ကင်ဆာဝေဒနာသည်ကလေးငယ်ကို အဂူရိုက အိမ်သို့ဖိတ်ခေါ်ပြီး လက်ဆောင်ပစ္စည်းများပေး

မန်စီးတီးတိုက်စစ်မှူး အဂူရိုကြောင့် ကင်ဆာဝေဒနာသည် မန်စီးတီးပရိသတ် ကလေငယ်တစ်ဦးသည် ကင်ဆာရောဂါ နှင့် တိုက်ပွဲဝင်နေရခြင်းမှခဏတာ အနားယူခွင့်ရရှိခဲ့သည်။

အသက် (၁၀) နှစ်အရွယ် ကူလမ်ဖွိုင်းကို အဂူရိုက ၎င်း၏ နေအိမ်၌ နွေးထွေးစွာကြိုဆိုခဲ့ပြီး လက်မှတ် ထိုးထားသော တီရှပ် တစ်ထည်နှင့် ဖိနပ်တစ်ရန်ကို လက်ဆောင်ပေးခဲ့သည်။

Read more

ချယ်လ်ဆီးအသင်းကို ရောင်းချရန် ပိုင်ရှင်မိုဗစ်ခ်ျစီစဉ်နေ ရိန်နီဂရု(ပ်)ဘဏ်မှ တန်ကြေးပေါင် ၂ဘီလီယံ သတ်မှတ်

ချယ်လ်ဆီးအသင်းပိုင်ရှင် မိုဗစ်ခ်ျသည် အသင်းကို ရောင်းထုတ်ရန် စီစဉ်နေပြီး နယူးယောက်ရှိ ဘဏ်လုပ်ငန်း အဖွဲ့အစည်း ဖြစ်သော ရိန်နီဂရု(ပ်)သို့ အကြံတောင်းကာ အသင်းတန်ကြေးကို ဈေးဖြတ်ခိုင်းရာတွင် ပေါင် ၂ ဘီလီယံ ဖြင့် ဈေးဖြတ်ခဲ့ကြောင်း ဆန်းဒေးတိုင်း(မ်) သတင်းစာက ဖော်ပြသွားသည်။

Read more

လီဗာပူးဂိုးသမား ကားရီးယပ်စ် ဘီဆစ်တပ်သို့ အငှားဖြင့်ပြောင်းရွှေ့

လီဗာပူးဂိုးသမား ကားရီးယပ်စ်ဟာ ဘီဆစ်တပ်အသင်းကို ၂ နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မမှားသင့်တဲ့ အမှားတွေကတဆင့် ဂိုးတွေပေးခဲ့ရပြီးနောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကားရီးယပ်စ်ဟာ အသင်းကနေ ပြောင်းရွှေ့ဖို့ အစောပိုင်းကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

Read more

နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကြောင့် အီရန် စီးပွားရေး ဝန်ကြီး ရာထူးမှ ဖြုတ်ချခံရ

တီဟီရန် သြဂုတ် ၂၆

အီရန်စီးပွားရေး ဝန်ကြီး မာဆွတ်ကာဘာရှန်သည် နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကြောင့် လွှတ်တော်၏ အယုံအကြည်မရှိ အဆိုဖြင့် သြဂုတ် ၂၆ ရက်တွင် ရာထူးမှ ဖြုတ်ချခံလိုက် ရကြောင်း သိရသည်။

Read more

အမေရိကန်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ကွယ်လွန်

အမေရိကန်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ဦးနှောက်ကင်ဆာရောဂါဖြင့် အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ်ရှိ ¤င်းနေအိမ်၌ ကွယ်လွန် သွားခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

Read more

ရွှေ့ပြောင်းနေထိုင်သူ ၁၅၀ ကို အီတလီ ကမ်းပေါ်တက်ခွင့်ပေး

ရွှေ့ပြောင်းနေထိုင်သူများ အီတလီကမ်းခြေစောင့်သင်္ဘောပေါ်မှ ဆင်းလာကြစဉ် (Antonio Parrinello/REUTERS)

အီတလီဟာ စစ္စလီဆိပ်ကမ်းမှာ ငါးရက်ကြာ ဆိုက်ကပ်ထားတဲ့ ကယ်ဆယ်ရေး သင်္ဘောပေါ်က ရွှေ့ပြောင်းနေထိုင်သူ ၁၅၀ ကို သြဂုတ် ၂၆ ရက်က ကမ်းပေါ်တက်ခွင့် ပေးလိုက်ပါတယ်။

Read more

သြစတြေးလျ ဝန်ကြီးချုပ်သစ် စကော့မော်ရစ်ဆင် အစိုးရအဖွဲ့ ဝန်ကြီးစာရင်း ကြေညာ

သြစတြေးလျ ဝန်ကြီးချုပ်သစ် စကော့မော်ရစ်ဆင်ဟာ သြဂုတ် ၂၆ ရက်နေ့က အစိုးရအဖွဲ့သစ် ဝန်ကြီးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီစာရင်းအရ နိုင်ငံခြားရေးဝန်ကြီးအဖြစ် မာရိစ်ပိန်း၊ ကာကွယ်ရေးဝန်ကြီးအဖြစ် ခရစ္စတိုဖာပိုင်း၊ ကုန်သွယ်ရေးဝန်ကြီးအဖြစ် ဆိုင်မွန်ဘာမင်ဂမ်တို့ကို ခန့်အပ်ခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ဟောင်း တန်ဘူးလ်ကို စိန်ခေါ်သူ ပြည်ထဲရေးဝန်ကြီး ပီတာဒက်တန်ကိုတော့ လက်ရှိရာထူးအတိုင်း ဆက်ထားပေမယ့် လူဝင်မှုရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ်ခွင့် မပြုဘူးလို့ သိရပါတယ်။

Read more

ထိုင်ဝမ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ၄ ဦးသေဆုံး၊ ၁၄၃ ဦးဒဏ်ရာရရှိ

ထိုင်ဝမ်မှာ မိုးသည်းထန်စွာရွာသွန်းလျက်ရှိရာ ၄ ဦးသေဆုံးပြီး ၁၄၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးမြေများ ပျက်စီးခဲ့ရာ တန်ဖိုးငွေ ထိုင်ဝမ်ဒေါ်လာ ၅၆၃.၂ သန်း (ကန်ဒေါ်လာ ၁၈.၃၅ သန်း) ခန့်ဆုံးရှုံးခဲ့ရပါတယ်။ လို့ အာဏာပိုင်တွေက ယနေ့မနက်ပိုင်းမှာပဲ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ထောက်ပံ့ပေးအပ်

 

သြဂုတ်၊ ၂၄

မွန်ပြည်နယ်သို့ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ယနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ချိန်တွင် ကျိုက်မရောမြို့နယ်၊ လမုခိုကျေးရွာအုပ်စု၊ မုရင်းကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

Read more

တမူးမြို့နယ် ခမ်းပါတ်မြို့ အမှတ် (၅) ရပ်ကွက် ပါတီဝင်များနှင့်တွေ့ဆုံပွဲသို့ တမူးပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဌ တက်ရောက်

 

တမူး၊ သြဂုတ်၂၃

တမူးမြို့နယ် ခမ်းပါတ်မြို့ အမှတ် (၅) ရပ်ကွက်တွင် ပါတီဝင်များနှင့်တွေ့ဆုံပွဲကို ရပ်ကွက်ပါတီရုံးတွင်ပြုလုပ်ရာ တမူးပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးခင်မောင်ရွှေ တက်ရောက်ပြီး နိုဝင်ဘာ ၃ ရက်၌ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် လွတ်လပ်တရားမျှတသော ရွေးကောက် ပွဲဖြစ်စေရေး၊ လိုအပ်သောအဖွဲ့အစည်းများဖွဲ့စည်းပြီး လက်တွေ့ကျသော လုပ်ငန်းစဉ်များဆောင်ရွက်ရေး၊ ရွေးကောက်ပွဲနေ့တွင် တွေ့ကြုံရမည့် အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရေး၊ ဥပဒေနှင့် မညီသောလှုပ်ရှားဆောင်ရွက်မှုများကို စနစ်တကျမှတ်တမ်းတင်ထားရှိ ရေးနှင့် ကန့်ကွက်သွားရေးတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။ ခရိုင်ကော်မတီဝင် ဦးမျိုးမျိုးနှင့် ဦးစောအောင်ပွင့်တို့လည်း တက်ရောက် ခဲ့ကြကြောင်း သိရသည်။

Read more