နိုင်ငံအသင်းမှ အနားယူရန် မက်ဆီကို တိုက်တွန်းမည်ဟု မာရာဒိုနာ ပြော

လီယွန်နယ်မက်ဆီကို နိုင်ငံအသင်းကနေ အနားယူဖို့ တိုက်တွန်းသွားမယ်လို့ အာဂျင်တီးနား ဂန္ထ၀င်နည်းပြဟောင်း မာရာဒိုနာက ပြောကြားလိုက်ပါတယ်။

အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ရယူပေးနိုင်ခြင်း မရှိတာနဲ့ မက်ဆီကို အပြစ်တင်နေကြပြီး ဒါဟာ မက်ဆီအတွက် မျှတမှု မရှိတာကြောင့် အသင်းကိုနောက်ထပ် မကစားပေးဖို့ တိုက်တွန်း သွားမယ်လို့ မာရာဒိုနာက ပြောပါတယ်။

Read more

မြန်မာပရိသတ်အတွက် အကောင်းဆုံးရလဒ် ယူဆောင်ပေးမည်ဆိုသော ကယန်းအမျိုးသမီး လက်ဝှေ့မယ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်  ပထမဆုံးအကြိမ် ကျင်းပမည့် ONE: KINGDOM OF HEROES ပြိုင်ပွဲတွင် မြန်မာပြည်မှာ ပရိသတ်များအတွက် အကောင်းဆုံးရလဒ်ကို ယူဆောင်ပေး သွားမည်ဟု ကယန်းအမျိုးသမီး လက်ဝှေ့မယ်တစ်ဦးဖြစ်သည့် Bozhena Antoniyar က ပြောဆိုလိုက်သည်။

“ကိုယ်တိုင်လာပြီး အားမပေးနိုင်ပေမယ့်လည်း အဝေးကနေ အားပေးနေကြမယ့် ပရိသတ်တွေအတွက် အကောင်းဆုံးရလဒ်ကို ယူလာပေးပါမယ်လို့ ပြောချင်ပါတယ်” ဟု ၄င်းကဆိုသည်။

Read more

ဗဟိုအမျိုးသမီးညီလာခံကြိုဆို ခန္တီးခရိုင်ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပြည်သူ့ဆေးရုံရှိလူနာများအား အာဟာရကျွေးမွေးလှူဒါန်း

 

ခန္တီး အောက်တိုဘာ ၁

၂ဝ၁၈ခုနှစ် ဗဟိုအမျိုးသမီးညီလာခံကို ထောက်ခံကြိုဆိုသောအားဖြင့် ယမန်နေ့မွန်း လွဲ ၁၂ နာရီခွဲတွင် ခန္တီးခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးအောင်ချစ်လွင်၊အတွင်းရေးမှူး ဒေါ်သီတာခင်၊မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်မင်းဆွေ၊မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံဒေါ်မြင့်မြင့်ရွှေနှင့်ပါတီကော်မတီ ဝင်များလိုက်ပါ၍ ခရိုင်ပြည်သူ့ဆေးရုံကြီး မှ လူနာ ၃၈ ဦးအား ကြာဆံဟင်းခါးနှင့် ကိတ်မုန့်များကို အာဟာရဒါနကျွေးမွေးခဲ့ ကြောင်း သိရသည်။

Read more

ဗုဒ္ဓဂါယာဗုံးဖောက်ခွဲဖို့ ကြံစည်သူတွေ အိန္ဒိယအစိုးရ ဖမ်းဆီး

ဇန်န၀ါရီလတုန်းက ဗုဒ္ဓဂါယာအနီးမှာ ဗုံးဖောက်ခွဲဖို့ ကြံစည်ခဲ့မှုနဲ့ ဆက်နွယ်နေသူ ၂ ဦးကို အိန္ဒိယ အာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်ပြီ ဖြစ်ပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာတွေနဲ့ သွေးစည်း ညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ရော၊ အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ရော အဲဒီလို ဗုံးဖောက်ခွဲဖို့ စီစဉ်ခဲ့တာလို့ အိန္ဒိယ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ NIA က ပြောပါတယ်။

Read more

ကက်တလန်ခွဲထွက်ရေး ဆန္ဒပြလူအုပ်ကို ရဲက လူစုခွဲ

ဘာစီလိုနာ၊ အောက်တိုဘာ ၂

စပိန်နိုင်ငံမှ ကက်တလန်ဒေသ ခွဲထွက်ရေး ရာပေါင်းများစွာရှိတဲ့ ဆန္ဒပြလူအုပ်ကို အောက်တိုဘာ ၁ ရက်မှာ ရဲက လူစုခွဲလိုက်ရပါတယ်။

ဘာစီလိုနာမြို့က ပါလီမန်ရှေ့နဲ့ အမျိုးသားရဲဌာနချုပ် ရှေ့မှာ စုရုံးဆန္ဒပြကြသူတွေကို ရဲက လူစုခွဲလိုက်ရတာပဲ ဖြစ်ပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဇမ္ဗူသီရိမြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် အမျိုးသမီးညီလာခံ အကြို နှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားကို အပိုင်းသုံးပိုင်း ခွဲကျင်းပရာတွင် နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော်သီချင်း သံပြိုင်သီဆို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Read more

ဆေးပညာနိုဘယ်ဆု အမေရိကန် နဲ့ ဂျပန်ပညာရှင်တို့ ပူးတွဲရရှိ

စတော့ဟုမ်း၊ အောက်တိုဘာ ၁

ကိုယ်ခံစွမ်းအားစနစ်နဲ့ ပတ်သက်တဲ့ ပညာရှင်နှစ်ဦးဖြစ်သူ အမေရိကန်မှ ဂျိမ်းအဲလ်လက်ဆန်နဲ့ ဂျပန်မှ တာဆူကူဟွန်ဂျိုတို့ဟာ ၂၀၁၈ ဆေးပညာနိုဘယ်ဆုကို ပူးတွဲဆွတ်ခူးကြောင်း  အောက်တိုဘာ ၁ ရက်မှာ နိုဘယ်ဂျူရီလူကြီးမင်းများက ကြေညာပါတယ်။

ကင်ဆာကုထုံးနဲ့ ပတ်သက်ပြီး လုံးလုံးတော်လှန်ပြောင်းလဲတဲ့ သုတေသနလုပ်ဆောင်ချက်တွေကြောင့် ခုပညာရှင် နှစ်ဦးကို ဆုချီးမြှင့်ရခြင်းဖြစ်တယ်လို့ ဂျူရီအဖွဲ့က ဆိုပါတယ်။

Read more

ကန် ကာကွယ်ရေးဝန်ကြီး တရုတ်ခရီးစဉ် ဖျက်သိမ်း

အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ရဲ့ တရုတ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ပင်တာဂွန် အမေရိကန် စစ်ဌာနချုပ်က ကြေညာပါတယ်။ ဒါဟာ တရုတ်ကာကွယ်ရေးဝန်ကြီးဘက်က အဆင်မပြေတာကြောင့် ဖြစ်ကြောင်း ကာကွယ်ရေးဌာန အရာရှိတဦးက VOA ကို တနင်္လာနေ့မှာ ပြောပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကမာဝက်ကျေးရွာ၌ ရွာလုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူ

 

မော်လမြိုင် အောက်တိုဘာ ၁

မွန်ပြည်နယ် မုဒုံမြို့ကမာဝက်ကျေးရွာ၌ ယမန်နေ့နံနက် ၁၁ နာရီက မော်လမြိုင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ကမာဝက်မြို့သူ မြို့သားမြိုလုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သိရသည်။ မုဒုံမြို့နယ် ကမာဝက်ကျေးရွာ တွင် ရွာလုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ၊ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲသို့ မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးထွန်း မုဒုံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သက်တင်နှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များ စုစုပေါင်း ၂၅ဦးခန့်သည် ဆရာတော်သံဃာတော်၊ သီလရှင်အပါး ၃ဝဝဝ ကျော်အား ဆွမ်းဆန်စိမ်း တစ်တင်းခွဲအိတ် ၁၅ အိတ်လောင်းလှူခဲ့ ကြကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁

နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာန ချုပ်ကွန်ပျူတာ သင်တန်းခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်းအမှတ် စဉ်(၂)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီ ခွဲတွင် ကျင်းပခဲ့သည်။

Read more