနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ပါတီဝင်​များ၊ပါတီဝင်​သစ်​များအပါအဝင်​ စုစု​ပေါင်း အင်​အား(၄၀၀)​​ကျော်​တက်​​ရောက်​ခဲ့​ကြပါသည်​။


Read more